Mar 16, 2021
-----
သက်ဆိုင်ရာ ဘိုးဘွားမိဘတွေဆီက ရရှိလိုက်ကြတဲ့ သွေးသားအမွေအဖြစ် မြတ်နိုးချင် မြတ်နိုးပါ။ သက်ဆိုင်ရာ တရားဓမ္မရဲ့ အဆုံးအမတွေကြောင့်ဆိုပြီး ကြိုက်ရာတံဆိပ် ကပ်ချင်လည်း ကပ်ပါ။ သေချာတာက . . . ပွင့်လင်းတဲ့ ကမ္ဘာ့သင်္ခန်းစာတွေ မသင်ယူရခင် ကတည်းက နှလုံးသားတွေ အများစုက ဖြူစင်ရဲရင့်ကြပြီးသားပါ။ လူလည်ရိုင်းကြီးတွေ သူတို့လိုရာ ထောက်တိုင်ပြုနိုင်ဖို့ နယ်ပယ်စုံက အလွှာစုံကို မျိုးဆက်များစွာ နည်းမျိုးစုံနဲ့ ဖျက်ဆီးပြီး အနင်းခံ ခုတုံးတွေ အဆင့်ဆင့် လုပ်ထားလိုက်တာတောင် ယနေ့ထိတိုင် ဖြူစင်ရဲရင့်နိုင်ဆဲ နှလုံးသားတွေပါ။ အရေခြုံ အဖုံးအကာတွေ တစ်လွှာချင်း ကွာကျလာပြီး ပကတိ ဖြူစင်ခွင့်၊ အမှန်အတိုင်း ရိုးသားခွင့်၊ လွတ်လပ်စွာ ရဲရင့်ခွင့်တွေ အပြည့်အဝ ရကြတော့မယ့် အချိုးအကွေ့ ရောက်နေပါပြီ။ ဖြူစင်ရဲရင့်ခွင့် မရယူနိုင်ကြသေးတဲ့ စုန်းပြူတွေ ကျွတ်တမ်းဝင်ဖို့တောင် လက်တစ်လုံးစာလောက် အချိန်ကျန်ပါသေးတယ်။ အဟတွေ စေ့ဖို့ နိုးထကြလော့။
No comments:
Post a Comment