(April 7, 2017)
ငိုရှိုက်မှုမှာ အနည်းဆုံး တစ်ခုတော့
ရှိခဲ့ပါလိမ့်မည်။ သစ်ပင်၏ ဈာပနကို သစ်ပင်သားချင်းတို့ သိနိုင်မည်
မဟုတ်ပါ။ လူနှင့်စာလျှင် သက်မဲ့ဖြစ်သည့် သစ်တို့မည်သည်မှာ လူတို့ကဲ့သို့
သေစရာ အသက် မရှိလင့်ကစား သက်ဆိုင်ရာ သစ်တို့၏ အသက်ကား ရှိရမည်သာ ဖြစ်ပေသည်။
သစ်တို့သည် လူတို့ကို။ သို့သော် လူတို့သည် သစ်တို့ကို။
အစေ့များစွာတို့မှ တစ်စေ့သည် တစ်ပင်။ အပင်များစွာတို့မှ တစ်ပင်သည်။
ခံနိုင်ရည် များစွာအနက် ကြံ့ခိုင်မှု၊ ဒေသခံ ရေမြေရာသီနှင့် သဟဇာတကျမှု။
ရှင်သန် ရုန်းကန်ခဲ့ရသည့် ထိုနှစ်တို့။ သို့သော် ခူးဆွတ်ခြင်းသည်သာလျှင်
ပျော်ရွှင်တက်ကြွသည့် အလုပ်တစ်ခု ဖြစ်ခဲ့ပါတော့သည်။
သစ်တို့မည်သည် နှင့် လူတို့မည်သည်မှာ အဖြေခက်သည့် မေးခွန်းများစွာကို လက်ယပ်ခေါ်ခဲ့သည်။ သေပျက်ခြင်းသည်ပင် ပျော်ရွှင်တက်ကြွဖွယ်ရာ။ နောက်ဆုံး အဖြေ၌ အိစက်ညက်ညောသည်။ သို့သော် ငိုတတ်လျှင် ငိုချင်စရာ။
သားငယ် နှင့် ဟန်ထွန်းတို့သည် မိတ်ကပ်မကြိုက်ကြဟု ဆို၏။

No comments:
Post a Comment