Friday, May 22, 2015

သင်ရိုး နှင့် သိမ်းပိုက်နိုင်မှု (ဗုဒ္ဓဘာသာ)

(မိုးအေးသောကြောင့် ဖြစ်မည်။ ဖုန်းလိုင်း ကောင်းသည်။)

ဖြေ။ ။ “တပည့်တော် ခု အသက်ရှစ်ဆယ် ပြည့်တော့မယ်။ ဘုန်းဘုရား . . . နိုင်ငံအတွက်လည်း စိတ်ပူတယ်။ သာသနာအတွက်လည်း စိတ်ပူတယ်။ နိုင်ငံရေးတော့ ထားပါ။ သာသနာအတွက် လုပ်ရတာ ထင်တိုင်းမပေါက်တော့ အားတက်သရော မဖြစ်နိုင်ဘူး ဘုရားရယ် . . .။”
မေး။ ။ “ဒကာကြီးတို့ လုပ်ပေးနေတဲ့ . . . တစ်ခြား သာသနာပြုလုပ်ငန်းတွေတော့ မသိဘူး။ ဓမ္မစကူးလ်တွေ အခြေအနေ ကောင်းပါတယ်။ အားမရဘူးလား။”

ဖြေ။ ။ “အဲ့ဒါလည်း . . . ပြဿနာက ညှိမရတာ။ တစ်နိုင်ငံလုံးအတွက် ဗျူရိုနဲ့ . . . သင်္ခန်းစာ တစ်ခုတည်း စံနဲ့ တားဂက်နဲ့ ဖြစ်စေချင်တာ။ ဘာသာရေး သင်ပေးနေတဲ့ ဆရာတော် တစ်ချို့က . . . လုပ်ပေးတာ ကောင်းပါတယ်။ သင်ရိုးအတူတူ လုပ်ကြဖို့ ညှိနိုင်းတော့ လျှောက်ထားရတာ အဆင်မပြေဘူး။”

မေး။ ။ “သူ့မူနဲ့သူ သင်နေတာ အဆင်မပြေဘူးလား။”

ဖြေ။   ။ “ဘုန်းဘုရားရေ . . . တပည့်တော်တို့ နိုင်ငံမှာ သံဃာအင်းအား နည်းတာ မဟုတ်ဘူးနော်။ ဒီအားတွေ စုစုစည်းစည်းနဲ့ တက်တက်ကြွကြွ လုပ်ကြစေချင်တာ။ အားလုံးလုပ်ကြစေချင်တာ။ လုပ်နေတဲ့ ဆရာတော်တွေ သူ့မူနဲ့သူ သင်တာကောင်းပေမယ့် . . . သူ့တစ်သက်နဲ့ ပြီးသွားမှာ စိုးရိမ်တာ။ တပည့်တော်တို့ သင်ရိုးတူစေချင်တယ် ဆိုတာက . . . တပည့်တော်တို့က လက်ဝါးကြီးအုပ်ချင်လို့ မဟုတ်ဘူး။ ရေရှည် အစဉ်အဆက် တည်စေချင်တာ။ ကျောင်းထိုင်ဆရာတော်တွေ . . . တစ်ပါးလာ တစ်မျိုးသင်၊ တစ်ပါးလာ တစ်မျိုးသင်။ မသင်ချင်တဲ့ ဆရာတော်ကျတော့ ရပ်ထားလိုက် . . . ပြီးတော့ နောက်တစ်ပါး ပြန်စ။ သင်ချင်တဲ့စာကောက်သင် . . .။”

မေး။ ။ “သဘောက်ပေါက်ပါပြီ။ တီဗီမှာ လာတာတွေ တွေ့ရတယ်။ အခု ဓမ္မစကူးတွေ အရှိန်ဟုန် ကောင်းနေတာပဲ။ နောက်တော့ အားလုံး သင်ရိုးညီသွားမယ် ထင်ပါတယ်။ မဖြစ်နိုင်ဘူးလား။”

ဖြေ။ ။ “မလွယ်ပါဘူး ဘုရားရယ် . . .။ အရှိန်အဟုန် ကောင်းတယ်ဆိုတာလည်း တီဗီထဲမှာ ကြည့်လို့ကောင်းပေမယ့် အပြင်မှာ အခက်အခဲတွေ ရှိပါတယ်။”

မေး။ ။ “ရှိသင့်သလောက်တော့ ရှိမှာပေါ့။ ကြီးကြီးမားမား အခက်အခဲတွေမို့လား။”

ဖြေ။ ။ “တစ်ခု နမူနာ လျှောက်မယ်။ သင်နေတဲ့ ကျောင်းတစ်ကျောင်း ရောက်တော့ . . . ကျောင်းသားတွေ တော်တော်များပါတယ်။ ခက်တာက . . . အထက်တန်းလွှာကို မစည်းရုံးနိုင်ဘူး ဖြစ်နေတယ်။ နိုင်ငံတိုးတက်ဖို့ ဗုဒ္ဓဘာသာက ထောက်ပံ့ပေးဖို့ဆိုရင် . . . လူမှုရေး စီးပွားရေး နိုင်ငံရေး ထိပ်ပိုင်းရောက်မယ့် ကလေးတွေ၊ နိုင်ငံကို မောင်းနှင်မယ့် ကလေးတွေကို ဘုရားအဆုံးအမ သင်ပေးနိုင်မှ . . .။ အဓိက . . . သစ္စာ၊ သမာဓိ၊ သတ္တိ။ သင်တန်းတက်တဲ့ ကလေးတွေ ကြည့်လိုက်တော့ အားရစရာ မကောင်းဘူး။ ပြောပါရစေတော့ ဘုရားရယ် . . .။ တစ်ချို့ကလေးတွေ မုန့်စားချင်လို့ လာကြတာတောင် ပါတယ်။”

မေး။ ။ “မုန့်စားချင်တော့လည်း ကျွေးလိုက်ပေါ့ ဒကာကြီးရယ် . . .။ ဘုရားတရားနဲ့ ပတ်သက်တာ သင်ပေးခွင့် ရတာပဲ မကောင်းဘူးလား။”

ဖြေ။ ။ “ခုနက တပည့်တော် လျှောက်သလိုပေါ့။ ဟုတ်တိပတ်တိ ကလေးတွေကို စည်းရုံးပြီး ရေရှည် ပေါ့။ စဉ်ဆက်မပြတ် သင်ပေးနိုင်မှ။”

မေး။ ။ “ဟုတ်ပါပြီ ဒကာကြီးရေ . . .။ ဘာဖြစ်ဖြစ် . . . ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်တာပေါ့။”

:)
ရှင်အာစာရ
(ဒကာကြီး ကျန်းမာပါစေ။)

No comments:

Post a Comment