(. . . . . မှ အဆက်)
ပထမနေ့ - ဘာဝနာနှင့် လုပ်ကိုင်ခြင်း
(ဟောင်ကောင်၊ ၁၃ အောက်တိုဘာ၊ ၁၉၉၇)
ဆရာကြီး။ ။ သိပ်လှတဲ့ ဒီနေရာမှာ ရက်တွေတော်တော်ကြာအောင် ဓမ္မမိတ်ဆွေတွေနဲ့ အုပ်စုလိုက် နေထိုင်ခွင့်ရတာ ဝမ်းသာစရာပါပဲ။ ဒီအခွင့်အရေး ရရှိတာကို ကျေးဇူးလည်း တင်သင့်ပါတယ်။ နောက်ရက်တွေမှာ လုပ်ဆောင်ကြဖို့ နည်းနည်းပါးပါး အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ လုပ်ကြမှာက . . . ဓမ္မအရည်အသွေး တိုးတက်အောင် ကြိုးစားလေ့လာကြမယ်။ ဓမ္မလမ်းကြောင်းပေါ်မှာ အထောက်အကူရမယ့် အရည်အသွေးတွေ ဖွံ့ဖြိုးအေင် ကြိုးစားကြမယ်။
ပေါ့ပေါ့ပါးပါး
ကျွန်တော်တို့ရဲ့ ဘာဝနာ အကျင့်ကို ပေါ့ပေါ့ပါးပါးနဲ့ လေ့လာစမ်းသပ်နိုင်အောင် ကြိုးစားကြပါမယ်။ ဒါဟာ ကျွန်တော် အလေးပေး ပြောကြားလိုတဲ့ လမ်းညွှန်ချက်တစ်ခု ဖြစ်ပါတယ်။ ဘာဝနာ အလုပ်ကို ပျော်စရာအဖြစ် ရှုမြင်နိုင်အောင် လေ့ကျင့်တာပါ။ ဘာဝနာကနေ ရသပေါ်အောင် လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကာယိကဒုက္ခ စေတသိကဒုက္ခ၊ မနှစ်သက်စရာ အတွေ့အကြုံ မှန်သမျှနဲ့ ပတ်သက်လို့လည်း ပွင့်ပွင့်လင်းလင်း ဖြစ်နိုင်အောင် လေ့ကျင့်သင့်တယ် ဆိုတာကိုလည်း အလေးပေး ပြောကြားလိုပါတယ်။ ပုံမှန်အားဖြင့် မနှစ်သက်စရာ အတွေ့အကြုံတွေကို ကျွန်တော်တို့ မကြိုက်ကြပါဘူး။ ကိုယ့်အစ္ဇျတ္တက အဆိုးပိုင်းကို မကြည့်ချင်ကြပါဘူး။ လာမယ့် ရက်တွေအတွင်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာတွေကို ဖြစ်ခွင့်ပေးနိုင်အောင် ကြိုးစားဖို့ အကြံပေးချင်ပါတယ်။ ဖြစ်ပေါ်တာတွေကို မဖိနှိပ်ရပါဘူး။ မဖယ်ရှားရပါဘူး။ မငြင်းဆန်ရပါဘူး။ သူတို့ကြောင့် စိတ် မထိခိုက်ရပါဘူး။ ဖြစ်ချင်တာတွေ ဖြစ်ပေါ်ပါစေ။ သူတို့နဲ့ မိတ်ဆွေဖွဲ့ပါ။ သူတို့ကို လေ့လာစရာ အခွင့်အရေးတွေလို့ ရှုမြင်ပါ။
အသိ
ဖွံ့ဖြိုးအောင် လုပ်ရမယ့် အရည်အသွေး နောက်တစ်မျိုးက အသိရှိခြင်း၊ သတိရှိခြင်း၊ နိုးကြားခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အကြံပေးချင်တာက . . . အခိုက်အတန့်တိုင်း သိမှတ်မှု ဘယ်လောက်ရှိသလဲ၊ အသိတွေ စပ်နေအောင် ဘယ်လောက် အားထုတ်နိုင်သလဲဆိုတာကို သိအောင် ကြိုးစားကြပါမယ်။ ဒီအခန်းထဲမှာ ရှိနေတာပဲဖြစ်ဖြစ် အပြင်ရောက်နေတာပဲဖြစ်ဖြစ် ခွဲခြားမှု မပြုသင့်ပါဘူး။ အဲဒါဆိုရင် ဘာဝနာကို ဘဝရဲ့ အစိတ်အပိုင်အဖြစ် ရှုမြင်နိုင်ပါလိမ့်မယ်။ ဒါဟာ အသက် ရှင်သန်နည်းပါပဲ။ ဘဝနေနည်းပါပဲ။
မေတ္တာ
