(မေတ္တာပွားရကျိုး အဆက်)
ယောဂီ။ ။ အဲ့ဒီအချိန်မှာ စိတ်က အားနည်းနေလို့ ဖြစ်ပါတယ်။
ဆရာကြီး။ ။ ဟုတ်ပါတယ်။ ကွယ်လွန်ချိန်မှာ ကိုယ်ရော စိတ်ရော အားနည်းနိုင်ပါတယ်။ နေထိုင်ရှင်သန်ချိန်မှာ စိတ်ခံစားမှုတွေကို တမင်သက်သက် ဖယ်ထုတ်ပစ်လိုက်နိုင်ပါတယ်။ ငြင်းဆိုနိုင်ပါတယ်။ ဖိနှိပ်ထားနိုင်ပါတယ်။ သူတို့ကို မေ့ထားပြီး အလုပ်များနေပါတော့တယ်။ ကွယ်လွန်ချိန်မှာတော့ ဖြစ်ပေါ်လာတာတွေကနေ မလွတ်မြောက်နိုင်တော့ပါဘူး။
ဒါ့ကြောင့် ရှင်သန်နေချိန်၊ အားအင်ကောင်းတုန်း အချိန်မှာ ဒဏ်ရာတွေကို ကြည့်ရှုသင့်တယ်၊ ပျောက်ကင်းအောင် ကုသသင့်တယ် ဆိုတာကို ကျွန်တော် အလေးပေး ပြောကြားတာပါ။ ဒါတွေကို ရှေးဟောင်း ဗုဒ္ဓစာပေမှာလည်း ဖော်ပြထားတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ထားပါတော့ . . .။ ဒါဟာ ဆယ်ခုမြောက် အကျိုးအာနိသင်၊ သတိနဲ့ သေဆုံးခြင်း ဖြစ်ပါတယ်။ အသိရှိရှိနဲ့ သေဆုံးခြင်းရဲ့ အရေးပါပုံ ဖြစ်ပါတယ်။ မေတ္တာဘာဝနာနဲ့ သေခြင်းတရား ဆက်စပ်နေတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
နောက်ဆုံး အကျိုးအာနိသင်က . . . ကွယ်လွန်တဲ့ အခါမှာ ကောင်းမြတ်တဲ့ ဘဝ၊ နတ်ဘုံမှာ ဖြစ်ရပါတယ်တဲ့။ ဒီ အကျိုးအာနိသင်တွေကို ဒီဘဝမှာ တွေ့မြင်နိုင်တယ် ဆိုတာကို သတိရဖို့၊ နားလည်ထားဖို့ အရေးကြီးပါတယ်။
ဒါတွေဟာ ဒီစာအုပ်ထဲမှာ ထည့်ရေးထားတဲ့ အကျိုးအာနိသင်တွေ ဖြစ်ပါတယ်။ နောက်ထပ် ထပ်ထည့်နိုင်သေးလား ကြည့်ကြရအောင်။ ကိုယ့်အတွေ့အကြုံကနေ . . . ထပ်ထည့်ရအောင်။ အကြံပြု တင်ပြချင်တာ ရှိပါသလား။
ယောဂီများ တင်ပြသည့် မေတ္တာအကျိုး
ယောဂီ။ ။ ရန်သူ မရှိနိုင်ပါဘူး။ ဆက်ဆံပေါင်းသင်းလို့ မရတဲ့သူ မရှိနိုင်ပါဘူး။ သူတစ်ပါးအပေါ် မုန်းတီးစိတ် မရှိနိုင်ပါဘူး။
ဆရာကြီး။ ။ သိပ်ကောင်းတာပဲ။ တစ်နည်းအားဖြင့် လူတွေက ချစ်ခင်ကြခြင်းလို့ ပြောလို့ရပါတယ်။ လူတွေက ကိုယ့်ကို မကြိုက်မှပဲ ကိုယ့်မှာ ရန်သူရှိပါတယ်။ ဟုတ်ပါပြီ။ ခင်ဗျားပြောသလို ရန်သူမရှိခြင်းဟာ ထူးခြားတဲ့ အကျိုးပါ။ ဒါကြောင့် . . . မိတ်ဆွေတွေပဲ ရှိပါလိမ့်မယ်။ ရန်သူရှိမှာ မဟုတ်ပါဘူး။ သိပ်ကောင်းတဲ့ ဘဝနေနည်းပဲ။ တစ်ခြား ရှိပါသေးလား။
ယောဂီ။ ။ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ ဆိုလိုတာက . . . စိတ်ထဲမှာ အမုန်းတရား ရှိနေတဲ့အခါ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ . . . သူတစ်ပါးကို ထည့်သွင်း မစဉ်းစားဘဲ ကိုယ်ထင်သလို ဆုံးဖြတ်ချက် ချမှတ်တဲ့ အတွက်ကြောင့်ပါ။
