ဗုဒ္ဓဘာသာတွေဟာ အခါအခွင့်သင့်တိုင်း ကုသိုလ်ပြုကြပါတယ်။ ကိုယ်ရည်ကိုယ်သွေးနဲ့ ရပ်တည်ရတဲ့ ဘဝ၊ ကိုယ့်အရည်အချင်းနဲ့ကိုယ် တည်ဆောက်ထားတဲ့ ဘဝကို ကုသိုလ်ကံနဲ့ အားဖြည့်ပေးကြပါတယ်။
ဒီနေ့ ဘာသာစုံ ဂုဏ်ထူးရှင် မသန္တာအောင်ရဲ့ အောင်မြင်မှုကို အကြောင်းပြုပြီး ကုသိုလ်ပြုကြတယ်။ ဆွေမျိုးမိတ်သင်္ဂဟတွေကို ကျွေးမွေးတယ်။ ရှင်ရဟန်းတွေကို ဆွမ်းကပ်တယ်။ ဝါဆိုသင်္ကန်း လှူဒါန်းတယ်။ ဒီနေ့ ကုသိုလ်ပွဲမှာ . . . လူဆိုတာ ခံစားချက် ရှိတယ်၊ အသိဉာဏ်ရှိတယ်၊ အထုံပါရမီ ဝါသနာရှိတယ်၊ အရုပ်တွေ မဟုတ်ဘူး၊ တိရစ္ဆာန်တွေနဲ့ မတူဘူး ဆိုတာကို ဂုဏ်ထူးရှင်ရော၊ မိသားစုဝင်တွေရော နားလည်ထားကြစေချင်ပါတယ်။
အထူးသဖြင့် မြန်မာ့ လူမှုအဖွဲ့အစည်းမှာ သားသမီးက မိဘကို မလွန်ဆန်နိုင်ကြပါဘူး။ သားသမီး အပေါ်မှာ မိဘရဲ့ သြဇာသက်ရောက်တဲ့ နေရာမှာ မှားယွင်းမှုတွေ ရှိလာနိုင်တယ်။ မိဘက သားသမီးကို ပညာသင်ပေးတယ်။ ဆရာဝန် ဖြစ်စေချင်လို့ ပညာသင်ပေးတာ။ အင်ဂျင်နီယာ ဖြစ်စေချင်တာ။ မိဘမေတ္တာကို အသိအမှတ် ပြုရမှာ ဖြစ်ပေမယ့် သားသမီးရဲ့ အခြေအနေကို မငဲ့ဘဲ မိဘ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်အောင်လုပ်ရပြီဆိုရင် အခြေအနေက ပုံမှန်မဟုတ်တော့ဘူး။
မိဘက သားသမီးကို ထားရာမှာနေတဲ့ အရုပ်တစ်ရုပ်လို ဖြစ်စေချင်တယ်ဆိုရင် မှားပါတယ်။ သားသမီးရဲ့ အခြေအနေကိုလည်း ထည့်တွက်ရမယ်။ သူ့သားသမီးထက် ငါ့သားသမီးက သာတယ်ဆိုပြီး သားသမီးချင်း ပြိုင်ရာကနေပြီးတော့လည်း မှားယွင်းမှုတွေ ဖြစ်လာနိုင်တယ်။ ငါ့သားသမီးက ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တာ။ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်တာ။ လေးဘာသာ ငါးဘာသာ ဂုဏ်ထူးတွေနဲ့ အောင်တာ။ သားသမီးချင်း နှိုင်းယှဉ်ပြီး ဂုဏ်ယူကြတယ်။ ငါ့သားက အင်ဂျင်နီယာ၊ ငါ့သမီးက ဆရာဝန်။ ဂုဏ်ယူကြတာကောင်းပါတယ်။ ဒါပေမယ့် သားသမီးကို ပြိုင်ဆိုင်စရာ တစ်ခုလို သဘောထားတယ် ဆိုရင်တော့ ဆိုးသွားပြီ။ ခွေးချင်းကိုက်ရင်တောင်မှ ကိုယ့်ခွေး နိုင်စေချင်တာ။ ကြက်ချင်းခွပ်ရင် ကိုယ့်ကြက် နိုင်စေချင်တာ။ သားသမီးချင်းယှဉ်ရင် ကိုယ့်သားသမီးက သာစေချင်တာ။ သားသမီးရဲ့ အခြေအနေကို ထည့်မစဉ်းစားတော့ဘဲ ယှဉ်ပြိုင်မှု အားကြီးလာရင် သားသမီးတွေ ပင်ပမ်းကြရပါတယ်။
မိဘကျေနပ်အောင် သားသမီးက ကြိုးစားယှဉ်ပြိုင်ပေးရတယ်။ စာမေးပွဲတွေ အောင်မြင်အောင် လုပ်ပေးကြရတယ်။ မိဘဆန္ဒအတိုင်း ဆရာဝန်တော့ ဖြစ်လာတယ် ဆေးမကုဘူး။ အင်ဂျင်နီယာတော့ ဖြစ်လာတယ် လမ်းလည်းမဖောက်ဘူး။ တံတားလည်း မဆောက်ဘူး။ သင်ယူထားတဲ့ ပညာက ဘဝထဲ ဝင်မလာဘူး။ လောကအတွက်ရော မိသားစုအတွက်ရော အကျိုးမများတော့ဘူး။ နာမည်တပ်စရာ ဂုဏ်တစ်ခုပဲ ဖြစ်နေတယ်ဆိုရင် ဘယ်သူ့အတွက်မှ အကျိုးများသင့်သလောက် မများနိုင်ပါဘူး။
ဒီနေ့ ကုသိုလ်ပြုလုပ်တဲ့ ဘာသာစုံ ဂုဏ်ထူးရှင်ရဲ့ မိသားစုဝင်တွေ အနေနဲ့ သူ့အပေါ်မှာ နားလည်ပေးကြဖို့ လိုပါတယ်။ ကိုယ်ဖြစ်စေချင်တာထက် သူဖြစ်ချင်တာကို ဦးစားပေးပါ။ ထားရာနေတဲ့ အရုပ်တစ်ရုပ်လို မဆက်ဆံမိအောင်၊ အနိုင်ရအောင် ခွပ်ပေးတဲ့ တိုက်ကြက်တစ်ကောင်လို သဘောသက်ရောက် မသွားအောင် သတိထားကြရပါမယ်။ ထိုက်သင့်တဲ့ ဉာဏ်ရည်နဲ့ လုံ့လ ဝီရိယ သူမှာရှိနေလို့ ဒီလို အောင်မြင်မှုမျိုး ရရှိခဲ့ပါပြီ။ သူ့ကိုယ်တိုင် တွေးခေါ်စဉ်းစားပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုခုကို သူကိုယ်တိုင် ရွေးခြယ်ခွင့် ပေးလိုက်ကြပါ။ သူ့အသက်အရွယ်နဲ့ သူ့အတွေ့အကြုံနဲ့ ဆုံးဖြတ်ချက် မချနိုင်တာမျိုး ဆိုရင်တော့ ကူပြီး စဉ်းစားပေးရတာပေါ့။ ဂုဏ်ထူးရှင် အနေနဲ့လည်း မိသားစုရဲ့ ဆန္ဒထက် ကိုယ့်ရဲ့သဘော၊ ကိုယ့်ရဲ့အလားအလာကို ဦးစားပေးပါ။ မဆုံးဖြတ်နိုင်တဲ့ အခြေအနေဆိုရင် လူကြီးမိဘတွေနဲ့ တိုင်ပင်ပါ။
ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အသုံးဝင်တဲ့ ပညာရပ်တွေ ဆက်လက်ဆည်းပူးနိုင်ပါစေ။
(ဓာတ်ပုံ - ၂၀၁၇ ဆယ်တန်းဘာသာစုံ ဂုဏ်ထူးရှင် မသန္တာအောင် ၏ ဂုဏ်ယူဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ စိုင်ပြင်ရွာမှာ)
:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:
Post a Comment