Sunday, March 21, 2021

ထုတ်ပြန်ကြေငြာချက်

 Mar 16, 2021


-----
သူကိုယ်တိုင်ကျ တစ်ခါမှ ဘုရားဝတ်တက် မလိုက်ဘဲ ကျွန်ုပ်တို့ ကိုရင်များ ဘုရားဝတ်တက် တစ်ခါ မလိုက်လျှင် သဲဒဏ် ရေဒဏ် အခေါက် ငါးဆယ်စီ အမြဲမပြတ် ဒဏ်ချလေ့ရှိသော၊ သူ့အိပ်ယာတွေ ရှုပ်ပွေနေသည်ကို ကျွန်ုပ်တို့ ကိုရင်များက ဘာမှ မစွက်ဘက်ပါဘဲ ကျွန်ုပ်တို့ ကိုရင်များ အိပ်ယာမသိမ်းလျှင် ချာချာလည်၍ နားအူအောင် နားရင်းတီးတတ်သော၊ ကျောင်းတိုက်ရှိ ပရဟိတ အခမဲ့ ဆေးပေးခန်းကို ဦးဆောင်နေသည် ဆိုသော်လည်း ကျွန်ုပ်တို့ ကိုရင်များ၏ ဦးခေါင်းတော်တို့မှ ဒက်များ သက်သာပျောက်ကင်းအောင် လုံးဝ (လုံးဝ) ဆေးဝါးကုသမှု မပေးသော၊ ကျွန်ုပ်တို့ ကိုရင်များအားလုံး မချစ်လှစွာသော ကမ္ဘာ့သာသနာပြု ဆရာတော် နိုင်ငံကျော် ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ စစ်ကောင်စီ ထောက်ခံသူ ဒေါက်တာ ဦးစန္ဒနာလင်္ကာရာဘိဝံသ (နိုင်ငံခြား PhD)ကို CRPH ဦးဆောင်သည့် ဖက်ဒရယ်တပ်မတော်က လိုအပ်မည် ဆိုပါက အချိန်မရွေး လူဝတ်လဲခိုင်းပြီး စစ်ထဲထည့်လိုက်မည် ဖြစ်ပါ‌ကြောင်း နှင့် ကျွန်ုပ်တို့ ဆွမ်းခံတန်းမှ ရရှိစုဆောင်းထားသည့် ယမ်ယမ်ထုပ်များ၊ ကွေကာထုပ်များ နှင့် မုန့်ခြောက်မျိုးစုံတို့ကိုပါ ရိက္ခာအဖြစ် ပေးလှူလိုက်မည် ဖြစ်ပါကြောင်း ဒကာကြီး ဒကာမကြီးများ အားလုံး သိရှိနိုင်ကြစေရန် ထုတ်ပြန် ကြေငြာအပ်ပါသည်။
ပုံ
ခိုင်းဖတ် ကိုရင်များ သမဂ္ဂ

No comments:

Post a Comment