ဆရာကြီး။ ။ သိပ်ကောင်းတာပဲ။ ဒါကြောင့် အမုန်းတရား ရှိနေရင်၊ အမျက်ဒေါသ ရှိနေရင် ဆုံးဖြတ်ချက် မချပါနဲ့။ ဆုံးဖြတ်ချက်ဟာ ကြည်လင်တဲ့စိတ်က လာမှာ မဟုတ်ဘဲ ရှုပ်ထွေးတဲ့ စိတ်က လာမှာမို့ပါ။ ဆုံးဖြတ်ချက်တင် မကပါဘူး။ အပြောအဆိုတွေလည်း ပါပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ စိတ်ဆိုးနေတယ်ဆိုရင် စိတ်ဆိုးနေတုန်းမှာ ပါးစပ်ပိတ်ထားဖို့ အကြံပေးချင်ပါတယ်။ ဘာပဲပြောပြော ကြည်လင်တဲ့စိတ်ကနေ ထွက်ပေါ်လာတာ မဟုတ်လို့ပါ။ ပိုရှုပ်ပြီး အခြေအနေ ပိုဆိုးသွားနိုင်လို့ပါ။ အဲဒီလို အခါမျိုးမှာ စိတ်အခြေအနေဟာ တကယ့်ကို အရေးကြီးပါတယ်။
တစ်ယောက်ယောက်က အမှားလုပ်တဲ့ အခါမျိုးမှာ ကျွန်တော်တို့ စိတ်တိုပြီး မှားတဲ့လူကို ဒေါသတကြီးနဲ့ အမှန်ပြင်ပေးတတ်ကြပါတယ်။ ကျွန်တော် အကြံပြုချင်ပါတယ်။ အဲဒီလို တုံ့ပြန်မှုမျိုး၊ အမှားကို ဒေါသနဲ့ ပြင်ပေးတာမျိုးဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ မေတ္တာနဲ့ ပတ်သက်လို့ နေ့စဉ်ဘဝမှာ တကယ် အသုံးချလို့ ရတာတွေ ရှိပါတယ်။ တစ်ခြား ထည့်စရာ ရှိပါသေးလား။
ယောဂီ။ ။ မေတ္တာဘာဝနာကို မလေ့လာရခင်တုန်းက ကျွန်တော် သူတစ်ပါး အပေါ်မှာ ဒေါသ ဖြစ်လွယ်ပါတယ်။ မေတ္တာဘာဝနာကို လေ့လာပြီးတော့ အခြေအနေ တော်တော်ကောင်းလာပါတယ်။ ဒေါသဖြစ်တာ အချိန်တိုသွားပါတယ်။ တဖြည်းဖြည်းနဲ့ ဒေါသ ပြေပျောက်သွားပါတယ်။ မေတ္တာဘာဝနာကို အဆက်မပြတ် ကျင့်သုံးတယ်ဆိုရင် . . . သူတစ်ပါးအပေါ် ဒေါသဖြစ်တာဟာ တော်တော် မိုက်မဲတယ်ဆိုတာကို သဘောပေါက် လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါသဟာ ကိုယ့်ကိုယ်ကိုယ်လည်း ဆင်းရဲစေလို့ပါ။ အမုန်းပွားလေလေ ကိုယ့်အတွက် ပြဿနာ များလေလေပါပဲ။
ဆရာကြီး။ ။ သိပ်ကောင်းတာပဲ။ ကောင်းတဲ့အချက် နှစ်ခု။ ပထမ တစ်ချက်က တော်တော့်ကို အရေးကြီးပါတယ်။ အမုန်း၊ ဒေါသ အစရှိတဲ့ စိတ်ခံစားမှုတွေကနေ ဘယ်လောက်မြန်မြန် ထွက်မြောက်နိုင်သလဲ။ ဒေါသ မဖြစ်စေရဘူးလို့တော့ စံနမူနာ ထားလို့မရဘူး ထင်ပါတယ်။ စံသတ်မှတ်ချက် ထားဖို့ လိုအပ်တယ်ဆိုရင် ဘယ်လောက်မြန်အောင် ဒေါသက ထွက်မြောက်ရမယ် ဆိုတာကို စံသတ်မှတ်သင့်ပါတယ်။