ဖွံ့ဖြိုးအောင် လုပ်ရမယ့် အရည်အသွေး နောက်တစ်မျိုးက မေတ္တာတရား ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ကောင်းမွန်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ ဓမ္မမိတ်ဆွေတွေ အစုအဖွဲ့လိုက် ရှိနေပါတယ်။ အချင်းချင်း ဘယ်လို ဆက်ဆံနိုင်ကြသလဲ။ အချင်းချင်း နားလည်နိုင်စွမ်းကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်နိုင်ကြသလဲ။ သူတစ်ပါးကို ကူညီတာဟာ ကိုယ့်ကိုယ့်ကိုယ် ကူညီတာပါပဲ၊ ကိုယ့်ကိုယ်ကိုယ် ကူညီတာဟာလည်း သူတစ်ပါးကို ကူညီတာပါပဲလို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။
ဒီ အရည်အသွေးကို ဖွံ့ဖြိုးအောင် လုပ်တာဟာ ကောင်းမြတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကူညီရင်း သူတစ်ပါးကို ကူညီပြီးသား ဖြစ်သွားပါတယ်။ တဖြည်းဖြည်းနဲ့ . . . မိမိရယ် သူတစ်ပါးရယ်လို့ ထူးခြား ကွဲပြားတာကို မတွေ့ရတော့ပါဘူး။ အစီအစဉ်အတိုင်း သွားပါမယ်။ ဖွံ့ဖြိုးအောင် လုပ်ရမယ့် တစ်ခြား အရည်အသွေးတွေ၊ တစ်ခြား အရည်အချင်းတွေကို အလေးပေး ပြောကြားပါမယ်။
နိုးထချိန်
သိကြတဲ့အတိုင်း . . . မနက် လေးနာရီ လေးဆယ့်ငါးမိနစ်မှာ နိုးထကြရပါမယ်။ အိပ်ယာက နိုးတာနဲ့ ဘာဝနာအလုပ် စကြရပါမယ်။ ဒီမှာ နိုးထတာနဲ့ အိမ်မှာ နိုးထတာ အခြေအနေချင်း မတူပါဘူး။ ဥပမာတစ်ခု့. . . အိမ်သာ သွားတဲ့အခါ အိမ်သာထဲမှာ တစ်ယောက်ယောက် ရှိနေနှင့်တယ် . . .။ ဒါကို ဘယ်လို လုပ်မလဲ။ ကိုယ့်စိတ်ကိုယ် အကဲခတ် ကြည့်နိုင်ပါတယ်။ စိတ် ဒုက္ခ ရောက်ရပါသလား။ ဒီ အခြေအနေကြောင့် စိတ်ဆင်းရဲခြင်း ကင်းရဲ့လား။ ဒီလို အခြေအနေမျိုးမှာ အရေးကြီးတဲ့ အရည်အချင်း နောက်တစ်မျိုး ဖွံ့ဖြိုးအောင် လေ့ကျင့်ပါ။ သည်းခံပြီး စောင့်တတ်တဲ့ အလေ့အကျင့်ကို ပြောတာပါ။ နိုးထလိုက်တာနဲ့ တစ်ခြားအခြေအနေတွေ၊ တစ်ခြားစိန်ခေါ်မှုတွေလည်း ကြုံရနိုင်ပါတယ်။ စိန်ခေါ်မှုတွေကို မြင်အောင်ကြည့်ဖို့၊ ကြုံရတဲ့ အခြေအနေတွေကို လေ့လာသင်ယူစရာ အတွေ့အကြုံတွေအဖြစ် ရှုမြင်ဖို့ အလေးပေး ပြောကြားလိုပါတယ်။ ဘာဝနာကို အဲဒီလို စသင့်ပါတယ်။
အရုဏ်ဦး
အဲဒီနောက် အုပ်စုလိုက် တရားထိုင်ဖို့ ငါးနာရီမှာ ဆုံကြပါမယ်။ တရားထိုင်ဖို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်။
အဲဒါပြီးရင် အရုဏ်စာ စားကြပါမယ်။ စားခန်းသောက်ခန်းကလည်း အရေးပါတဲ့ ဘာဝနာတစ်မျိုး ဖြစ်နိုင်ပါတယ်။ စားရင်းသောက်ရင်း အသိ သတိ ဖွံ့ဖြိုးအောင် လုပ်နိုင်ပါတယ်။ အလွန်ကောင်းတဲ့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့ ကြိုက်တာတွေ၊ မကြိုက်တာတွေ၊ ကျွန်တော်တို့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို သတိနဲ့ စောင့်ကြည့်လေ့လာနိုင်ပါတယ်။ အစာစားနေတုန်းမှာ ဝါးတာ၊ မျိုတာနဲ့ အရသာခံတာ . . . ဒီသုံးမျိုးကို သိမှတ်ဖို့ အလေးပေး ပြောကြားလိုပါတယ်။ အစာကို အရသာ ခံလိုက်တဲ့ အခိုက်အတန့်ကို တွေ့အောင်ရှာကြည့်စေချင်ပါတယ်။ ကိုယ် လိုအပ်တဲ့ အစာ ပမာဏကိုလည်း သိအောင်လုပ်ပါ။ အလွန်အကျွံ မစားပါနဲ့။ နည်းလည်း မနည်းလွန်းပါစေနဲ့။ အစာစားရင်းနဲ့ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းကို ဖော်ထုတ်ပါ။
