Wednesday, February 8, 2017

အနှစ် ရအောင် ယူပါလေ (ပဒံမြေ ဖြူစင်မေတ္တာ)

(2Feb2017) -----
၁။ ရှိခိုးပူဇော်၊ ဆည်းကပ်သော်၊ ဂုဏ်တော် ထင်ပါစေ။
၂။ ပညာရေးစုံ၊ ဘွဲ့တွေစုံ၊ ဆင်ခြင်တုံလည်း ရပါစေ။
၃။ သူ၏အကျိုး၊ ရွက်သည်ပိုး၊ ဗြဟ္မစိုရ်မိုး ရွာနိုင်စေ။
ဒါမှ အနှစ်ရမယ်။
အထူးသဖြင့် ပရဟိတ အနှစ်ရဖို့ အခြေခံရမှာက ကရုဏာ ဗြဟ္မစိုရ်။
မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏီနံ။
ပူရေတွာ ပါရမီ သဗ္ဗ၊ ပတ္တော သမ္ဗောဓိ မုတ္တမံ။
------
နောက်တစ်ခုက . . .
ပရဟိတ အနှစ်ရအောင် ပရဟိတသမားတွေ သိထားသင့်တဲ့ အင်တာနေရှင်နယ် စံလေးတွေ
၁။ Acceptance - အရှိအမှန်ကို လက်ခံနိုင်ရမယ်။
ပရဟိတ လုပ်ကြပြီဆိုတော့ အထူးသဖြင့် ဆင်းရဲတာတွေ၊ ခက်ခဲတာတွေ၊ ပြဿနာတွေကို အရှိအတိုင်း လက်ခံရတယ်။ ပစ်ပယ်လို့ မရဘူး။ အပြစ်မတင်ရဘူး။
၂။ Individualization - ကူညီရမယ့်လူကို တစ်သီးပုဂ္ဂလ အဖြစ် မြင်ပါ။ အစုအဖွဲ့ဝင်အဖြစ် မမြင်ပါနဲ့။ ဘာသာရေး အဖွဲ့ဝင်၊ နိုင်ငံရေး အဖွဲ့ဝင်။ အဖွဲ့ဝင် တစ်ခုခုအဖြစ် မမြင်ပါနဲ့။
၃။ Self-determination - ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပါ။ ကူညီတဲ့နေရာမှာ နိုင်ငံရေး တွန်းအား၊ ဘာသာရေးတွန်းအား။ တွန်းအားတစ်စုံရာကြောင့် ဆုံးဖြတ်ချက်ချရတာမျိုး မဖြစ်ပါစေနဲ့။
၄။ Non-judgemental attitude - ခွဲခြားဆုံးဖြတ်တာမျိုး မဖြစ်ပါစေနဲ့။ ကူညီရမယ့်သူက လူကောင်းလား လူဆိုးလား။ ဆင်းရဲသလား ချမ်းသာသလား ဘယ်လိုခွဲခြားမှုမျိုးမှ မထားဘဲ တပြေးညီ ကူညီပါ။
၅။ Confidentiality - လျှို့ဝက်စရာရှိတာ လျှို့ဝှက်ပေးထားရမယ်။ ကိုယ်ကူညီလိုက်တဲ့သူရဲ့ ပြဿနာ တစ်စုံတစ်ရာကို မသင့်တော်တဲ့နေရာမှာ ဖွင့်မချမိပါစေနဲ့။ သူမှာ ဘာရောဂါ ရှိတယ်၊ ဘာပြဿနာရှိတယ်။ သူသိက္ခာကျအောင် ဖွင့်မပြောမိပါစေနဲ့။
၆။ Friends and Family - ကျယ်ကျယ်ပြန့်ပြန့် ပရဟိတ ဆောင်ရွက်ဖို့ လိုသလို မိတ်ဆွေတွေနဲ့ မိသားစုကို ကူညီဖို့ မမေ့ပါနဲ့။ အဖေပရဟိတ၊ အမေပရဟိတ၊ မိသားစု ပရဟိတ၊ အိမ်တွင်းပရဟိတ၊ သူငယ်ချင်း ပရဟိတ။ ဒါတွေလည်း မကျန်ခဲ့ပါစေနဲ့။
၇။ Satisfactory - လုပ်နိုင်တဲ့ လက်ရှိအခြေအနေကို ကျေနပ်ပါ။ မတတ်နိုင်သေးတဲ့ ပရဟိတ လုပ်ငန်းတွေကို တွေးတောပြီး စိတ်မပူပါနဲ့။
----
ပဒံမြေ ဖြူစင်မေတ္တာ အောက်စီဂျင်အဖွဲ့
စတုတ္ထအကြိမ် ဓမ္မပူဇာသဘင် တတိယည အောင်ပွဲ ပြီး၏။

:)
ရှင်အာစာရ

No comments:

Post a Comment