June 14, 2021
=====
သူကြိုပြောထားတဲ့အတိုင်း ခွာချထားတဲ့စိတ်နဲ့ပဲ နားထောင်းခဲ့တယ်။ မူလကတည်းက အခွံထူမျိုး မဟုတ်တဲ့အတွက် ပြဿနာ မရှိခဲ့။ စိတ်ဝင်စားစရာ၊ တစ်နည်း ပြောရရင် အလေးထား စဥ်းစားသင့်တဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အယူအမြင် တစ်ခု။ မနေ့က နားထောင်ဖြစ်ခဲ့တဲ့ ကျားပေါက်ရဲ့ စကားပါ။ နာမည်ပေးထားတာက ဗရုတ်သုက္ခဗေဒ ထင်ပါတယ်။
လူနဲ့ ဘာသာရေးအကြောင်း စဥ်းစားစရာများစွာနဲ့ သူ့အယူအဆ၊ သူ့အတွေ့အကြုံ မျှဝေမှု။ သူက လွပ်လပ်စွာ ယုံကြည်လိုသူ။ သူ့ငယ်ဘဝ နိုင်ငံသား မှတ်ပုံတင်ရုံးမှာ ဘယ်ဘာသာ ကိုးကွယ်သလဲ အမေးခံရတော့ သူ့ကိုးကွယ်ရာဟာ မစ်ကီမောက်စ် ပါလို့ ဖြေခဲ့သတဲ့။ ဘယ်ဘာသာပါလို့ သူ မပြောချင်တာ။ ပြောစရာ မလိုဘူးလို့ သူယုံကြည်တာ။ သူ့မှတ်ပုံတင်ထဲမှာ ဘယ်ဘာသာကို ထည့်ခဲ့တာပဲ ဖြစ်ဖြစ် အဲ့ဒီအဖြစ်အပျက်၊ အဲ့ဒီအခြေအနေ အပေါ်မှာ သူ သုံးသပ်ပုံက စိတ်ဝင်စားစရာ။ အလေးအနက် အလေးထားပြီး စဥ်းစားစရာလည်း ဖြစ်နေတယ်။ တစ်ဦးတစ်ယောက်ရဲ့ ကိုးကွယ်ရာ ဘာသာကို ထုတ်ပြောဖို့ လိုသလားလို့ သူ မေးခွန်းထုတ်တယ်။ စိတ်ထဲက ယုံကြည်ရတဲ့ ဘာသာရေးကိစ္စ (ဗုဒ္ဓဘာသာတွေ အနေနဲ့ဆိုရင် နှလုံးသားမှာ ဘုရားတည်တာမျိုး) ကို နိုင်ငံသား မှတ်ပုံတင်ထဲမှာ ထည့်တာဟာ ခွဲခြားမှု တစ်ခုပဲလို့ သူ မြင်ပုံရတယ်။ သွေးခွဲအုပ်ချုပ်ရေးရဲ့ ရေသောက်မြစ် တစ်ခုလို့ မှတ်ချက်ချလိုပုံရတယ်။ နည်းနည်းတော့ မြင့်သလိုပဲ။ (သူပြောပြတဲ့ စိတ်ဝင်စားစရာ ဘာသာရေး အကြောင်းအရာတွေ ကျန်ပါသေးတယ်။)
အားလုံးအကုန် သွေးစည်းထားပြီး ဘာသာရေးပြဿနာ မတက်ဖို့ သတိထားနေကြရချိန်မှာ လွတ်လပ်စွာ၊ ရိုးရှင်းစွာ၊ စူးစူးရှရှ၊ ထိထိမိမိ မျှဝေလိုက်တဲ့ လူငယ်တစ်ယောက်ရဲ့ အခွံကွာကြောင်း ဘာသာရေး ဟောပြောချက်တစ်ခုလို့ ဆိုချင်ပါတယ်။ အဖွင့်စိတ်နဲ့ နားထောင်နိုင်မယ် ဆိုရင် . . . ညွှန်းချင်ပါတယ်။ အပြည့်အစုံကို သက်ဆိုင်ရာ တစ်နေရာရာမှာ နားထောင်နိုင်မယ်ဆိုရင် . . . . .
No comments:
Post a Comment