Monday, September 5, 2016

ခွဲရေး တွဲရေး


"ကဲ ဆရာသော . . . လုပ်စပ်းပါအုံး။ ဘာဖြစ်လို့ ခွဲထွက်ချင်ရတာလဲ။"

"တယ်ခက်ပါလား မောင်စံရာ . . . ဖြစ်နိုင်ရင် ဘယ်သူက ခွဲထွက်ချင်မှာလဲ။ အဓိက . . . မင်းတို့ ဘဘုန်းပေါ့ကွာ။"

"ဘာတွေလဲ။ လုပ်စမ်းပါအုံး။"

"နံပါတ် ၁ . . . ဗဟို ချုပ်ကိုင်မှု . . . အဲ . . . အာဏာရှင်ဆန်တယ်ကွာ။ နံပါတ် ၂ . . . အဲ . . . ဘယ်လို ပြောရမလဲ . . .။ အင်း . . . သယံဇာတ ခွဲဝေမှုပေါ့ကွာ။ ပြောရရင် အများကြီးပဲ ဟ။"

"ဆရာသောကတော့ လုပ်ပြီ။ နိုင်ငံရေးတွေ ပါလာပြီ။ ဟဲ ဟဲ။"

"ခေတ်စကားနဲ့ ပြောရတာ ဟ။"

"ကဲ လုပ်စမ်းပါအုံး။ ဘဘုန်းက ဘာတွေ အာဏာရှင်ဆန်လို့လဲ။ တပည့်တော်တို့ ကျောင်းတိုက်မှာ ဘာ သယံဇာတတွေ ရှိလို့လဲ။"

"မောင်စံ တယ်ဝေးပါလား။ တို့ကျောင်းတိုက်မှာ သယံဇာတတွေ များမှများ။ အာဏာရှင် ဆန်တာကတော့ . . . အေးကွာ . . . အမှိုက်ပုံး နေရာရွှေ့တာတောင် သူကို ကြိုမပြောရင် ဘဘုန်းက ကြိုက်တာ မဟုတ်ဘူး။ မနေ့ကပဲ သောက်ရေအိုးစဉ်နားက အမှိုက်ပုံးကို လက်ဆေးကန်နား ရွှေ့လိုက်တာ တော်တော်လေး အဆဲခံလိုက်ရတယ်ကွာ။ ငါက နေရာတကာ ဆရာလုပ်တယ်တဲ့။ လုပ်သင့်တာ လုပ်တာပါ။ အဲ့ဒီလောက်တောင် အာဏာခွဲဝေမှု မရှိဘူး ဟ။ ဟဲ ဟဲ။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ :) သယံဇာတ ကျတော့ရော?"

"ဥပမာကွာ . . . အရင်တစ်ပတ်က တောင်ရွာထဲက ဒကာမကြီး ဒေါ်အေးသော် ဆုံးလို့ . . . ဘဘုန်းက နေပူကြီးထဲ မလိုက်ချင်ဘူးဆိုလို့ . . . အသုဘရှု ငါလိုက်သွားတယ်။ ပြန်လာတော့ ဘဘုန်းက ကန်တော့ပွဲ သိမ်းတယ်။ ဒကာမကြီးက မျက်နှာကြီးမို့ . . . နဝကမ္မ သုံးသောင်းပါတယ်။ မင့်ဘဘုန်းက ငါ့ကို တစ်ပြားမှ မပေးဘူးဗျာ။ င့ါမှာဖြင့် နေပူကြီးထဲ ချွေးတလုံးလုံးနဲ့။ အခု ငါ့ဖုန်းထဲမှာ ဘေလ် နှစ်ရာပဲ ကျန်တော့တယ်။"

"ပေါက်ပြီဗျာ၊ ပေါက်ပြီ။ ဦသောတို့ ခွဲချင် ခွဲဗျာ။ ကျုပ်တို့တော့ ခွဲဖို့လည်း မစွမ်းနိုင်တော့ ဒီတိုင်းပဲ မင်မပျက် နေလိုက်တော့မယ်။"

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment