(August 13, 2917)
ကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်း၏ တောင်ပိုင်းဒေသမှာ တည်ရှိသော ဖလော်ရီဒါပြည်နယ်၌ ရာသီဥတု ထူးခြားသည်ဟု ဆိုရမည် ဖြစ်၏။ ဤပြည်နယ်၌ အခြားပြည်နယ်များနည်းတူ လေးရာသီ လေးဥတု ရှိသည့်အပြင် အရပ်စကားဖြင့် မှတ်သားကြသည့် ထပ်ဆောင်းရာသီဥတု ငါးမျိုးရှိသေးသည် ဆို၏။
“ဖလော်ရီဒါက ရန်ကုန်ရာသီဥတုနဲ့ တူတယ်ဆိုပေမယ့် ရန်ကုန်လောက် မပူဘူး ထင်တယ်နော်။”
“အထဲမှာ အေစီဖွင့်ထားလို့ မပူတာ။ ဟုတ်ပါ့ . . . အပြင်ထွက်လည်း ရန်ကုန်လောက်တော့ မပူပါဘူး။ သစ်ပင်မြက်ပင်တွေ စိမ်းနေတာ မြင်ရတာနဲ့တင် အပူသက်သာသွားမယ်။”
“ဒီမှာလည်း မီးပျက်ရင်တော့ မလွယ်ဘူးထင်တယ်နော။ 🙂 ”
“ဟဲ ဟဲ။ မီးပျက်ချင်ရင် မီးခလုပ် ပိတ်လိုက်ရုံပဲ။ ရာသီဥတုကတော့ ဖလော်ရီဒါမှာလည်း လေးမျိုးပဲ။ Summer ဆိုတဲ့ နေရာသီ။ နေပူတဲ့ရာသီ။ မေလမှာ စတာ။ တကယ်က ဖလော်ရီဒါမှာ များသောအားဖြင့် နေသာနေတာပဲ။ နေရာသီမှာ မိုးရွာတတ်တယ်။ ဟာရီကိန်း မုန်တိုင်းကျတတ်တယ်။ မုန်တိုင်းကြောက်လို့ အိမ်တွေဆိုရင် နိမ့်နိမ့်ပဲ ဆောက်ကြတာ။ နိမ့်နိမ့်ဆောက်တော့ ကုန်ကျစရိတ်လည်း သက်သာတာပေါ့။ 🙂 Fallက ရွက်ကျွေရာသီ။ အင်္ဂလိပ်တွေက Autumnလို့ခေါ်တာ။ စပြီး အေးလာပြီ။ Winterကတော့ အေးတဲ့ရာသီ ဆိုပေမယ့် ဖလော်ရီဒါအတွက် အေးဆေးပဲ။ နေသာတယ်။ မြောက်ပိုင်းမှာ အေးလွန်းတော့ ဒီလာပြီး ဆောင်းခိုကြတဲ့အတွက် ဖလော်ရီဒါမှာ လူစည်ကားတဲ့ ရာသီပဲ။ Springကတော့ ဖလော်ရီဒါရဲ့ အကောင်းဆုံး ရာသီပဲ။ မတ်လလယ်လောက် လာခဲ့။ အပူလည်း မကြောက်ရ၊ အအေးလည်း မကြောက်ရတဲ့အတွက် ပြတင်းတံခါးတွေ ဖွင့်ထားပြီး လေကောင်းလေသန့် ရှုရတဲ့ ရာသီပဲ။ နေရောင်ခံဖို့ ဧည့်သည်တွေ လာကြတယ်။ ဆောင်းခိုသူတွေလည်း မပြန်ကြသေးဘူး။ ဒီတော့ ဖလော်ရီဒါမှာ လူအစည်ကားဆုံးပဲ။”
“မတ်လ ဆိုရင် ရန်ကုန်မှာ ပူနေပြီ။”
“ရန်ကုန်မှာက ပူတာပဲ များပါတယ်။ ဖလော်ရီဒါမှာတော့ ပုံမှန်ရာသီ လေးမျိုးအပြင် သူတို့ပြောကြတဲ့ ရာသီဥတု ငါးမျိုး ရှိသေးတယ်။”
“စုစုပေါင်း ရာသီဥတု ကိုးမျိုး ရှိတာလား။”
“အရှင်ဘုရား သင်္ချာ တော်တယ်နော်။ ဟဲ ဟဲ။”
“သူတို့ပြောတဲ့ ရာသီငါးမျိုးက ဘာတွေလဲ။”
“ခဏနော်။ တပည့်တော်လည်း သင်္ချာ မညံ့ဘူး။ 🙂 ဟာရီကိန်းမုန်တိုင်းရာသီ၊ ဆောင်းခိုရာသီ၊ စထရော်ဘယ်ရီရာသီ၊ ငါးမျှားရာသီ၊ မိချောင်းမိတ်လိုက်ရာသီ။”
“ဟာရီကိန်း မုန်တိုင်းနဲ့ . . . ဆောင်းခိုတာက . . . ခုနက ပြောတဲ့အထဲ ပါတယ် မဟုတ်လား။ မုန်တိုင်းတိုက်တာ သူ့ရာသီနဲ့သူဆို တော်သေးတာပေါ့။ စထရော်ဘယ်ရီကတော့ သူသီးချင်တဲ့အချိန် သီးပေါ့။ မဟုတ်ဘူးလား။ ငါးမျှားတာလည်း ကိုယ့်သဘောနဲ့ကိုယ် မဟုတ်ဘူးလား။ မိချောင်းတွေလည်း လွတ်လပ်စွာ မိတ်လိုက်ခွင့် မရှိဘူးလား။”
“တပည့်တော်က မငြင်းခုန်တတ်ဘူး။ ကြားဖူးတာ ပြောတာ ဘုရား။”
မှတ်သားရပေသည် တကား။
:)
ရှင်အာစာရ

No comments:
Post a Comment