Sunday, March 21, 2021

သစ္စာခူးလက်များ

 Feb 19, 2021


ဆရာတော်ဘုရားကြီးကိုတောင် အလွန်အကျွံ မပြစ်မတင်ရက်။ သူလည်း ပုထုဇဉ်ပဲ ထင်ပါရဲ့။ အမှန်တရား ခူးဆွတ်တဲ့ သတ္တိတွေက တူကြတာ မဟုတ်ဘူး။
အားကိုးရာရှာသူ လူအသီးသီးလည်း ပုထုဇဉ်တွေပဲကိုး။ ဘုရားရှင် ရှိ‌တော်မူရင်တောင် လူတွေလူတွေ တစ်ယောက်စီတိုင်းက ကယ်တော်မူပါဘုရား ဟစ်အော်တောင်းဆို ကြည်ညိုကြအုံးမှာ။ အမှန်တရား ခူးဆွတ်တဲ့ သတ္တိတွေက တူကြတာ မဟုတ်ဘူး။
သက်တော်ထင်ရှား မြတ်ဘုရားရဲ့ ဗျာဒိတ်သံ နားနဲ့မှန်းဖို့ ခက်လေစွ။
သစ္စာခူးလက် တစ်ချောင်းကတော့
"ငါတို့ဟာ နိုင်မြင်းကို ​ရွေး​​လောင်းသူ​တွေ မဟုတ်၊ ကိုယ်တိုင်ပန်းဝင်တဲ့ နိုင်မြင်းအဖြစ် ကိုယ်တိုင် ကဆုန်စိုင်း​ပြေး​နေကြတာ" တဲ့။
သူတို့သူတို့ စက်ခေါင်းတိုင်းဟာ တွန်းကျူးသံ အသီးသီးနဲ့။
တေးတစ်ပုဒ်ကို သံစဉ်မျိုးစုံ ဆိုကြတယ်။
အမှန်တရား ခူးဆွတ်တဲ့ သတ္တိတွေက တူကြတာ မဟုတ်ဘူး။
 
🙂
ရှင်အာစာရ

No comments:

Post a Comment