(Aug 14, 2017)
ဖလော်ရီဒါမှ လော့စ်အင်ဂျလိစ်သို့ အသွား လေဆိပ်မှာ
လေယာဉ်တက်ခွင့်လက်မှတ် ထုတ်ပေးသူ မရှိပေ။ ကိုယ့်ဝန်ကိုယ် ထမ်းရွက်ရန်
စက်ဆီသို့ လမ်းညွှန်သည်။ မလုပ်ဖူးသဖြင့် နည်းနည်းဖြုန်သွားပြီး
ရှက်ပြုံးပြုံးရသည်။ မည်သူ့ကိုမျှ အကူအညီတောင်းရန် မလွယ်ပေ။ ကိုယ်စီကိုယ်ငှ
လှုပ်လှုပ်ရှားရှား အလုပ်ရှုပ်နေကြသည်။ စက်ရှေ့မှာ အကဲခတ်ကြည့်ပြီး LCD
မျက်နှာပြင်မှ Let's go ကို နှိပ်ကြည့်သည်။ လုပ်ငန်းစသွား၍ တော်သေးသည်။
ညွှန်ကြားချက် တစ်ခုပြီးတစ်ခု (ဖုန်းထဲက Dictionary နှင့် အနက်တိုက်၍)
ဖတ်ရှုပြီး Continue ငါးခါလောက် နှိပ်ရသည်။ Done ဖြစ်သွားပြီး စက်ထဲမှ
Boarding Pass ထွက်လာသည်။ လေယာဉ်ပေါ် တက်ခွင့်ရရန် ရမ်းတုတ်မှန်းတုတ်
အင်္ဂလိပ်စာရှိထားပြီး ဖုန်းပွတ်သလောက်တော့ စက်ကိုင်တတ်ဖို့ လိုအပ်သည့်
အခြေအနေ ဖြစ်သည်။
No comments:
Post a Comment