(May 14, 2017)
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ ၂/၂၅၅၆ကို Facebookမှာတွေ့လို့ အခုမှပဲ ကြည့်ဖြစ်လိုက်ပါတယ်။ "ပြိုင်ပွဲရဲ့ ဆွဲဆောင်မှု၊ ချီးမြှင့်ပေးတဲ့ ဆုတွေကြောင့် ကျောင်းသားကျောင်းသူ အများစုဟာ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေကို လေ့လာဖြစ်၊ မှတ်သားဖြစ်ခဲ့တာဟာ ပြိုင်ပွဲရဲ့ ထူးခြားတဲ့ ရလာဒ် တစ်ခုပါ"လို့ မှတ်ချက်ချတာကို သတိထားမိခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကောင်းတဲ့ ရလဒ် ဖြစ်ပါတယ်။ ပေးတဲ့ ဆုငွေကတော့ ပထမဆု ဆယ်သိန်းကျပ်၊ ဒုတိယဆု ခုနစ်သိန်းကျပ်၊ တတိယဆု ငါးသိန်းကျပ် ဖြစ်ပါတယ်။ တစ်ခြားဆုတွေလည်း ပါပါသေးတယ်။
ပထမဆုကို မယဉ်မျိုးမြတ်ဦး ရရှိခဲ့ပါတယ်။ ဒုတိယဆုကို မောင်ထက်လင်း ရရှိခဲ့ပါတယ်။ တတိယဆုကို မသက်စုစုအေး ရရှိခဲ့ပါတယ်။
နောက်ဆုံးအဆင့် ဆုရွေးခြယ်ပုံ၊ စာမေးပွဲပုံစံ စစ်ဆေးပုံ တစ်ဆင့်စီမှာ ကျောင်းသူကျောင်းသားတွေ ဖြေဆိုရတဲ့မေးခွန်းတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့အတွက် ဆုရဖို့ ကံတရားနဲ့ အများကြီး ဆိုင်နေတယ်လို့ ထင်မိပါတယ်။ သိပ်ပြီး မကောင်းလှပါ။
ကြည့်ပါ။ တတိယဆုရှင် မသက်စုစုအေး ဖြေရတဲ့ မေးခွန်းကို ကြည့်ပါ။ သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းမှာ မြတ်စွာဘုရား ဝါဆိုခဲ့ပါတယ်။ ဘယ်နှဝါမြောက်လဲ။ အဖြေမှန်က လေးဆယ့်လေးဝါမြောက် ဖြစ်ပါတယ်။ မသက်စုစုအေး အဖြေမှန် မပေးနိုင်ခဲ့ပါဘူး။
ဒုတိယဆုရှင် မောင်ထက်လင်း ဖြေရတဲ့ မေးခွန်းကို ကြည့်ပါ။ ရာဇဂြိုဟ်ပြည်မှာ ကျောင်းတိုက်ပေါင်း ဘယ်နှတိုက် ရှိပါသလဲ။ ဆယ့်ရှစ်တိုက်ဆိုတဲ့ အဖြေမှန်ကို မောင်ထက်လင်း ပေးနိုင်ခဲ့ပါတယ်။
မေးခွန်းနှစ်ခုလုံးကို နှစ်ယောက်လုံး ဖြေရမယ်ဆိုရင် ဘယ်လိုနေမလဲ။ တစ်ယောက်စီကို စာရွက်ထဲ ရေးပြီး အဖြေခိုင်းလို့ ရပါတယ်။ အဖြေက တိုတိုလေးပါ။
ဆက်ပြောပါ့မယ်။ ဆရာတော်တစ်ပါး ပါးစပ်နဲ့ ရွတ်ပြတဲ့ ပါဠိစာလုံးကို ရေးပြရတာလည်း ပါပါတယ်။ တစ်ယောက်တစ်မျိုးစီ ရေးကြရတာပါ။ တတိယ ဆုရှင်က သုဒ္ဓေါဒန ဆိုတဲ့ စာလုံးကို ရေးရပါတယ်။ မှန်အောင် ရေးနိုင်ပါတယ်။ ဒုတိယဆုရှင်က ဝါယာမိန္ဒ ဆိုတဲ့ စာလုံးကို ရေးရပါတယ်။ သူလည်း မှန်အောင်ရေးနိုင်ပါတယ်။ ပထမဆုရှင်ကတော့ သူရေးရတဲ့ စာလုံးကို မှန်အောင် မရေးနိုင်ပါဘူး။ "ဝဏ္ဏသိရီ" ဆိုတဲ့ စာလုံးကို ဝန္နသိရီ လို့ ရေးတဲ့အတွက် မှားပါတယ်။
