Monday, August 28, 2017

ကန် - လူ၊ အခွန် နှင့် လုံခြုံရေး


 "ဒီအစိုးရက အခွန်ကောက် စားတာပဲ။ အရင်းရှင်ခေါ်ခေါ်၊ ဒီမိုကရေစီခေါ်ခေါ်။ နာမည်တွေတော့ နားမလည်ဘူး။ ပြည်သူအတွက် ပြန်လုပ်ပေးတာလည်း အခွန်နဲ့ ပြန်လုပ်ပေးရတာလေ။ အစိုးရမှာ စီးပွားရေးလုပ်ငန်းမှ မရှိတာ။"

"ဘယ်သူလာလာ လာခဲ့။ အင်မီဂရေးရှင်းကနေ လာခဲ့။ လာလေ။ အလုပ်လုပ်။ အလုပ်လုပ်ပြီး အစိုးရကို အခွန်ဆောင်။ ဒါပဲ။"

"ဒီမှာ အလုပ်မလုပ်ချင်ရင် ကလေးမွေးစားလို့တောင် ရတယ်။ ဟား ဟား ဟား။ ကလေးတစ်ယောက် မွေးရင် လူမှုဖူလုံရေး . . . တစ်လ ကိုးရာ။ မြန်မာငွေ ဆယ်သိန်းလောက် ရတာ။ ကလေးလစာ စားနေတဲ့သူတွေ ရှိတာပဲ။ ကလေးအမေ အလုပ်မလုပ်နိုင်တော့ ပေးနေရတာပေါ့။ လူတွေကလည်း . . . သိက္ခာရှိရှိ ကိုယ့်အလုပ်နဲ့ကိုယ် လုပ်ကြပါတယ်။ ကလေးတွေတင် မဟုတ်ဘူး။ လူကြီးတွေ၊ မသန်စွမ်းသူတွေကိုလည်း ငဲ့ပါတယ်။ ကားတွေ၊ ရထားတွေ၊ လမ်းတွေမှာ သူတို့အတွက် . . . အခွင့်အရေးတွေ ပေးထားတယ်။"

"ဒီမှာ အဖြူအမဲ ခွဲခြားတယ် ဆိုတာကလည်း များသောအားဖြင့် တောသားတွေပါ။ နယူးယောက်မှာတော့ ခွဲလို့ မရဘူးလေ။ လူမျိုးစုံပဲ။ နိုင်ငံပေါင်းစုံကလာပြီး . . . မွေးကတည်းက အတူနေကြ၊ အတူကျောင်းတက်ကြ၊ အတူသွား အတူလာ။ မိတ်ဆွေဖွဲ့ကြ၊ ချစ်ကြကြိုက်က၊ အိမ်ထောင်ပြုကြ။ လူမျိုးစုံကို စနစ်က မွှေထည့်လိုက်တာ။ ဘာခံနိုင်မလဲ။ ဒါပဲလေ။"

"နိုင်ငံသားက နိုင်ငံသား အခွင့်အရေးနဲ့။ ဧည့်သည်လည်း ဧည်သည်အခွင့်အရေးနဲ့။ ဒုက္ခသည်လည်း လက်ခံရတာပေါ့။ လူတွေပဲလေ။ ဒီကဥပဒေကိုတော့ လိုက်နာရတာပေါ့။"

"တရားမဝင် ဝင်လာရင်တော့ တွေ့လား ကမ်းခြေစောင့် စစ်သားတွေ ဘုတ်နဲ့ အမြဲ ပတ်နေတယ်။ အရေးအခင်းရှိမှ လာတာမဟုတ်ဘူး။ ဟား ဟား ဟား။ အမြဲ လှည့်နေတာ။ စက်သေနပ်ပါတယ်။"

"ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း။ အကုန်လုံနေတာ။ ဒီကြားထဲကမှ ခိုးဝင်ပြီး ခိုးနေချင်လည်း နေလေ။ သိတဲ့အချိန် ပြန်ပို့လိုက်တာပါပဲ။"
:)
ရှင်အာစာရ
(ဧဝံ မေ သုတံ)

No comments:

Post a Comment