Friday, May 8, 2015

အကယ်၍


အကယ်၍
ငါဟာ ထူအစွာ

မျက်ဖြူလန်အောင် ကစ်ခနဲ အစ်ခနဲ

မင့်အချစ်တုံးကြီးတွေ အတစ်လိုက်ကြီး

လွေးပြီးသားကြီး ဖြစ်ပါလျက်နဲ့

ကဗျာဆရာ မဖြစ်ရသေးတာကြီး ဆိုရင် . . .။



အကယ်၍

ငါဟာ သေးသိမ်စွာ

ကမ္ဘာကောင်းဖို့ တွန်းနေတဲ့

မင့်အားတွေ တွန့်သွားအောင်

အညွန့်ထွားထွား ချိုးချင်တယ်ဆိုရင် . . .။



အကယ်၍

ငါဟာ ကျဉ်းမြောင်းစွာ

မင့်အပြစ်တွေ တမင်ရှာပြီး

ဒါမှမဟုတ် မဟုတ်ပြစ်တွေ ကြံဖန်ပြီး

မင့်ကို သေးသိမ်စေတယ် ဆိုရင် . . .။



အကယ်၍

ငါဟာ လျှို့ဝှက်စွာ

ငါ့အပြစ်တွေ ကွယ်ကာပြီး

အနုံအအတွေ အထင်ကြီးအောင်

ဆင်ခြေ၀တ်ရုံ ခြုံထားတယ် ဆိုရင် . . .။



အကယ်၍

ငါဟာ မိုက်မဲစွာ

ငါ့ဖြစ်တည်မှု ငါမကြည့်

သံသရာဘ၀ကောင်း မျှော်တယ်မရှိ

ဘ၀အဆုံး အေးနိဗ္ဗာန် မကြံမိ

အသိလွတ်ကျ

သတိလွတ်ကျ

လောဘ ဒေါသ

မာန ဿာ

ကြီးစွာသော မီးတွေနဲ့

သိသိကြီး အပူခံနေမိတယ် ဆိုရင်။



ငါ့ရှင်ရေ . . .

ငါဟာ ရဟန်းမစစ်သေးလို့ပေါ့။



:)

ရှင်အာစာရ

9May2015

Rahula, Sai Pyin

No comments:

Post a Comment