Feb 16, 2021
"ရေခဲဟာ အေးပါသလား။"
"ရေခဲ အေးတယ်လည်း မပြောဘူး၊ ပူတယ်လည်း မပြောဘူး။ ရေခဲရဲ့ အေးခြင်း ပူခြင်းနဲ့ ပတ်သက်လို့ . . . ကျွန်တော်လည်း စာအုပ်ပြန်ကြည့်ရပါမယ် . . .။ ဒါပါပဲ။"
"လူကြီးမင်းအနေနဲ့ ဗိုက်ဆာနေတယ် ဆိုပါစို့။ လူကြီးမင်းရဲ့ရှေ့မှာ အသင့်ပြင်ထားတဲ့ ဟင်းမျိုးစုံနဲ့ ထမင်းပွဲကြီးလည်း ရှိနေမယ်၊ အဲ့ဒါကို လူကြီးမင်းကလွဲလို့ စားမယ့်သူလည်း မရှိဘူးဆိုရင် လူကြီးမင်း အနေနဲ့ ထမင်းစားမှာလား၊ မစားဘူးလား။"
"ဗိုက်ဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ . . . ထမင်းစားခြင်း မစားခြင်းက ပုဂ္ဂလိက ရွေးခြယ်မှုပါ။ စားမယ်လည်း မပြောဘူး။ မစားဘူးလည်း မပြောဘူး။ စားမလား၊ မစားဘူးလား ဆိုတာ . . . ဥဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ။"
"CDM လုပ်တဲ့ ဝန်းထမ်းတွေကို ခြိမ်းခြောက်တာ၊ အတင်းအကြပ် ဖိအားပေးတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ဘာပြောလိုပါသလဲ။ တစ်ဆက်တည်း မေးချင်တာက . . . CDM မလုပ်ဘဲ ရုံးဆက်တက်ပြီး တာဝန်ကျေတဲ့ ဝန်ထမ်းတွေကို လစာနှစ်ဆ တိုးမယ်ဆိုတာရော ဟုတ်ပါသလား။"
"ဟုတ်ပါတယ်။ လစာ နှစ်ဆ ကချင်မှ ကပါလိမ့်မယ်။ လေးငါးခြောက်ဆထိ တိုးနိုင်ပါတယ်။ ဆယ်ဆ . . . အဆတစ်ရာ . . . အဆများစွာ တိုးနိုင်ပါတယ်။ လစာတိုးရုံးတင် မကပါဘူး။ ရာထူးပါ တိုးအုံးမှာပါ။ ဝန်ထမ်းဆိုတာ ကျွန်တော်တို့ရဲ ထောက်တိုင်တွေပါ။ သူတို့ကို ချော့နိုင် ခြောက်နိုင် မြှောက်နိုင်ဖို့ လိုပါတယ်။ တကယ်တော့ . . . ဝန်ထမ်းတွေဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ သူတို့နဲ့ ဝေစားမျှစား မလုပ်ရင် ကျွန်တော်တို့ ဘယ်လိုလုပ် သက်ဆိုးရှည်နိုင်မှာလဲ။ ကျွန်တော်တို့ဟာ ကျေးဇူးကန်းတတ်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ညအိပ်ယာဝင်တိုင်း ဝန်ထမ်းတွေကို အာရုံပြု ရှိခိုးပြီးမှ အိပ်တာပါ။ ကျွန်တော်တို့ ဉီးထိပ်ထားတာဟာ . . . ဝန်းထမ်းတွေက ပထမ၊ ဘုရား တရား သံဃာက ဒုတိယပါ။ ဒါပေမယ့် . . . ကျွန်တော်တို့ စေတနာကို နားမလည်တဲ့ အကျင့်ပျက် ဝန်ထမ်းတွေတော့ အထိနာပါလိမ့်မယ်။ ရှင်းရှင်းပြောမယ်ဗျာ . . . ကျွန်တော်တို့ အဝိစိသွားရင်တောင် သူတို့ပါ ဆွဲခေါ်သွားမှာပါ။ နောက်တစ်ခု . . . CDM လုပ်တဲ့ ဝန်းထမ်းတွေကို ခြိမ်းခြောက်တာ၊ အတင်းအကြပ် ဖိအားပေးတာတွေ လုံးဝ မရှိပါဘူး။ ကောလဟလတွေကို မယုံကြပါနဲ့။ မိန်းမလို မိန်းမရ စကားတွေ လုံးဝ မကြားချင်ဘူး။ (ပြောပဲ ပြောချင်တာပါ။)"
"ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ဘယ်လောက်ထိ အာမခံ ပေးနိုင်ပါသလဲ။"
"ပြည်သူတွေမှာ လွပ်လပ်မှု အပြည့်ရှိပါတယ်။ လွတ်လပ်စွာ ဆန္ဒပြတဲ့ နေရာမှာ အပြန်အလှန် လေးစားမှု ရှိဖို့တော့ လိုပါတယ်။ ဆန္ဒပြရင်းနဲ့ ရဲတွေ၊ စစ်သားတွေကို ပန်းပေးတာ၊ ရေဗူးပေးတာ . . .၊ ကုန်းပြီး ရှိခိုးတာတွေ လုပ်လာလို့ . . . လုံခြုံရေးအရ ပစ်သတ်မိရင် . . . ကျွန်တော်တို့က ဉပဒေအရ ဆောင်ရွက်ရုံပဲ ရှိပါတော့တယ်။ ဉပဒေအထက် ဘယ်သူမှ မရှိပါဘူး။ ဥပဒေက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိပါတယ်။"
"နောက်ဆုံး မေးခွန်းပါ။ လက်ရှိအခြေအနေကနေ သွားကြရမယ့် နိုင်ငံရေး ဉီးတည်ချက်က . . . ဘယ်ဆီကို ဘယ်လို သွားမှာပါလဲ။"
"အချုပ်ပြောရရင် . . . ကျွန်တော်တို့ ကောင်းစာရေးပါပဲ။ တစ်နိုင်ငံလုံး အမှုန့်ကြိတ်ပြီး ရောင်းသင့်ရင်လည်း ရောင်းမှာပါ။ ဘာမဆို လုပ်ရဲပါတယ်။"
ရှင်အာစာရ
No comments:
Post a Comment