(25Aug17)
ကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီလီကွန်တောင်ကြားရှိ Tech Museum ခေါ် နည်းပညာပြတိုက်သို့ သွားရောက်လေ့လာကြသည့် ထိုမြန်မာရဟန်းတော်များသည် ပြကွက်များ၏ ရသစုံကို ခံစားရန် ယောင်နန ဖြစ်နေကြဟန်တူ၏။ ၎င်းတို့မှာ ရုပ်တွက် နှင့် အနက်တေးလောက်သာ အားပြုခဲ့ရသည်ဖြစ်၍ နည်းပညာရသကို လိပ်ပတ်လည်အောင် မခံစားနိုင်ကြသည်မှာ အပြစ်မဆိုသာပေ။
LCD ဖန်သားပြင်ပေါ်ရှိ လူ့ခန္ဓာရုပ်ပုံမှ အစိတ်အပိုင်းကို ဓားနှင့်ဖြတ်လိုက်သကဲ့သို့ ပြတ်သွားအောင် လက်ချောင်းနှင့်ခြစ်ကာ ခန္ဓာဖြတ်ပိုင်းကို ကြည့်ရှုနိုင်သည့် ခန္ဓာဗေဒ ပြကွက်သည် ဆေးကျောင်းသားများ အထူးမှတ်သားစရာ ရရှိနိုင်သော်လည်း ၎င်းတို့အတွက်ကား ကောဋ္ဌာသကမ္မဋ္ဌာန်း တင်နိုင်မှ တန်ပေမည်။ ရှင်းပြသည့်တိုင် နားမလည်းနိုင်သည့် DNA ပြကွက်သည်လည်း သက်ဆိုင်သူတို့ အတွက်သာ စိတ်ဝင်စားစရာ ဖြစ်ပေမည်။
စက်ရုပ်က ပုံတူကောက်ကြောင်းပန်းချီ ဆွဲပေးသည့် နည်းပညာမှာ အံ့သြပျော်ရွှင်ဖွယ် ဖြစ်သည်။ လုပ်ဆောင်ပုံ လမ်းကြောင်း သိသွားသောအခါ ခံစားလို့ ရလာသည်။ ရှေးဦးစွာ လူကို ဓာတ်ပုံရိုက်ယူသည်။ ဓာတ်ပုံရိုက်ရန်အတွက် ကင်မရာရှေ့မှာနေပြီး ဟိုနှိပ်သည်နှိပ် ကိုယ်တိုင် နှိပ်ရသည်။ မှတ်သားထားသည့် ပုံရိပ်ကို စက်က ကောက်ကြောင်းလိုက်ဆွဲကြောင်း နောက်မှ သိရသည်။ ကင်မရာနှင့် ပုံဆွဲစက်တို့ ဟိုဘက်သည်ဘက် တစ်နေရာစီ ဖြစ်သည်။ ပုံဆွဲစက်ကို မှန်ခန်းထဲမှာ ထားသည်။ လုပ်ဆောင်ချက်ကို ဘေးက မြင်နေရသည်။ စက်က စက္ကူကိုစုပ်ယူ၍ ပုံဆွဲမည့် နေရာ၌ ပက်လက် နေရာချသည်။ စက်ရုပ်က စုတ်တံကို ကိုင်ထားသည်မှာ အသံဓာတ်ပြားစက် အပ်ခေါင်းနှင့် တူသည်။ ဓာတ်ပြားပေါ်မှာ ဓာတ်အပ် လှည့်ပတ်သကဲ့သို့ ပက်လက်ရှိနေသည့် စက္ကူပေါ်မှာ စုတ်တံနှင့် ဟိုခြစ်သည်ခြစ် ခြစ်သည်။ ငါးမိနစ်ခန့် ကြာသည်။ နောက်ဆုံးပုံကို စက်ကပင် မယူ၍ အပြင်ထုတ်ပေးလိုက်သည်။ အခြေခံကောက်ကြောင်းပုံမှာ မဆိုးလှပေ။ ဖလင်ပေါ်မှာ မြင်ရသည့်ပုံနှင့် ဆင်တူသည်။ မူရင်း ဘုန်းကြီးပုံနှင့် အတူဆုံးအချက်မှာ ခေါင်းတုံးဖြစ်နေသည့် ဦးခေါင်း ဖြစ်သည်။ သင်္ကန်းကောက်ကြောင်းကိုလည်း မှန်းကြည့်လို့ ရသည်။ ပုံတူကို နှစ်ထပ်မျဉ်းဖြောင့်ဖြင့် လေးထောင့်ပေါင်ခတ်ရာ၌ စက်၏ စွမ်းဆောင်ချက် အပေါ်လွင်ဆုံး ဖြစ်သည်။
အခြားသော လေ့လာစရာ အများစု အတွက်ကား ခပ်တည်တည် ပြုံးကြရုံသာ ရှိခဲ့သည်။ တစ်နာရီခန့် လေ့လာချိန်အတွင်း ကားရပ်နားခ ကန်(၁၉)ဒေါ်လာ ကျသင့်သည်မှာမူ ထူးထူးခြားခြား မှတ်သားလောက်ပေသည်။
:)
ရှင်အာစာရ

No comments:
Post a Comment