Friday, January 6, 2017

ပိုးစိုးပက်စက် ကဗျာ (Dec 13, 2016)

ပစ္စလက္ခတ် အလင်္ကာတွေ
ကမ္ဘာကြီးထဲ တန်းဆာဆင်နေပုံ
ကဗျာဟန်နဲ့ လှပ
လန်းဆန်း သွက်လက် ခန့်ငြား။

ပစ္စလက္ခတ် အလင်္ကာတွေ
ရေလိုက်ငါးလိုက် လိမ်းခြယ်
တီးကွက်ကိုက် ကခုန်
သံစဉ်ကိုက် သီဆို။

ပစ္စလက္ခတ် အလင်္ကာတွေ
အခြေအနေကြည့် စောင့်စည်း
မိုးရိပ်လေကဲအလိုက် စူးစိုက်
ဒီရေလို အတက်အကျနဲ့ စူးစမ်း။

ပစ္စလက္ခတ် အလင်္ကာတွေ
အနိစ္စတွေ သီလတွေနဲ့
ဒုက္ခတွေ သမာဓိတွေနဲ့
အနတ္တတွေ ပညာတွေနဲ့။

ပစ္စလက္ခတ် အလင်္ကာတွေ
အမှန်အကန် စောင့်စည်းဟန်နဲ့
တကယ့်တကယ်ကြီး စိုက်စိုက်ကြီးစူးနေဟန်နဲ့
အဟုတ်ကြီးကို အစူးအစမ်းကြီးဟန်နဲ့။

ပစ္စလက္ခတ် အလင်္ကာတွေ
လေကို တောင်ပံတပ်
နာရီတွေကို သယ်ဆောင်
ကမ္ဘာကုန်ကျယ်သရွေ့။

ပစ္စလက္ခတ် အလင်္ကာတွေ
အော် . . .
ဒုက္ခ
ဒုက္ခ . . . ဒုက္ခ။




:)
ရှင်အာစာရ

No comments:

Post a Comment