(27Aug17)
လေယာဉ်ခရီးစဉ်က ဖှီးနစ်တင် မဟုတ်ဘူး။ နယူးယောက်ထိ သွားရမှာ။ ဖှီးနစ်မှာ လေယာဉ်ပြောင်းစီးရတာ။ နယူးယောက်သွားမယ့် လေယာဉ်ပေါ်ကို (၁၁:၄၅)ကျမှ တက်ရမှာမို့ နာရီဝက် အတွင်းမှာ ဘာဂါစားကြတယ်။ စောင့်ချိန် (၁၀)မိနစ်၊ စားချိန် (၁၀)မိနစ်။ နယူးယောက်သွားမယ့်လေယာဉ်က ဂိတ်နံပါတ် A4မှာ။ စားပြီးတော့ A4မှာ စောင့်ကြတယ်။ စောင့်ရင်းနဲ့ အခြေအနေ စုံစမ်းကြည့်တော့ နယူးယောက် သွားမယ့်လေယာဉ်က A10မှာ တဲ့။ ဂိတ်ပြောင်းသွားပြီ တဲ့။ဆိုးလိုက်တာ။ ဂိတ် A10ဆီ ပြေးကြပေါ့။
ပိုဆိုးသွားပြီ။ ဂိတ် A10 ပိတ်သွားပြီ။ လေးမိနစ်ပဲ နောက်ကျတယ် တဲ့။
"တို့ကို ဘယ်လိုများ ကူညီနိုင်မလဲ။"
"ဘာမှ မတတ်နိုင်ဘူး။ အခြေအနေ အပြောင်းအလဲကို . . . သေချာအောင် ကြည့်ရတယ်။ ခရီးသည် ကူညီရေးဌာန (customer assistant)သာ သွားပေတော့။"
အခြေအနေ ရှင်းပြတဲ့ A10 ဂိတ်စောင့်ကို ဟန်ဆောင်အပြုံးနဲ့ အားတင်းပြီး ကျေးဇူးစကား ဆိုရတာပေါ့။ အဲ့ဒီကနေ . . . ကူညီရေးဌာနမှာ အကျိုးအကြောင်း ပြောပြတော့ . . .
"ဒီနေ့အတွက် လေယာဉ် မရှိတော့ဘူး။ မနက်ဖြန်မနက် (၈:၄၅)မှပဲ ရှိတော့မယ်။"
"မနက်ဖြန်မနက်အတွက် လက်မှတ် ပြန်ယူဖို့ . . . ပိုက်ဆံထပ်ပေးရအုံးမှာလား။"
"မပေးရတော့ဘူး။"
"ငါတို့ အိပ်တွေက မမီလိုက်တဲ့ လေယာဉ်နဲ့ ပါသွားပြီ။"
"အိပ်တွေက ဟိုမှာပဲ ရှိမှာပါ။"
"ငါတို့ ဒီည ဒီမှာပဲ နေရမှာလား။ ဟိုတယ် သွားရမှာလား။"
"ဒီမှာ နေချင်ရင် နေလို့ ရပါတယ်။"
"မနက်ဖြန် မနက်အတွက်သာ လက်မှတ်လုပ်ပေးလိုက်တော့။ ကျေးဇူးပါ။"
ဖှီးနစ်မြို့က မလှပါဘူး။
:)
ရှင်အာစာရ

No comments:
Post a Comment