ဒီနေရာမှာလည်း သုံးခုလုံးကို သုံးယောက်လုံး ရေးရမယ်ဆိုရင် ဘယ်လိုနေမလဲ။ တစ်ယောက်စီကို စာရွက်ထဲ ရေးပြီး အဖြေခိုင်းလို့ ရတာပါပဲ။ အဖြေက တိုတိုလေးပါ။ ထားပါတော့။
မောင်ထက်လင်း နဲ့ မယဉ်မျိုးမြတ်ဦးတို့ နှစ်ဆယ့်ငါးမှတ်စီ တူနေလို့ ဆက်လက် ယှဉ်ပြိုင်ရပါတယ်။
"မပြတ် ပြတ်အောင်တော့ ဖြတ်ရမှာပဲ"လို့ ဦးဆောင် ဆရာတော် တစ်ပါးက အမိန့်ရှိပါတယ်။
"နောက်ဆုံးတော့ ကျား-ဗိုလ်ဆွဲရမလို ဖြစ်နေပြီ"လို့ အစီအစဉ် တင်ဆက်သူ မင်းသား ခန့်စည်သူက အပျော်သဘောနဲ့ မှတ်ချက်ပေးပါတယ်။
နောက်ဆုံးအဆင့်မှာ မောင်ထက်လင်း ဖြေရတဲ့ မေးခွန်းကို ကြည့်ပါ။ သူဌေးတစ်ဦးဆီကို နတ်တွေ ချဉ်းကပ်ကြတယ်။ နတ်တွေနဲ့ စကားပြောခွင့်ရပေမယ့် မာန်မတက်ဘူး၊ စိတ်မကြွဘူး။ ဘယ်သူဌေးလဲ။ ဥဂ္ဂသူဌေးလို့ မောင်ထက်လင်းက ဖြေပါတယ်။ အဖြေမှန်ပါတယ်။
မယဉ်မျိုးမြတ်ဦး ဖြေရတဲ့ မေးခွန်းကို ကြည့်ပါ။ သာမဏေ ပြုတဲ့နေ့ကစပြီး ပစ္စည်းလေးပါး လိုချင်တာ အကုန်ရတယ်။ အင်မတန် ပေါများတဲ့ မထေရ်။ ဘယ်မထေရ်လဲ။ ရှင်သီဝလိ မထေရ်။ မယဉ်မျိုးမြတ်ဦးလည်း ဖြေနိုင်တာပါပဲ။
ဒီနေရာမှာလည်း မေးခွန်းနှစ်ခုလုံးကို နှစ်ယောက်လုံး ဖြေရမယ်ဆိုရင် ဘယ်လိုနေမလဲ။ တစ်ယောက်စီကို စာရွက်ထဲ ရေးပြီး အဖြေခိုင်းလို့ ရတာပါပဲ။
အမှတ် တူနေသေးလို့ ပါဠိအရေး စွမ်းရည်ကို ထပ်ပြီး စမ်းသပ်ပြန်ပါတယ်။ ဒီတစ်ခါတော့ မယဉ်မျိုးမြတ်ဦး မှန်အောင် ရေးနိုင်ပါတယ်။ ပထမဆု ရပါတယ်။ မောင်ထက်လင်းကတော့ မှန်အောင် မရေးနိုင်တော့ပါဘူး။ ဒုတိယဆု ရပါတယ်။ ဦးဆောင် ဆရာတော်တစ်ပါး ပါးစပ်က ရွတ်ပြတဲ့ ပါဠိစာလုံး တစ်လုံးတည်းကို နှစ်ယောက်လုံးက ရေးကြရတာပါ။ ဒီတစ်ကြိမ်မှာတော့ နှစ်ယောက်လုံးအတွက် မေးခွန်း တစ်ခုတည်းသာ ဖြစ်ပါတယ်။ သူတို့ ရေးရတဲ့ ပါဠိစာလုံးကတော့ သန္တိန္ဒြိယော ဖြစ်ပါတယ်။
နောက်ဆုံးအဆင့် ပါဠိအရေး စွမ်းရည်းကို စစ်ဆေးပြီး ပထမဆုရှင် ရွေးခြယ်တဲ့ နေရာမှာ ရေးရတဲ့ ပါဠိစာလုံးက "ဝဏ္ဏသိရီ" ဖြစ်မနေတဲ့အတွက် မယဉ်မျိုးမြတ်ဦး အထူးကံကောင်းတယ်လို့ ဆိုရမှာပါ။
သဗ္ဗေ သတ္တာ ကမ္မသကာ ဆိုတဲ့ တရားတော်ဟာ ဒီလိုပြိုင်ပွဲမျိုးနဲ့ ဘယ်လောက်ထိ သက်ဆိုင်သင့်ပါသလဲ။
ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသား အားလုံးရဲ့ အားထုတ်မှုကို ဂုဏ်ယူပါတယ်။ ပြိုင်ပွဲစီစဉ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲ စနစ်ကို သုံးသပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ နောက်ဆုံးဆုရှင် ပေါ်ထွက်ဖို့ ကလေးတွေကို ကျား-ဗိုလ် အဆွဲမခိုင်းပါစေနဲ့လို့တော့ ဆုတောင်းစရာ လိုမယ် မထင်ပါဘူး။
:)
ရှင်အာစာရ

No comments:
Post a Comment