Friday, January 6, 2017

မုခပါဌ်တော် (Dec 19, 2016)

မနေသာဘူး
ရန်ကုန်ထိ ဆင်းရမယ်
မြွေကြီးနှစ်ကောင်ထိ တက်ရမယ်
မြစ်ဆုံထိ ဆက်ရမယ်။

မနေသာဘူး
မြစ်သာမြစ်မှာ ကူးခတ်ပြီး
ကျုံးတော်ရေမှာ ဆင်းချိုးပြီး
အင်းလေးကန်မှာ ရွက်လွှင့်ပြီး။

မနေသာဘူး
ဟမ်ဘာဂါနဲ့ ကင်ချီနဲ့
ပီလီနဲ့ မက်ဒေါနားနဲ့
မုန့်ဟင်းခါးနဲ့ မေသက်ထားဆွေနဲ့။

မနေသာဘူး
လမ်းကြောင်းပ်ါတက်လျှောက်
ပင်လုံဆီ ချီတက်
နတ်မောက်ခရီး ပြန်စ။

မနေသာတဲ့ အဆုံး
ကင်းဆိတ်တဲ့အထိ
မိမိကိုယ်ကို ကျွန်ဇာတ်သွင်း
မိမိကိုယ်သာ ကိုးကွယ်ရာ။

 
:)
ရှင်အာစာရ

No comments:

Post a Comment