လိုချင်တာ ယူသွားပါ ဆိုရင်တော့ လမ်းတွေနဲ့တံတားတွေ မဖြစ်မနေ ယူရမယ်။ တကယ်ကြီး လုပ်ထားတဲ့ လမ်းတွေတံတားတွေ ရှိနေတော့ မီးပွိုင့်နီနေတာ မဟုတ်ရင် မဖြစ်မနေ ကားရပ်ဖို့ မလိုကြဘူး။ အက်ဆီးဒင့် ဖြစ်တယ်၊ သတ်မှတ်မိုင်နှုန်းကျော်မောင်းလို့ ရဲဖမ်းခံရတယ် ဆိုရင်တော့ ရပ်ကြရမှာပေါ့။ ပုံမှန်ဆိုရင်တော့ လမ်းပိတ်တယ် ဆိုတာတောင် တစ်ရာရီ မိုင်နှစ်ဆယ်နှုန်းလောက်တော့ မောင်းနေကြတာပဲ။ အားနာစရာ ကောင်းလောက်အောင် မညည်းမညူ လိုက်ပို့ကြသူတွေမှာလည်း နေရာတွေက လှမ်းလွန်းတော့ နီးတယ်ဆိုရင်တောင် တစ်နာရီလောက် မောင်းကြရတာ။ လမ်းတွေတံတားတွေ ယူလို့ရမယ် ဆိုရင်လည်း ဒီမှာ သူတို့ကားမောင်းဖို့ ခက်သွားမယ်။ ကြပ်လို့ကျန်ခဲ့မှာ အားနာစရာ။

No comments:
Post a Comment