ဗုဒ္ဓစာပေထဲက လှပတဲ့ တရားတော်တစ်ခု ရှိပါတယ်။ ဒေါသသုံးမျိုးကို ဥပမာ သုံးမျိုးနဲ့ ဖော်ပြထားတာပါ။ ပထမ ဒေါသကို ဘယ်တော့မှ မပြောင်းလဲ မပျက်သုဉ်းနိုင်အောင် ကျောက်တုံးပေါ် ရေးထားတဲ့စာနဲ့ ခိုင်းနှိုင်းထားပါတယ်။ ဒုတိယ ဒေါသကို သဲပေါ်မှာ ရေးထားတဲ့စာနဲ့ နှိုင်းယှဉ်ထားပါတယ်။ တတိယ ဒေါသက ရေပေါ်မှာ ရေးတဲ့စာနဲ့ တူပါတယ်တဲ့။ မလှဘူးလား။ မြန်ပုံက . . . ဒေါသ . . . ဖြစ်လိုက်တာနဲ့ ပြေသွားတယ်။
ဒုတိယ အချက်လည်း ကောင်းပါတယ်။ အဲဒါ မိုက်မဲမှုပါပဲ။ ဒေါသဖြစ်ရင် ကိုယ်ကိုယ်တိုင်လည်း ဆင်းရဲရတာဆိုတော့ ဒေါသကို ဆုပ်ကိုင်ထားတာဟာ မိုက်မဲရာကျပါတယ်။ လေထဲ မော့ပြီး တံတွေး ထွေးသလိုပါပဲ။ တံတွေး ပြန်ကျလာတော့ ကိုယ့်မျက်နှာပေါ် ပြန်ကျတာပဲ။
နောက်ထပ် ရှိပါသေးလား။ ကျွန်တော်တို့ တီထွင်ကြံဆ တွေးခေါ်နိုင်ပြီး မေတ္တာရဲ့ အကျိုးအာနိသင်တွေ အခုလို ထပ်ပေါင်းထည့်နိုင်တာ တော်တော်ကောင်းပါတယ်။
ယောဂီ။ တစ်ချိန်လုံး နွေးနွေးထွေးထွေ ပျော်ရွှင် နှစ်သက်စေပါတယ်။
ဆရာကြီး။ ။ မှန်ပါတယ်။ လူသားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပိုပိုပြီး အေးတိအေးစက် ဖြစ်နေကြတဲ့အတွက် နွေးထွေးတဲ့ ခံစားချက်ဟာ အလွန် အရေးကြီးပါတယ်။ သီလရှင် ကျောင်းမှာတုန်းက ကျွန်တော် ပြောခဲ့ပါသေးတယ်။ လူသားတွေ ဖြစ်နေပုံဟာ တစ်နေ့ထက်တစ်နေ့ စက်ရုပ်ဆန်လာနေပါတယ်။ စက်ရုပ်ဆန်တဲ့ သဘောတစ်ခုက . . . ခံစားချက် ကင်းမဲ့တာ ဖြစ်ပါတယ်။ ကိုယ့်အတွက်ရော သူတစ်ပါး အတွက်ပါ နွေးထွေးတဲ့ ခံစားမှုရှိဖို့ အရေးကြီးပါတယ်။ ဒီလို ခံစားချက်ဟာ လှပပါတယ်။
နောက်တစ်ခုက . . . ကျွန်တော် ဆွေးနွေးမေးမြန်ခဲ့တဲ့ ယောဂီတစ်ချို့နဲ့ သင့်တော်မယ်ထင်ပါတယ်။ မေတ္တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားစေနိုင်တယ် ဆိုတာပါပဲ။ မေတ္တာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆက်စပ်တာကို မြင်နိုင်ကြပါသလား။
ယောဂီ။ ။ မေတ္တာတရား ရှိတဲ့အခါမှာ သူတစ်ပါးကို အထောက်အကူ ပြုနိုင်မယ့် အလုပ်တွေကို လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။ ကိုယ့်အတွက် လျှော့စဉ်းစားပြီး သူတစ်ပါးအတွက် များများ စဉ်းစားပါတယ်။ ဒီလို နေထိုင်ရှင်သန်တယ်ဆိုရင် တစ်ဘဝလုံး နောင်တမရဘူးနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါဆိုရင် . . . ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှု ရှိတာပါပဲ။
