Saturday, July 3, 2021

မိုတီ (ဥပမေယျဟီနဂုဏ်)

 


June 21, 2021
-----

မည်သည့်အရာကိုမှ လှေနံဓားထစ် အသေမမှတ်အပ်ပေ။ အရာရာကို ကာလဒေသအလျှောက် သင့်တင့်​အောင် ယူအပ်၏။

ဥပမာ. .. ... အကြောင်း အမျိုးမျိုး​ဖြင့် လူတို့ကို သေစေတတ်သည့် အဆိပ်ပင်ကြီးသည် ကာလကြာမြင့်စွာ ကြီးထွားရှင်သန်နေသည် ဆိုပါအံ့။ ထို အဆိပ်ပင်ကို အမြစ်ဖြတ် သုတ်သင်ရန် ကာလကြာမြင့်စွာသော ထပ်တူအချိန် ယူရမည်လော။ ထိုသို့ မဟုတ်ပေ။

ကာလကြာမြင့်စွာ အမြစ်တွယ်ခိုင်လာသည့် အဆိပ်ပင်ကို အမြစ်ဖြတ်ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသည်ဟု လူပြိန်းတို့ ထင်မှတ်ကြပေမည်။ အဆိပ်ပင်၏ ကြီးထွားရှင်သန်မှု ကာလ ကြာမြင့်သည်နှင့်အမျှ တွယ်ကုတ်နိုင်သည့် အမြစ်တို့၏ အားလည်း ခိုင်မာမည်​ ဖြစ်သောကြောင့် အဆိပ်ပင်ကို အမြစ်ဖြတ်ရန် ခက်လွန်းလိမ့်မည်ဟု ထင်ရန်ရှိသော်လည်း တစ်ထစ်ချ မမှတ်အပ်ပေ။ ကာလဒေသ အခြေအနေ အကြောင်းခြင်းရာ များစွာတို့ကြောင့် အခက်အခဲ မရှိဘဲ လျှပ်တစ်ပျက် အတွင်းမှာပင် အဆိပ်ပင် အမြစ်ပြတ်သွားနိုင်၏။ စိုးစဉ်းမျှသော ပယောဂ တစ်ခုကြောင့်ပင်လျှင် အဆိပ်ပင် ပြိုလဲပျက်စီး သွားနိုင်၏။ လေအား၊ ရေအား၊ လူအား စသည်များစွာ ဖျက်အားတကာတို့ အဆိပ်ပင်သို့ ကျရောက်လိုက်လျှင်ကား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ (ဘာပြောကောင်းမလဲ။)

နမူနာသစ်ပင်ကို ဓာတ်ပုံမှာ ရှူ။

Photo: အင်တာနက်

No comments:

Post a Comment