(18 Aug, 2017)
Las Vegas ကို ညမအိပ်တဲ့မြို့လို့ ခေါ်ကြသတဲ့။ မြို့လယ်မှာ ညစဉ်ညတိုင်း ပွဲတော်ပဲ တဲ့။ ကန္တာရစပ်တဲ့မြို့မို့ ဧည့်သည်နဲ့ လုပ်စားသတဲ့။ မြက်ပင်တောင် စိုက်ရတာ မလွယ်တော့ မြို့တော်ကို ကျောက်တုံးကျောက်ခဲတွေ လျှပ်စစ်မီးတွေနဲ့ပဲ အလှဆင်ရသတဲ့။ ပြပွဲတွေ၊ အစားအသောက်တွေ၊ အပျော်အပါးတွေ၊ လောင်းကစား ကာစီနိုဝိုင်းတွေနဲ့ မိုးလင်သတဲ့။ ပွဲတွေရှိတဲ့ ဟိုတယ်ဝင်းတွေထဲ လူတိုင်း ဝင်ရောက်လည်ပတ်ခွင့် ရှိသတဲ့။ လူပေါအောင်လုပ်တာ တဲ့။ ကမ္ဘာ့ဧည့်သည်တွေလည်း ပွဲခင်းထဲဝင်ပြီး အောက်ထစ်ဆုံးအားဖြင့် ခမ်းနားတဲ့ ဟိုတယ်အိမ်သာတော့ ဝင်တက်လေ့ ရှိကြသတဲ့။ အတည်ပေါက်ကြီး တည်ဆောက်ထားတာတွေထဲက တစ်ခုကိုတော့ အထူး စိတ်ဝင်စားမိပါရဲ့။ အဲ့ဒါက ကာစီနို လောင်းကစားဝိုင်း အဝင်မုခ်လမ်းပါ။ အဲ့လိုမျိုး ခမ်းနားမှုနဲ့ မဟာမြတ်မုနိ စောင်းတန်းတွေကို အစားထိုးလိုက်ချင်တာ။ အောက်ထစ်ဆုံးအားဖြင့် အရှေ့စောင်းတန်း တစ်ခုလောက်ပေါ့။ ငါသာ စော်ဘွား ဖြစ်ရင်ကွယ် . . . . .။ ဒေသစွဲလေးတော့ ပါမယ်။ ရွှေတိဂုံ စောင်းတန်းတွေ အဆင့်မြှင့်တာကိုတော့ နောက်မှလုပ်မယ်။ ဒုတိယ ဦးစားပေး။
:)
ရှင်အာစာရ
:)
ရှင်အာစာရ



No comments:
Post a Comment