Sunday, June 20, 2021

ကွက်ကျော် ဆရာတော်

 June 2, 2021

_____
"ကရုဏာသီတလဟဒယံ . . .
ပညာပဇ္ဇောတ ဝိဟတ မောဟတမံ . . .
သနရာမရ လောကဂ္ဂရုံ . . .
ဝန္ဒေ သုဂတံ ဂတိဝိမုတ္တံ . . . ဟန် ဟန် ဟန် . . . "
"ဟဲ့ ဝိဇယ . . . စာမေးပွဲ ဖြေမယ့်ဟာ . . . စာမကျက်ဘူး။ နင့်ကိုနင် မင်းသားများ မှတ်နေလား။ မေးတွေတောင် ရိုက်လိုက်သေး။"
"စာမေးပွဲက ဏီပဲ ကျန်တာမို့ . . . ရပါတယ် ဘုရား။. ဒီနှစ် သေချာပေါက် ကျွတ်မှာပါ . . .။ စာမကျက်ချင်သေးလို့ တရားဟောဖို့ ကျင့်နေတာပါ ဘုရား။"
"အောင်မယ် . . . ကြီးကြီးကျယ်ကျယ်။ နင့် ဘယ်သူက တရားပွဲ ပင့်မှာမို့လဲ။"
"တိုင်းပြည် ပုံမှန်လည်ပတ်ရင် လာမှာပါ ဘုရား။ ဒီတစ်ချီတော့ . . . ဓမ္မာစရိယ ဘွဲ့လေးနဲ့ . . . . .။"
"အင်း . . . အကျော်အမော်တွေတောင် အသံမထွက်လို့ အပြောခံနေရတဲ့ ခေတ်။ နင်က ဓမ္မကထိကလုပ်ဖို့ စိတ်ကူးယဥ်နေသေးတယ်။ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်ရင်တောင် အရင်လို တရားပွဲတွေ ရှိပါ့အုံးမလား မပြောနိုင်သေးတဲ့ဟာ . . .။"
"ရှိမှာပါ ဘုရာ့။ ဘုရားလက်ထက်ကတည်းက . . . ဓမ္မကထိက ဧတဒဂ်တောင် ရှိခဲ့သေးတာ။ မတိမ်ကောနိုင်ပါဘူး။ ဗုဒ္ဓဘာသာတွေ သဒ္ဓါထက်ပြီးသားပါ။ လောလောဆယ် ဆရာတော်တွေ အသံမထွက်တာကလည်း . . . အေးအေးဆေးဆေး နေချင်လို့ပါ ဘုရား။ အန္တရာယ် ကင်းတာပေါ့။ ဒကာဒကာမတွေအပေါ် မေတ္တာရှိပြီးသားပါ။ ဟဲ ဟဲ။ ခုနေ အသံမထွက်လို့ မကျေနပ်တဲ့ ဒကာဒကာမတွေရှိလည်း . . . သူတို့က ဘာမှ အန္တရာယ် မပေးနိုင်ပါဘူး ဘုရား။ အချိန်တန်ရင် ပြေလည်သွားမှာပါ။ မကျေနပ်လို့ ဘာသာပြောင်းသွားလည်း ကျန်တဲ့လူကို ဟောရမှာပေါ့ ဘုရား။ ကိုယ့်ပရိသတ်နဲ့ကိုယ် အဆင်ပြေမှာပါ။ တပည့်တော်ကတော့ . . . အရှည်တွေးပြီး ကွက်ကျော် မြင်ထားပြီးသားပါ။ တစ်လ တစ်ပွဲလောက် ဟောရရင်ကို အိုင်ဖုန်းတွေ အိုင်ပက်တွေ . . . မှန်းထားတယ် ဘုရား။ မဟောတတ် မပြောတတ် . . . ဘုန်းကံနည်းတဲ့ သာမန် ဘုန်းဘုန်းလေးတွေကို သနားတယ် ဘုရား။"
"ဟဲ့။ အင်း . . . . .။"
 
- - - - - -
မှတ်ချက် - ကွက်ကျော်ဆရာတော်လေး ဥိးဝိဇယသည် တော်ကီညံ့သူ မဟုတ်သကဲ့သို့ ဘုန်းကံနည်းပါးသူလည်း ဟုတ်ဟန်မတူပါ။

No comments:

Post a Comment