ဆရာကြီး။ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပတ်သက်လို့ ကျွန်တော် စဉ်းစားမိတာတစ်ခု ရှိပါတယ်။ မအောင်မြင်ဘူး၊ အသုံးမကျဘူး၊ တန်ဖိုးမရှိဘူး၊ အမြဲတမ်းကျဆုံးနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆိုးဆိုးဝါးဝါး မြင်တာပါ။ အများအားဖြင့် ကျဆုံးမှုလို့ မြင်တတ်ပါတယ်။
မေတ္တာတရား များပြားလာတာနဲ့အမျှ . . . အထူးသဖြင့် ကိုယ့်ကိုယ်ကို မေတ္တာထားနိုင်တာနဲ့အမျှ မေတ္တာရဲ့ အစွမ်းကို မြင်နိုင်ပါတယ်။ ကိုယ့်ရဲ့ အလားအလားတွေကို မြင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးစိတ်တွေ ပိုလာပါတယ်။ ဒီကနေပြီး . . . ဖြစ်ပေါ်လာသမျှကို ငါ ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ . . . ကိုယ့်ကိုယ်ကို ယုံကြည်လာနိုင်ပါတယ်။ အခက်အခဲတွေ မကြုံရမှာတော့ မဟုတ်ပါဘူး။ ဒေါသ ဖြစ်ပါလိမ့်မယ်။ ပြဿနာ ပေါ်ပါလိမ့်မယ်။ အခက်အခဲတွေ လာပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်၊ ဘာလုပ်ရမယ်ဆိုတာ သိတယ်ရယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပါတယ်။
ဟုတ်ပါပြီ . . . နောက်ထပ် အချက်အလက်တွေ ကျွန်တော်တို့ စဉ်းစားနိုင်ပါသေးတယ်။ မေတ္တာဘာဝနာရဲ့ အရေးပါပုံပဲ။ အထူးသဖြင့် နေ့စဉ်ဘဝမှာ မိမိအတွက် ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ပါတယ်။ အသွင်းပြောင်းမှုတွေ ဖန်တီးနိုင်ပါတယ်။ မေတ္တာရဲ့ အကျိုးအာနိသင်တွေဟာ သူတစ်ပါး အပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။
ကဲ . . . အခု မေးစရာတွေ ရှိပါသလား။ အခက်အခဲတွေ ရှိပါသလား။ အခက်အခဲတွေ ရှိရင် တင်ပြကြပါ။ ပြဿနာတွေကို ဆွေးနွေးဖို့ အရေးကြီးတဲ့ အတွက်ကြောင့်ပါ။
အမေးအဖြေ
ယောဂီ။ ။ မေတ္တာဘာဝနာမှာ ကျွန်တော် ကြုံရတဲ့ အခက်အခဲက ဒေါသပါပဲ။ စောစောက ခင်ဗျား ပြောခဲ့သလိုပါပဲ။ ဒေါသ ဖြစ်နေချိန်မှာ ဘာမှ မဆုံးဖြတ်တာ၊ စကား တစ်လုံးမှ မပြောတာပဲ ကောင်းပါတယ်။ ပြဿနာက . . . ရုံးအလုပ်မှာ ဝန်ထမ်းတွေ အမှားလုပ်မိရင် ကျွန်တော် ချက်ချင်း စိတ်တိုပြီး သူတို့ကို တစ်ခုခု ပြောလိုက်မိတာပါ။ နောက်ကျတော့ . . . ကျွန်တော် မပြောလိုက်သင့်ဘူးဆိုတာ သိပါတယ်။ သူတို့ ဒုက္ခရောက်နတာကို ထပ်ပြီး ဒုက္ခ ပေးမိလို့ပါ။ အဲဒါ မှားပါတယ်။ ဟစ်အော်နေမယ့်အစား အမှားကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာ သူတို့ကို ပြောပြသင့်ပါတယ်။ ကျွန်တော် ကြိုးစားပါတယ်။ ဒါပေမယ့် ဒေါသဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာ ခက်ပါတယ်။
