Friday, January 6, 2017

လမ်းစ (Nov 8, 2016)


"ဆန်တစ်ပြီ ဆယ်ပြား ဦးနု လာမှ စား။"
"ဆီတစ်ပုလင်း တစ်မတ် ဦးနုလာမှ ခတ်။"
အမေတို့ မျှော်လင့်ခဲ့ကြဖူးသည်။
-----
"ဦးနုက သာသနာအတွက် အမြော်အမြင် ကြီးကြီးနဲ့ ပါလီမန်အထိ တင်ခဲ့တဲ့ သာသနာရေးနဲ့ဆိုင်တဲ့ အက်ဥပဒေတွေကို ဗိုလ်ချုပ်နေဝင်းက အကုန်ဖျက်ပစ်လိုက်တယ်။"
သံဃာ့တက္ကသိုလ် ပျက်ခဲ့ရခြင်း အစရှိသော သာသနာရေးဆိုင်ရာ ဆုံးရှုံးမှုများစွာနှင့် ကြုံခဲ့ရပြီး သူ၏ ပညာရေးလမ်းစ ပျောက်ခဲ့ရပုံ၊ လမ်းစရှာခဲ့ရပုံတို့ကို သီတဂူဆရာတော်ကြီးက Association of Myanmar Buddhist Universities Academies and Colleges ၏ EC အစည်းအဝေး အဖွင့်သြဝါဒ၌ ထည့်သွင်းမိန့်ကြားတော်မူခဲ့သည်။ သာသနာအတွက် လမ်းစရှာကြရန် ဆိုလိုတော်မူသည်။
-----
ပြောင်းလဲချိန်ကို မျှော်လင့်ရသည့် ပြည်သူတို့၏ အမေ့ခေတ်၌ ဦးနု ပြန်လာတော့မည် မဟုတ်ပေ။ လမ်းစတို့ မည်သို့ ရှိလာမည်နည်း။

No comments:

Post a Comment