Sunday, March 21, 2021

မျိုသိပ် ထားခဲ့ရသမျှ . . .

Mar 6, 2021

------
"ဆရာတော်ဘုရား . . . တပည့်တော် CDM ဝင်တော့မယ် ဘုရာ့။"
"ဟဲ့ ဝိဇယ နင် ရူးနေလား။ ဝန်ထမ်းတွေပဲ CDM ဝင်ရတာ . . . နင်က ဘာလုပ်မှာလဲ။"
"အစိုးရဝန်ထမ်းမှ ဝင်လို့ရတာ မဟုတ်ပါဘူး . . .။ တပည့်တော်လည်း သာသနာ့ဝန်ထမ်းပဲ။ ဘာပဲဖြစ်ဖြစ် . . . ဝင်မှာပဲ ဘုရား။"
"နင့်မှာ ဘာရုံးကိစ္စ ရှိလို့လဲ။"
"ရုံးကိစ္စ မရှိပေမယ့် . . . အစိုးရက ဆွမ်းစားပင့်ရင် ငြင်းလို့ရတယ် ဘုရား။ မတည်ငွေ ဘယ်လောက်များများ . . . တရားပွဲ ပင့်ရင်လည်း မဟောဘူး။ အစိုးရရဲ့ . . . မင်းပွဲစိုးပွဲ မှန်သမျှ မလိုက်ဘူး ဘုရား။"
"အောင်မယ် . . . ကြီးကြီးကျယ်ကျယ် . . .။ ဘယ်အစိုးရက နင့်ကို . . . ဘယ်တုန်းက အ‌ရေးလုပ်ပြီး . . . ဘာပွဲ ပင့်ဖူးလို့လဲ။"
"တစ်ခါမှ မပင့်လို့ကို အမြင်ကပ်နေတာ . . .။ ရင်ဘတ်ကြီးထဲမှာ ဒဏ်ရာတွေ အပြည့်ပဲ . . .။ ဒီတစ်ခါတော့ ချပြီ ဘုရား။ CDM ပဲ။"

No comments:

Post a Comment