သူ့wall ကိုယ့်wallမှာ တင်ချင်ရာတင်ကြ။ ဖတ်ချင်ရင်ဖတ်လိုက်ကြ။ ဆဲသူကဆဲကြ။ သာဓုခေါ်သံတွေလည်း ကြားနေကြရ။ လှူကြ၊ ကူကြ။ အနည်းနည်းနဲ့ ချိတ်ဆက်ကြ။ Add လုပ်ကြ။ Confirm လက်ခံကြ။ ဘလော့ကြ၊ ဖှောင်းထုကြ။ ဒီအက်တီဘိတ်လုပ်ပြီးမှ ဖလန်းဖလန်းပြန်ထကြ။
ကမ္ဘာဂြိုဟ်သားတွေကို ပွဲခင်းပေးတဲ့ Facebook ကျေးရွာသားတွေကတော့ သူတို့ မဟုတ်သလိုလို။ တည်တည်တင်းတင်း အပြင်ကမ္ဘာနဲ့ ခပ်ကင်းကင်း။ ကြော်ငြာတွေလက်ခံကြ။ ကြော်ငြာခတွေ ယူကြ။ ရောင်းကြ၊ ဝယ်ကြ။ အပြင်လူ မဝင်ရ။ ဝင်ကြည့်ရင်လည်း Zero နဲ့ One နဲ့၊ Code တွေနဲ့ပဲ အလုပ်ရှုပ်နေကြမှာ။ ချောက်ချက်ချောက်ချက် ကွန်ပျူတာ အလုပ်သမားတွေပဲ ရှိမှာ။ လယ်မစိုက်၊ ယာမစိုက်တဲ့ ကွင်းပြင်ကြီးထဲမှာ။ သစ်ပင်တစ်ချို့က သူတို့ရဲ့ အလုပ်ရုံ ခေါင်မိုးမှာ။
:)
ရှင်အာစာရ



No comments:
Post a Comment