Wednesday, February 8, 2017

Ad




(2Feb2017)
-----
သာသနာတော်စောင့်နတ် သေပြီ။
သို့မဟုတ် သူသည် တကယ့်တကယ် ရှိကိုမရှိပြီ။
ပစ္စယာနုဂ္ဂဟ ချာတူးလန်သည်ဖြစ်၍ ဓာတ်ပုံထဲကအတိုင်း သာသနာ ညှိုးနွမ်းနေသည်ကို ငါတို့ လူ့မျက်စိဖြင့် အမြင်ကပ်ခဲ့ရပါလျက်
သူတို့ နတ်မျက်စိ ကန်းခဲ့သည်။
နတ်နား ပင်းခဲ့သည်။
မြင်သည်နှင့် စစ်ရှောင်စခန်း သို့မဟုတ် ဒုက္ခသည်စခန်း ဆိုသည်မှာကို သတိရလိုက်သည်။
အမှန်မှာ ပရိယတ္တိလုပ်ငန်းဌာနဟု သိနှင့်ပြီးသားသာ ဖြစ်သည်။
ပရိယတ္တိ စာသင်သား ရှားပါချိန်မှာ စာသင်သား သုံးလေးရာတို့
ရန်ကုန်မြို့မှာပင်
သာသနိကအဆောက်အဦများစွာတို့၌ လူသူကင်းမဲ့နေချိန်၊ အဆိုပါ ဂေဟာတို့၌ ဆွေမျိုးနီးစပ်တို့ အိပ်ကောင်းစားကောင်း သာသနာပြုကောင်းနေချိန်မှာ
ငါ့ရှင်ရဲ့ လှိုင်သာယာ ပဒံပရိယတ္တိစာသင်တိုက်မှာဖြင့်
ငါတို့ လှူနိုင်လှ ဆယ့်လေးငါးသိန်း
အဆိုပါ ဝါးကျောင်းတော်ကြီး တန်ဖိုးကိုက သူ့အဆိုအရ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျပ်သိန်းငါးဆယ် ဖြစ်ခဲ့သည်။
လောလောဆယ်တော့ သော့ခပ်မထားသေးပါ။
ဇိမ်ခံသူ သာသနာပြု ဆွေရိပ်မျိုးရိပ်လည်း ရောက်မလာသေးပါ ဟူ၍သာ။


:)
ရှင်အာစာရ

No comments:

Post a Comment