ဆရာကြီး။ ။ ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး အတူတူပါပဲ။ ခင်ဗျားတင်ပြတာ တော်တော်ကောင်းပါတယ်။ လက်တွေ့ကျတဲ့ မေးခွန်းပါ။ တစ်ခါတစ်ခါ လုပ်ဖော်ကိုင်ဘက်တွေကို ပြတ်ပြတ်သားသား ပြောထားဖို့လိုမယ် ထင်ပါတယ်။ ကျွန်တော် တရားရိပ်သာ မရောက်ခင်တုန်းက စာကြည့်တိုက်မှူးလုပ်ခဲ့ပါတယ်။ စာကြည့်တိုက် ဝန်ထမ်းတွေ အပေါ်မှာ မေတ္တာတရား ကျင့်သုံးခဲ့ပါတယ်။ မလွယ်ပါဘူး။ ဝန်ထမ်းတွေ နောက်ကျမှ လာပါတယ်။ သူ မေတ္တာတရား ကျင့်သုံးနေတယ်၊ ငါတို့ တစ်နာရီ နောက်ကျပြီး အိပ်ယာက ထလို့ရတယ်။ ဒီလို တွက်ကြတာကိုး။ သူ မေတ္တာရား ကျင့်သုံးနေတယ်။ ဒါ့ကြောင့် ခွင့်တင်စရာ မလိုဘူး။ အိမ်မှာ ဒီတိုင်း နေမယ်။ ဒီလိုကိုး။ လူတွေက တစ်မျိုးပြောမှ နားလည်တာဆိုတော့ မေတ္တာနဲ့ အလုပ်မဖြစ်ဘူးဆိုတာ သဘောက်ပေါက်လိုက်တယ်။ လုပ်စရာ ရှိတာက . . . ရှင်းလင်းပြတ်သားဖို့ပဲ ရှိတော့တယ်။ ငါ ပြတ်သားတော့မယ်လို့ သူတို့ကို ပြတ်ပြတ်သားသား ပြောဖို့ပဲ ရှိတော့တာပဲ။ ဒီလို လုပ်ခြင်းအားဖြင့် ဒဏ်ရာ မရပါဘူး။ ကိလေသာတွေ မမွေးမြူမိပါဘူး။ ပြောစရာ ရှိတာကို ပြောလိုက်တာပဲ ဖြစ်ပါတယ်။
ဟုတ်ပါပြီ . . .။ မေးခွန်း ဒုတိယပိုင်းမှာ တကယ့် လက်တွေ့ သဘောတရားတွေ ပါနေပါတယ်။ ကျွန်တော်တို့ မမျှော်လင့်ပဲ ဒေါသထွက်မိရင် ဘာလုပ်ရမလဲ ဆိုတာပါပဲ။ ပထမ အကြံပေးချင်တာက . . . မအံ့သြပါနဲ့။ ကိုယ် ကျင့်ကြံအားထုတ်နေဆဲပဲ ရှိပါသေးတယ်။ ဉာဏ်အလင်း မပေါက်သေးပါဘူး။ ဒါကြောင့် မကျေမနပ် မဖြစ်ပါနဲ့။ အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ ဒေါသဖြစ်မိလေချင်းလို့ ဒေါသ ထပ်မဖြစ်မိပါစေနဲ့။ ဒါဟာ အလွန် အရေးကြီးပါတယ်။ ယောဂီတွေမှာ၊ အထူးသဖြင့် အားထုတ်နေဆဲ အချိန်မှာ ဖြစ်တတ်တာက . . . ငါ တရား အားထုတ်နေတဲ့ ယောဂီပါလား၊ ငါ မေတ္တာ ပွားနေသူပါလားလို့ ထင်မိတတ်ပါတယ်။ ဖြစ်သင့်ပါတယ်။ စံနမူနာတစ်ခု ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် စံက တစ်ခြား၊ လက်တွေ့က တစ်ခြား ဖြစ်ပါတယ်။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment