အိုထိန်းသည်သည် နံနက်စောစောထပြီး မိုးချုပ်မှ အိပ်ယာဝင်၏။
နေ့စဉ်နေ့တိုင်း အာရုံစိုက်၍ အိုးလုပ်သည်။
ဇွဲနဘဲနှင့် အိုးခတ်သည်။
“တက် တက် တက်။ တတ် တတ် တတ်။”
“ဒက် ဒက် ဒက်။ ဒတ် ဒတ် ဒတ်။”
“ဖတ် ဖတ် ဖတ်။ ဖျပ် ဖျပ် ဖျပ်။”
“ဖောက် ဖောက် ဖောက်။ ဖျောက် ဖျောက် ဖျောက်။”
တစ်နေ့တာ၏ အဆုံး၌ ကျော်ကြားလှစွာသော
သူ၏အိုးများသည် မြူးမြူးကြွကြွ လှပနေ၏။ ထို့ပြင် သေသပ်၏။ ခန့်ငြား၏။ ခိုင်ခန့်သည်။
ထိုအိုးများသည် အိုးထိန်းသည်၏ ရင်ခုန်သံများ ဖြစ်ကြ၏။
*****
အိုထိန်းသည်သည် နံနက်စောစောထပြီး မိုးချုပ်မှ အိပ်ယာဝင်၏။
နေ့စဉ်နေ့တိုင်း အာရုံစိုက်၍ အိုးလုပ်သည်။
ဇွဲနဘဲနှင့် အိုးခတ်သည်။
“ဒုတ် ဒုတ် ဒုတ်။ ဒုန်း ဒုန်း ဒုန်း။
“ဒိုင်း ဒိုင်း ဒိုင်း။ ၀ှီး ဖုန်း ထိုင်း။”
“ခွပ် ခွပ် ခွမ်း။ ဂွပ် ဂွပ် ဂွမ်း။”
“၀ှစ် ဖုန်း။ ဗြုန်း ဒိုင်း ဂွမ်း။”
တစ်နေ့တာ၏ အဆုံး၌ .
. . . .? ? ? ? ?။
:)
ရှင်အာစာရ
No comments:
Post a Comment