အိပ်ပြန်ယူဖို့ လက်မှတ်လေးတွေ ရှိမေပယ့် လူနဲ့ တစ်ခြားစီ ဖြစ်သွားတဲ့ အိပ်အတွက် နည်းနည်းတော့ စိတ်ကသိကအောင့် ဖြစ်တာပေါ့။ ရှိသမျှ ပရိက္ခရာစုံက အိပ်ထဲ ပါသွားတာကိုး။
သူတို့က စည်းစနစ် ရှိသူတွေမို့ စိတ်ပူစရာတော့ မလိုပါဘူး။ ဒါ့ပြင် သူတို့အတွက် ဒါမျိုးက ရိုးနေပြီ။ သူတို့က အိပ်တွေအတွက် အတွေ့အကြုံအရ စနစ်တကျ စီစဉ်ထားကြတာကိုး။ လေကြောင်းလိုင်း အားလုံးရဲ့ အိပ်ဌာနတွေ လေယာဉ်ကွင်းတိုင်းမှာ ရှိနေတယ်။ လွဲချော်မှုတွေကို ကူညီဖို့။
နောက်နေ့မနက် လေယာဉ်နဲ့ လိုက်ခဲ့ရတဲ့ လူက အိပ်ထက် တစ်ညနောက်ကျပြီး ရောက်ခဲ့ပေမယ့် လေယာဉ်ဆိုက်လို့ ဖုန်းဖွင့်လိုက်တာနဲ့ ဖုန်းမက်ဆေ့ဂျ် ဝင်လာတယ်။ အိပ်တွေ ရောက်နှင့်နေပါပြီ၊ အိပ်ဌာနမှာ လာယူပါလို့ အကြောင်းကြားတဲ့ စာ။ စာထဲမှာ အိပ်ယူရင် ပြရမယ့် ဂဏန်းလေးတွေ ပါတယ်။ ဒီလိုမျိုး လိုအပ်ရင်သုံးဖို့ လေယာဉ်လက်မှတ် ဖြတ်တုန်းက ဖုန်းနံပါတ် ပေးရတာ။
ဂဏန်းလေးတွေပြပြီး အိပ်ပြန်ယူရတာက ပုံမှန်ထက်တောင် မြန်သေးတယ်။ ပုံမှန်ဆိုရင် လည်နေတဲ့ ခါးပတ်ကြီးပေါ်မှာ ကိုယ့်အိပ် ပေါ်လာအောင် စောင့်ရသေးတာ။ ခုဟာကတော့ ချက်ချင်း ယူရုံပဲ။ ဆယ်ပေ - ပေနှစ်ဆယ်လောက်ကျယ်တဲ့ ရုံးခန်းလေးထဲမှာ ရုံးထိုင်တဲ့ ဝန်ထမ်းသုံးယောက်က ကွန်ပျူတာနဲ့ . . . . .။ ပိုင်ရှင်နဲ့ လွဲချော်ခဲ့တဲ့ အိပ်တွေ အစိတ်သုံးဆယ်လောက် ရုံးထဲမှာ ရှိနေတယ်။ ပိုင်ရှင်ကို ကြိုနေကြလေရဲ့။
:)
ရှင်အာစာရ


No comments:
Post a Comment