အစာစားရင်း ဖွံ့ဖြိုးအောင် လုပ်လို့ရတဲ့ အရည်အသွေး နောက်တစ်မျိုးက . . . အစာစားရင်း မေတ္တာဘာဝနာ ပွားများနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ မကြည့်ဘဲ သူတစ်ပါးကိုပါ သတိထားကြည့်နိုင်ပါတယ်။ သူများတွေ ဘာလိုအပ်သလဲ ကြည့်နိုင်ပါတယ်။ သူတစ်ပါးရဲ့ လိုအပ်ချက်ကို ကြည့်နိုင်ပါတယ်။ အုပ်စုနဲ့ စားနေရင်း ဒီ အရည်အသွေး ဖွံ့ဖြိုးအောင် ကြိုးစားနိုင်ပါတယ်။ မကောင်းဘူးလား။
လုပ်ငန်းခွင် ကမ္မဋ္ဌာန်း
အရုဏ်စာပြီးရင် လုပ်ကြရမှာကို . . . လုပ်ငန်းခွင် ကမ္မဋ္ဌာန်းလို့ နာမည်ပေးထားပါတယ်။ လုပ်ငန်းခွင် ကမ္မဋ္ဌာန်းဆိုတာ လုပ်စရာ ရှိတာကို သတိနဲ့ လုပ်တာပဲ ဖြစ်ပါတယ်။ သိမှတ်မှုနဲ့ လုပ်ကိုင်တာပါ။ ကိုယ်လုပ်နေတာကို လုံးလုံးလျားလျား အာရုံစိုက်ထားတာ ဖြစ်ပါတယ်။ လုပ်အကိုင်ကို ဘာဝနာ ကမ္မဋ္ဌာန်းနဲ့ ခွဲခြားပြီး မမြင်မိအောင် လေ့ကျင့်ဖို့ အရေးကြီးပါတယ်။
နောက်တစ်ခု အရေးကြီးတာက . . . အလုပ်လုပ်ရင်း အရည်သွေးတွေ ဖွံ့ဖြိုးအောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်းကိစ္စဟာ မေတ္တာ၊ ကရုဏာကို လက်တွေ့ကျင့်သုံးနိုင်စွမ်း ဖွံ့ဖြိုးအောင်လုပ်ဖို့ ဖြစ်တယ်လို့ မြင်နိုင်ပါရဲ့လား။ မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတယ်ဆိုရင် အစာစားကြမယ့် ယောဂီတွေအပေါ် ထားရှိတဲ့ မေတ္တာတရား ဖွံ့ဖြိုးအောင် အလုပ်က ကူပံ့ပေးနိုင်တယ်လို့ မြင်နိုင်ပါရဲ့လား။ မေတ္တာနဲ့ ချက်ပြုတ်ပေးပါရစေ . . .။ ဒီလို သဘောထားကို လုပ်ငန်းခွင် ကမ္မဋ္ဌာန်းမှာ ဖွံ့ဖြိုးအောင် လုပ်လို့ရပါတယ်။ တံမြက်လှဲတယ်ဆိုရင် သန့်ရှင်းအောင် လှဲတယ်၊ လှပအောင် လှဲတယ်၊ ယောဂီတွေ အဆင်ပြေအောင် လှဲပေးတယ်လို့ သဘောထားပါ။ ကရုဏာကို လက်တွေ့ကျင့်သုံးနေတာ ဖြစ်တယ်၊ မေတ္တာကို လက်တွေ့ ပုံဖော်နေတာ ဖြစ်တယ်လို့ လုပ်ငန်းခွင် ကမ္မဋ္ဌာန်းကို ရှုမြင်နိုင်အောင် လေ့ကျင့်ပါ။
အုပ်စုလိုက် ကမ္မဋ္ဌာန်း
ပြီးတော့ . . . အုပ်စုလိုက် အားထုတ်ကြပါမယ်။ အုပ်စုလိုက် အားထုတ်ချိန်မှာ . . . ထိုင်တာ၊ ရပ်တာနဲ့ လျှောက်တာ . . . ဣရိယာပုထ် သုံးမျိုးနဲ့ အားထုတ်ပါမယ်။
ဣရိယာပုထ် တစ်ခုကနေ တစ်ခု ပြောင်းလဲပြီး . . . ဘယ်လောက်ထိ စဉ်ဆက်မပြတ် ရှုမှတ်နိုင်သလဲ ကြည့်ကြရအောင်။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist Meditation",
Godwin Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment