Saturday, January 28, 2017

ပုဂံ

(Jan 17, 2017)

ရတနာရယ်လို့
ထုတ်ထုတ် ကြည့်ကြဖို့
သူတို့ ထုဆစ်ခဲ့ကြတာ။

ထုတ်ထုတ်ပြစရာလည်း
ဘိုးဘွားပိုင် ကာယပစ္စည်းတွေ
ဟောဒီလို ဉာဏပစ္စည်းတွေပဲ။

သူတို့ ဘယ်လို နေခဲ့နေခဲ့
စိတ်ကျေနပ်ဖို့ အတွက်တော့
ရင်းနှီး ထုဆစ်ခဲ့ကြတယ်။

သူတို့ စိတ်ကူးခဲ့တာတွေကို
ငါတို့ စိတ်ကူးယဉ်တတ်ရင်ကို
သူတို့ ကျေနပ်နေကြမှာ။

 
:)
ရှင်အာစာရ

No comments:

Post a Comment