(27Aug17)
အလိုတော်ပြည့် ဗုဒ္ဓဓမ္မရိပ်သာကျောင်းရောက်တော့ ညဆယ်နာရီခွဲပြီ။ အရေးပေါ်ညအတွက် ကျောခင်းဖို့ နေရာ ရပြီ။ ဒါတောင် လေဆိပ်မှာ ထိုင်လိုက်ထလိုက်၊ လမ်းလျှောက်လိုက်၊ ဖုန်းပွတ်လိုက်နဲ့ ရှစ်နာရီ ကိုးနာရီလောက် ကြာခဲ့သေးတယ်။
ဆိုးလိုက်တဲ့ မျက်လုံးကလည်း လေဆိပ်မှာ ညအိပ်မယ်ဆိုမှ တစ်ညတာအတွက် အရှည်တွေးပြီး ခုံပေါ်မှာ မှေးကနဲ မှေးကနဲ။ နေမဝင်ခင်ကတည်းက အိပ်ချင်နေတော့တာ။ တစ်ညလုံး ဒီအတိုင်း ဖြစ်ပါ့မလား။ အိပ်စရာရှာကြတယ်။ လေဆိပ်မှာ Lounges ရှိတယ်တဲ့။ မေးကြည့်တော့ တည်းခိုခ ငွေသားလက်မခံဘူး တဲ့။ ဟိုတယ်တွေကလည်း ခရက်ဒစ်ကဒ် ရှိမှ ရတာတဲ့။
လေယာဉ် အဝင်မရှိတော့တဲ့ ဂိတ်တွေ ပိတ်ကုန်ပြီ။ လူလည်း ကျဲသွားပြီ။ တစ်ချို့က ခုံပေါ်မှာ၊ တစ်ချို့က ကြမ်းပြင်မှာ။ တကယ် အိပ်သူက အိပ်။ ခဏ မှီပြီး မှေးသူက မှေး။ တစ်ချို့က ရည်ရွယ်ချက်နဲ့ လာတာ။ ခေါင်းအုံး ပါကြတယ်။ ကုတ်ပေါ်ကနေ ခွပြီးစွပ်ရတဲ့ ခေါင်းအုံးကွေးရော၊ နှစ်ပေ-သုံးပေလောက် ရှိတဲ့ ပုံမှန် ခေါင်းအုံးကြီးတွေရော။ တစ်ချို့က ကုလားထိုင်းပေါ်ထိုင်ပြီး စားပွဲပေါ်မှာ မှောက်အိပ်ကြတယ်။ တစ်ယောက်ကတော့ ကျောပိုးအိပ်ကို ခေါင်းအုံးပြီး ကြမ်းပြင်မှာ အိပ်နေတယ်။ ဒီတစ်ညတော့ အများနည်းတူ ခုံပေါ်မှာပဲ ဖြစ်သလို အိပ်ကြဖို့ ဆုံးဖြတ်ပြီးမှ . . . နောက်ဆုံးမှာ အဆင့်ဆင့် ချိတ်ဆက်မိသွားလို့ တော်သေးရဲ့။
လေဆိပ် ခုံပေါ်မှာ အိပ်ရမယ့် အခြေအနေကို ကယ်လီဖိုးနီးယား ဖရီးမောင့်က မေတ္တာနန္ဒဝိဟာရကျောင်းမှာ ရောက်နေတဲ့ ဓမ္မဂင်္ဂါက အွန်းလိုင်းကနေ သိသွားပြီး မေတ္တာနန္ဒကျောင်း ဆရာတော် ဦးဓမ္မပီယနဲ့ . . . စကားစပ်မိရင်း . . . အဲ့ဒီကနေမှ . . . အားလုံးက သနားသွားကြဟန် တူပါတယ်။ ဖှီးနစ် အလိုတော်ပြည့်ကျောင်းက ဆရာတော် ဦးကေလာသဆီက ဖုန်းလာတယ်။ အကျိုးအကြောင်း ပြောပြပြီး . . . သူပဲ လေဆိပ်လာခေါ်တယ်။ ဦးကေလာသ ဆိုတာက ဆရာတော် ဦးဓမ္မပီယရဲ့ နိဗ္ဗာန်ကျမ်းကို အင်္ဂလိပ်ကနေ မြန်မာပြန်တဲ့ ဆရာတော်။
"အရှင်ဘုရားတို့ စောစောရောက်ရင် နီးနီးနားနား အလည် လိုက်ပို့ပါတယ်။"
"မှန်ပါ။ ရပါပြီ ဘုရား။ အချိတ်အဆက်က ခုမှရတာဆိုတော့ . . .။"
"ဖြစ်တတ်တယ်။ ဒီမှာက တစ်ချက်လွဲရင် သွားရော။ ဆရာတော်ကြီး တစ်ပါးတုန်းက နယူးယောက်ကနေ လန်ဒန်သွားတာ . . . လေယာဉ်မှားစီးတာ ဆန်ဖရန်ဆစ္စကို ရောက်သွားတယ်။"
အာဝါသိက ဝတ်ပြုဧည့်ခံရင်း စကားဖောင်ဖွဲ့ကြတယ်။ အလိုတော်ပြည့် ဆရာတော်နှစ်ပါးက ရန်ကုန် နပသ ထွက်တွေ။ မနက်မှ စောစောထ၊ ကျိန်းကြတော့ဆိုတော့ . . . ဆိုးလိုက်တဲ့ မျက်လုံးက သေသေချာချာ အိပ်ယာပြင်ပေးတော့ မအိပ်ချင်တော့ဘူး။ မစမှုတွေရဲ့ အရိပ်အောက်မှာ ဖှီးနစ်မြို့က လှလာတာကိုး။
:)
ရှင်အာစာရ

No comments:
Post a Comment