ဘာဝနာ ကမ်းခြေ

ဘော့စတွန် သတိပဋ္ဌာန်ရိပ်သာကျောင်းမှ Insight Meditation Society (IMS) ရိပ်သာသို့ တစ်နာရီခွဲခန့် ကားမောင်းရသည်။ IMS သည် တောကြီးထဲမှာရှိပြီး ဧကတစ်ရာကျော် ကျယ်ဝန်းသည့် အပြည်ပြည်ဆိုင်ရာ ရိပ်သာကြီး ဖြစ်သည်။ တောလမ်းဖြစ်သော်လည်း လမ်းကောင်းလမ်းညက်များ ရှိသည်။ ယောဂီတစ်ရာခန့်ကို အိပ်ခန်းတစ်ခန်းစီ နေရာချထားပေးနိုင်သည့် ထိုရိပ်သာ၌ လောလောဆယ် တရားစခန်းပွဲ ရှိနေသည်။ ဥပါသိကာမ တစ်ယောက်က လိုက်လံ ပြသသည်။ အသံမဆူမိစေရန် သတိပေးသည်။ သူတို့ တရားအားထုတ်နေချိန်မှာ လေ့ရင်းလာရင်း ခရီးသွားလိုက် ဓာတ်ပုံဆွဲလိုက် လုပ်နေရသည်မှာ ရှက်စရာ တစ်မျိုးပင် ဖြစ်တော့သည်။ ဗုဒ္ဓဘာသာဆိုင်ရာ လစဉ် သင်တန်းများလည်း ရှိသေးသည်ဆို၍ ရှေ့မျက်နှာ နောက်ထားကာ စာသင်ခန်းများဆီ ဆက်ခဲ့သည်။
ရိပ်သာမှ ပြန်လာပြီး ကိုလမ်ဘီယာ အငူမှာရှိသည့် ဂျွန် အက်ဖှ် ကနေဒီ ပြတိုက်/စာကြည့်တိုက်မှတစ်ဆင့် ကမ်းခြေ ခဏဝင်မိရာ ရှက်စရာ စကားလုံးနှစ်လုံးက နှိပ်စက်လိုက်ပြန်သည်။ နှိပ်စက်ကလူ စကားလုံး နှစ်လုံးမှာ Roam about နှင့် Boast ဖြစ်သည်။ မင်းတို့ အခုလို ခြေဦးတည့်ရာ Roam about လုပ်နေတာ ကောင်းသလားဟု လူရွယ်လူလတ် တစ်ယောက်က မေးသည်။ ခက်ချေပြီ။ ရှက်မျက်နှာ အောက်ထား၍ ဆက်လျှောက်ရာ သူတို့ချင်း တိုင်ပင်ထားသည့်အလား ခြေလှမ်း ငါးဆယ်ခန့် လှမ်းမိသည်နှင့် အဖိုးကြီး တစ်ယောက်က တစ်ခု မေးချင်တယ်ဟု စကားစပြီး ဒီနေရာမှာ အခုလို Boastလုပ် ကြွားဝါနေတာ ကောင်းသလားဟု မေးပြန်သည်။ ခက်ပြန်ချေပြီ။ မကြွားသော်လည်း ကန်ရာရှိ ပြေးခဲ့ရတော့သည်။
:)
ရှင်အာစာရ
No comments:
Post a Comment