Thursday, October 20, 2016

လှောင်ချိုင့်စံငှက်

လွတ်လပ်တဲ့ ငှက်က
လေရဲ့ကျောကုန်းပေါ် ခုန်ပေါက်
ရေစီးဆုံးတဲ့ထိ
စုန်ရေမှာ ကိုယ်ဖော့ စီးမြော
လိမ္မော်ရောင် နေခြည်တွေထဲ
သူ့အတောင်တွေကို နှစ်မြှုပ်
ကောင်းကင်ကို သူပိုင်တယ် ကြေငြာလို့။

ဘားတန်းတွေကို ကျော်ကြည့်ခဲတဲ့ ငှက်က
လှောင်ချိုင့်ကျဉ်းထဲမှာ တွဲခိုစီး
သူ့အတောင်တွေ တိတိပြတ်
သူ့ခြေတောက်တွေ တွယ်နှောင်
ဒီလိုနဲ့ပဲ
တေးသီဖို့ သူ့လည်မျိုကို ဖွင့်ခဲ့ပေါ့။

လှောင်ချိုင့်စံငှက်
ထိတ်လန့်သံနဲ့ တေးသီ
တည်ငြိမ်ခြင်းကိုတော့ တမ်းတမိ
ဘာကိုကြောက်တယ် မသိရတဲ့ သူ့ရဲ့ စိုးရွံ့သံစဉ်ကို
အဝေးတောင်ကုန်းက ကြားနေရ
သူ့အတွက် လွတ်မြောက်မှု သင်္ကေတပေါ့။

လွတ်လပ်တဲ့ငှက် စိတ်ကူးတာက
လေပြေလေညှင်း
တဟီးဟီးမြည်တဲ့ သစ်ပင်တွေကြားက လေထုနဲ့
တောက်ပတဲ့ အရုဏ်ဦးမြက်ခင်းပေါ်က ပိုးကောင်ဝတုတ်တွေပေါ့
သူက ကောင်းကင်ကို သူပိုင်နာမည် တံဆိပ်ကပ်နေပြန်ရော။

လှောင်ချိုင့်စံငှက်ကတော့
အိပ်မက်သချုင်းပေါ်မှာ ရပ်လျက်သား
သူ့အရိပ်က အိပ်မက်ဆိုးထဲ ထအော်
သူ့အတောင်တွေ တိတိပြတ်
သူ့ခြေတောက်တွေ တွယ်နှောင်
ဒီလိုနဲ့ပဲ
တေးသီဖို့ သူ့လည်မျိုကို ဖွင့်ခဲ့ပေါ့။

လှောင်ချိုင့်စံငှက်
ထိတ်လန့်သံနဲ့ တေးသီ
တည်ငြိမ်ခြင်းကိုတော့ တမ်းတမိ
ဘာကိုကြောက်တယ် မသိရတဲ့ သူ့ရဲ့ စိုးရွံ့သံစဉ်ကို
အဝေးတောင်ကုန်းက ကြားနေရ
သူ့အတွက် လွတ်မြောက်မှု သင်္ကေတပေါ့။

:) 
ရှင်အာစာရ

-----
ဘာသာပြန် -
CAGED BIRD by
Maya Angelou

No comments:

Post a Comment