Feb 12, 2021
"မင်းကြီးများ . . ."
"ဘုရား . . . . ."
"ငါကိုယ်တော် ရှင်မြတ်ရဲ့ နေပြည်တော်ကြီးမှာ ဒီလောက်တောင်ကြီး ဆူပူသောင်းကျန်းပြီး မင်းမဲ့စရိုက် ပြုကျင့်နေကြတာ မကြားသိကြဘူးလားဟဲ့။"
"ကြားသိကြကြောင်းပါ ဘုရား။ နေပြည်တော်ကြီး အေးချမ်းသာယာ ဝပြောရေးအတွက် ဆူပူသောင်းကျန်းမှုတွေကို အတတ်နိုင်ဆုံး နှိမ်းနှင်းနေကြကြောင်းပါ ဘုရား။ သို့သော်ငြားလည်း အမှုထမ်း အရာထမ်း တစ်ယောက်စ နှစ်ယောက်စ ပုန်ကန်ခြားနား သွားပါသဖြင့် အမှုအခင်း ဖြေရှင်းနှိမ်နှင်းရေး အပါအဝင် လည်ပတ်မှု ယန္တရားတစ်ချို့ အနည်းငယ် ထိပါးမှု ရှိနေကြောင်းပါ ဘုရား။"
"သို့ကလိုဖြင့် . . . ဆူပူမှု တိုက်ဖျက်နှိမ်နှင်းရေး လုပ်ငန်းများအတွက် နေ့စားတွေ မငှားကြဘူးလား ဟဲ့။"
"မှန်လှပါ . . . ဘုရား . . . ဘဏ္ဍာထိန်းများ အမှုတော် မထမ်းကြပါသဖြင့် ဘဏ္ဍာတိုက်များ ပိတ်ထားရပြီး ငွေကြေးရိက္ခာ ထုတ်မရပါသောကြောင့် နေ့စား ငှားရမ်းရေးမှာလည်း အခက်ကြုံနေရကြောင်းပါ ဘုရား။"
"အလို . . . ဘုရား ဘုရား . . .။ တော် တန် တိတ်။ အမိန့်တော်မှတ်မယ်။ အမိန့်တော် နာခံ . . . . .။ မင်းကြီးများတို့ . . . သတ်စေ . . . ဗျား။"
"ဘယ်သူဘယ်ဝါကို ဘယ်ပုံဘယ်နည်းနဲ့ သတ်ရပါမည့်အကြောင်း မိန့်တော်မူပါ ဘုရား။"
"မောင်မင်းတို့ . . . လျော်ရာနည်းဖြင့်သာ ငါကိုယ်တော်ရှင်မြတ်ကို သတ်စေ ဗျား။"
"ငှင့်"
ရှင်အာစာရ
(တင်းကြပ်မှု များလွန်းလျှင် ရူးတတ်ပါသောကြောင့် ကျန်းမာရေးအတွက် မကြာမကြာ ဖြေလျှော့တော်မူကြပါရန်)
မှတ်ချက် -
တာဝန်သိ၍ တာဝန်ကျေသော ပြည်သူများ နှင့် ပြည်သူ့ဝန်ထမ်းများကို ဤစာစုဖြင့် ဂုဏ်ပြုပါ၏။
ဤမှန်သော သစ္စာစကားကြောင့် . . . . .။
No comments:
Post a Comment