Feb 11, 2021
ဦးကြည်မောင်သန်းရေ . . . ဒါ ပုံပြင်ပြောနေကြတာ မဟုတ်ဘူးဗျ။ ဒဏ္ဍာရီတစ်ခု ထုဆစ်နေကြတာလည်း မဟုတ်ဘူး။ ရာဇဝင် တင်လောက်တဲ့ တော်ဝင်မျိုးနွယ်တွေလည်း မဟုတ်ကြဘူး။ အေးချမ်းတဲ့ ပြည်သူတွေပါ။ ဆရာစံ ရေးခဲ့တဲ့ သမိုင်းကို ဆက်ရေးနေကြတဲ့ ပြည်သူတွေပါ။ သွေးချောင်းထဲမှာ မနစ်မွန်းကြဖို့ အသိစိတ် ဉာဏ်တံတားနဲ့ အလင်းခေတ်ဆီ ချီနေကြတာပါ။ နောက်ဆုံးမျိုးဆက်နဲ့ ချိတ်ငြိနေတဲ့ ကျုပ်တို့မှာလည်း လယ်တီဒီပနီ ကျမ်းစာတွေထဲ ဇောမသက်နိုင်သေးပြန်ဘူး။ ဒီတော့ကား . . . ဆိုပြီး . . . သာသနာရေး အတွက်တော့ အစွန်းရောက်စွာ စိတ်မပူလိုက်ပါနဲ့။ ကျုပ်တို့တွေ ရဟန်းစိတ် မပျောက်သရွေ့ ဒီကျမ်းစာတွေ မကွယ်ပါဘူး။ လောလောဆယ်လား။ ကိုရင်တွေ သံပုံးတီးနေကြလေရဲ့။
(အာစာရနီတိ - ၈း၈၊ ၁၁-၀၂-၂၁)
No comments:
Post a Comment