Sunday, March 21, 2021

ထမင်းမေ့ ဟင်းမေ့

 Mar 8, 2021


-----
တိမ်ပြာပြာ နေ့တစ်နေ့ . . .
"သားတို့ ဂျင်းဇီတွေ . . . လန်းတယ်ဗျာ။ လန်ထွက်နေတာပဲ။ မနက်ဖြန် မေမေရော လိုက်ခဲ့ပါ့လား။ အမှန်တရားဘက်မှာ ငါတို့ ရပ်တည် . . . ဒန် ဒန့် ဒန့် ဒန် . . . ဒါ ဒါ့ ဒိ ဒါ . . .။"
"ဟဲ့ ငါက လိုက်စရာလား။ နင်တို့စားဖို့ လုပ်ရအုံးမှာ။ ကဲ . . . ရေချိုးလေဟယ်။ ထမင်းစားတော့။"
"ထမင်းတောင် မေ့နေတာ မေမေရာ . . .။ သားတို့ အနာဂတ် တောက်ပဖို့ သေချာနေပြီ ဗျ။"
"အေး . . . တောက်ပ တောက်ပ။ ထမင်းမစားဘဲနဲ့ကို တောက်ပ။ ဟုတ်တယ် . . .။ ဟဲ့ လာ။ ထမင်းမစားသေးရင် ဘုန်းဘုန်းကျောင်း ဆွမ်းချိုင့် သွားပို့စမ်း။ ဘုရားစင်ရှေ့မှာ။"
-----
"‌ဒေါက် ဒေါက် ‌ဒေါက်"
"ဟေ့ ဘယ်သူလဲကွ။"
"ဘုန်းဘုန်း . . . သားပါ ဘုရာ့။ ဆွမ်းချိုင့် လာပို့တာ . . ."
"အုန်း။ ဒိုင်း။ ဂွမ်း။ ချလွမ်။"
"သွားကြကွာ။ ဘယ်သူမှ မလာခဲ့ကြနဲ့။ ဘာဆွမ်းမှလည်း မစားဘူး။"
"ဒုန်း။ ဒိန်း။ ဖောင်း။ ထိုင်း။ ဂျိန်း။ ဂလု"
"ဟွန်း။ ဟုတ်တယ် . . .။ မင်းတို့ဆန္ဒပြတာနဲ့ ငါဟာငါ ဘွဲ့ယူတာ ဘာဆိုင်လို့လဲ။ တော်တော် ဦးနှောက် မရှိတဲ့ကောင်တွေ။ အေးအေးကို မနေရဘူး။ ငါ့မှာ ဒီဘွဲ့ရဖို့ လုပ်ထားလိုက်ရတာ . . .။"
"ဝုန်း။ ခလွမ်း။"
"ငှင့်"
(ဆက်ရန် . . . . .)

No comments:

Post a Comment