Friday, July 3, 2015

စင်္ကာပူ ပေးစာ

ကြွားနိုင်ပြီ။ ခုချိန်ကစပြီး ဓာတ်ပုံနှင့်တကွ ကြွားနိုင်တယ်။ နေ့စဉ်ရက်ဆက် ကြွားလည်း ရတယ်။ ကြိုးကြားကြိုးကြား ရက်ခြားပြီး ကြွားလည်း ရတယ်။ လက်ခံတယ်။ ဗီဇာမကုန်မချင်း ကြွားနိုင်တယ်။ Rejectထု မခံရဘူးဆိုရင် သက်တမ်းတိုးပြီးတော့လည်း ကြွားနိုင်တယ်။ အဲ့ဒါကိုတော့ သိပ်အားမပေးချင်ဘူး။ ကိုယ့်Statusနဲ့ကိုယ် မြန်မြန်ပြန်လာတာ ပိုကောင်းတယ်။ ဗီဇာသက်တမ်း နှမြောစရာဆိုပြီး အဲ့ဒီမှာ ဟိုကုတ်ကပ် ဒီကုတ်ကပ် နေနေရင်း ဒီဘက်ကို လှမ်းဖိန့်တာမျိုးတော့ ရှောင်။ Stayရှောင်ရင်း သက်တမ်းတိုးရင်းနဲ့ စနေ တနင်္ဂနွေလိုမျိုး ဆွမ်းဒကာဒကာမတွေ အလုပ်အားမယ့်ရက် တမျှော်မျှော် မရှိမိစေနဲ့။ နေ့ရက်တိုင်း နေ့ရက်တိုင်း အဓိပ္ပာယ် တစ်ခုစီနဲ့ . . . ဒုတိယနိုင်ငံ၊ တတိယနိုင်ငံ၊ စတုတ္ထနိုင်ငံ၊ ပဉ္စမနိုင်ငံ စသည်အားဖြင့် တိုက်ကြီးတစ်ခုပြီးတစ်ခု လှည့်မယ်ဆိုရင်တော့ ချသာချ။ အားပေးတယ်။ မတန်မရာ ဘာမဆိုင် ညာမဆိုင် နိုင်ငံခြားသာသနာပြုလို့ ပလီရင်တော့ ကန့်ကွက်မယ်။ အပျော်အပျက် သဘောမျိုးတောင် မပလီမိစေနဲ့။ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်။ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တာထက် ဆယ်ဆသာသွားမယ်။ ၀ိုင်းရံမယ့် လူတွေလဲ အဆင်သင့်ပဲ။ နောက်ဆုံး အနေနဲ့ . . . ဖောင်ဒေးရှင်းနဲ့တကွ ပင်နီဆူလာကြီး တစ်ခုလုံး ဆူဗီးနီးယား လုပ်လာခဲ့ရင်လည်း လက်ခံမယ်။ သော့ချိတ် ဆိုရင်တော့ ဆောရီးပဲ။ Something Satandard Qualityဆိုရင်တော့ Anything Duty Freeလည်း အားပေးတယ်။

(ဆက်ရန် . . . . .)

:)
 ရှင်အာစာရ

No comments:

Post a Comment