(. . . . . မှ အဆက်)
အာနာပါနကမ္မဋ္ဌာန်း ဆွေးနွေးချက်
ယောဂီ။ ။ တရားထိုင်နေတုန်းမှာ နောက်ကျောက ချွေးတွေ တအား ထွက်ပါတယ်။ ရွှဲစိုနေတာပါပဲ။ နောက်တစ်ခုက အသက်ရှူတာကို အာရုံစိုက်လိုက်ရင် အသက်ရှူ မြန်လာပါတယ်။ တစ်ခြားကို အာရုံစိုက်လိုက်ရင်တော့ အသက်ရှူတာ ပုံမှန် ဖြစ်သွားပါတယ်။
ကျောမှာ ချွေးထွက်တယ်ဆိုတဲ့ ပထမ အချက်နဲ့ ပတ်သက်လို့ . . . နောက်ကျောမှာ ချွေးထွက်တယ်လို့ပဲ သိမှတ်ပါ။ ချွေး သူဟာသူ ထွက်ပါစေ။ ချွေးထွက်ခြင်းနဲ့ မိတ်ဆွေဖွဲ့ပါ။
ဒုတိယ အချက်က . . . အသက်ရှူတာကို အာရုံစိုက်လိုက်ရင် အသက်ရှူ မြန်လာတယ်။ တစ်ခြားကို အာရုံစိုက်လိုက်ရင် အသက်ရှူတာ ပုံမှန် ဖြစ်သွားတယ်။ ကျွန်တော် အကြံပေးချင်တာက . . . အစပိုင်းမှာ ခန္ဓာကိုယ်က သဘာဝအတိုင်း အသက်ရှူနေပါစေ။ အသက်ရှူတာကို အာရုံစိုက်ဖို့အရေး မေ့ထားလိုက်ပါ။ ထိုက်ရုံပဲ ထိုင်နေပြီး . . . ခန္ဓာကိုယ် အသက်ရှူချင်သလို ရှူပါစေ။ အတော်ကြာအောင် ဘာမှ မလုပ်ဘဲ နေလိုက်ပါ။ တရားအားထုတ်တယ်လို့ မမြင်ပါနဲ့။ လေ့ကျင့်ခန်း တစ်ခုခု လုပ်နေတယ်လို့ သဘောထားပါ။ ဘာမှ လုပ်နေတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အသက်ရှူချင်သလို ရှူခွင့်ပေးထားတာပါ။
သီရိလင်္ကာမှာ ကမ္မဋ္ဌာန်းဆရာ တစ်ယောက်က ပြောပါတယ်။ တရားထိုင်တဲ့ အခါမှာ တရားထိုင်တာကို အထူးတလည် ကိစ္စရပ်လို့ ထင်မိရင် ထူးထူးခြားခြား ပြဿနာတွေ တွေ့ရပါလိမ့်မယ်တဲ့။ ကျွန်တော်တို့က အသက်ရှူမှုကို အထူးတလည် အာရုံစိုက်လိုက်တယ်။ ဒီတော့ အသက်ရှူမှုက မူမမှန်တာ လုပ်ပြတယ်။ အသက်ရှူမှုကို ပစ်ထားလိုက်တော့ . . . သူက ပုံမှန် ဖြစ်သွားတယ်။ ဘာဝနာအလုပ်နဲ့ အသက်ရှူမှုကို အထူးအဆန်းလို့ မထင်ပါတယ်။ အသက်ရှူမှုကိုသာ သိနေပါ။ အပြင်မှာ ရှိနေတဲ့အခါ၊ တရားမထိုင်တဲ့ အခါမှာလည်း အသက်ရှူမှုနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ တစ်ခြား အချိန်တွေမှာလည်း အသက်ရှူမှုကို သိနေပါ။
လက်တွေ့ကျတဲ့၊ အသုံးကျတဲ့ မေးခွန်းတွေမေးလို့ ကျေးဇူးတင်ပါတယ်။ အတွေ့အကြုံကောင်းတွေ မျှဝေပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဓမ္မမိတ်ဆွေတွေ ဒီနေရာမှာ စုပေါင်းပြီး တရားထိုင်ကြတာ၊ အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်ကြတာ တော်တော် ကောင်းပါတယ်။ ဒါဟာ တကယ် တန်ဖိုးရှိတဲ့ အလုပ်ပါပဲ။
ယောဂီ။ ။ တရားအားထုတ်နေတုန်းမှာ ဖြစ်သင့်တာ မဖြစ်သင့်တာတွေ ရှိပါသလား သိချင်ပါတယ်။ ဥပမာ . . . ထိုင်ရင်းရှုမှတ်နေတုန်းမှာ အတွေးတွေကို မရပ်တန့်နိုင်ပါဘူး။ လမ်းလျှောက်ရင်း ရှုမှတ်တဲ့ အခါမှာတော့ အခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါ၊ အတွေးတွေ ပေါ်လာတဲ့အခါမှာတော့ . . . အတွေးကို ရပ်အောင်လုပ်ရမလား၊ ဒီတိုင်းပဲ ထားလိုက်ရမလား ဝိဝါဒကွဲပြားနေပါတယ်။
ဆရာကြီး။ ။ ဒီမေးခွန်း မေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒီပြဿနာက ကြုံနေကျမို့ပါ။
အတွေးကို ရပ်အောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အတွေးကို ရပ်တန့်အောင် ကြိုးစားလေ အတွေးတွေ များလာလေပါပဲ။ အတွေးတွေ ပေါ်လာတာ သဘာဝပါပဲလို့ အလုပ်ပေးတရားတုန်းက ကျွန်တော် ပြောခဲ့ပါတယ်။ ပထမဆုံး တရားချိန်တုန်းက အားထုတ်ခဲ့သလိုပေါ့။ အတွေးတွေကိုသာ သိဖို့၊ သတိပြုမိဖို့ ကြိုးစားကြရပါမယ်။ အတွေးတွေ၊ အသံတွေ၊ အထိအတွေ့တွေ။ စိတ်ထဲကိုယ်ထဲမှာ ဘာပဲဖြစ်နေဖြစ်နေပေါ့ . . .။ ဒီတော့ အားထုတ်နေရင်း အတွေးတွေ ပေါ်လာရင် ဘာမှ ဝိဝါဒ ကွဲပြားစရာ မလိုပါဘူး။
ဒုတိယ တရားချိန်မှာလည်း အသက်ရှူတာကို သိမှတ်နိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ အတွေးတွေ ပေါ်လာတဲ့ အခါမှာ ပေါ်လာတဲ့ အတွေးတွေကို သိနိုင်အောင်၊ သတိပြုမိအောင်၊ သူတို့နဲ့ ရင်းနှီးအောင် ကြိုးစားခဲ့ကြပါတယ်။ အငြင်းပွားစရာ မရှိပါဘူး။ အတွေးတွေကို သိလိုက်ပြီး အသက်ရှူမှုဆီ ပြန်လာပါတယ်။ ဒါပေမယ့် အသက်ရှူတာကို ခဏလောက် သိမှတ်ပြီးတော့ အတွေးတွေ ဝင်လာပြန်တာပါပဲ။ ဒါဟာ စိတ်ရဲ့ သဘာဝပါ။ ကျွန်တော်တို့ သိပ်ပြီး မထိန်းချုပ်နိုင်ပါဘူး။ ဘာဝနာဆိုတာ စိတ်ရဲ့ အလုပ်လုပ်ပုံကို နားလည်တာပဲ ဖြစ်ပါတယ်။ စိတ်နဲ့ မိတ်ဆွေဖွဲ့တာပါ။ ဖြစ်ပေါ်နေတာတွေနဲ့ မိတ်ဆွေဖွဲ့တာပါ။ နောက်ပြီးတော့ . . . အသက်ရှူမှုဆီကို ဖြည်းဖြည်းသက်သာနဲ့ ညင်ညင်သာသာ ပြန်လာတတ်အောင် လေ့ကျင့်တာပါ။
တရားထိုင်မနေတဲ့ အခါမှာတောင်မှ ဖြစ်ပေါ်နေတဲ့ အတွေးတွေကို သိနေဖို့၊ သတိစိုက်နေဖို့ အရေးကြီးပါတယ်။ နားနားနေနေ နေတဲ့အခါ၊ စားနေသောက်နေတဲ့ အခါတွေမှာလည်း အတွေးတွေ ရှိတာပါပဲ။ တရားထိုင်နေတုန်းမှာမှ မဟုတ်ဘဲ ဘာပဲလုပ်နေလုပ်နေ အတွေးတွေကို သိနေအောင် လေ့ကျင့်တာဟာ အလွန်ကောင်းပါတယ်။ အတွေးတွေကို စောင့်ကြည့်ရုံ ကြည့်ခြင်းအားဖြင့်၊ ငါ့အတွေးတွေက ဘယ်လို အတွေးတွေလဲလို့ စစိစစ်ခြင်းအားဖြင့် အတွေးတွေနဲ့ ပတ်သက်လို့ အများကြီး လေ့လာနိုင်ပါတယ်။
အတွေး အများစုဟာ ကိုယ့်အကြောင်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် သူတစ်ပါးအကြောင်း ဖြစ်မယ်။ တစ်ခါတစ်ခါ ကိုယ့်အကြောင်း သူ့အကြောင်း မကောင်းတဲ့ အတွေးဆိုးတွေ ဖြစ်ပါတယ်။ ကိုယ့်အကြောင်း သူ့အကြောင်း မကောင်းတဲ့ အတွေးဆိုးတွေ ဘယ်လို ရရှိလာတယ်ဆိုတာ သိဖို့ပါပဲ။ နောက်ပြီးတော့ မကောင်းတဲ့ အတွေးဆိုးတွေ ဖြစ်ပေါ်လာတဲ့အခါမှာ စိတ်ခံစားမှုတွေ ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာ သိဖို့ပါပဲ။ အတွေးတွေကို စောင့်ကြည့်ခြင်းအားဖြင့် ဖွံ့ဖြိုးအောင် လုပ်ရမယ့် ဉာဏ်အမြင်တွေ ဖြစ်ပါတယ်။
အတိတ်အကြောင်း ပိုစဉ်းစားသလား။ အနာဂတ်အကြောင်း ပိုစဉ်းစားသလား။ အတိတ်အကြောင်း ဘာဖြစ်လို့ ပိုစဉ်းစားတာလဲ။ အနာဂတ်အကြောင်း စဉ်းစားတဲ့အခါမှာ ဘာဖြစ်လာသလဲ။ စိုးရမ်ပူပန်သလား။ အဖြေရှာဖို့ လိုပါတယ်။ အတွေးတွေကို လေ့လာဖို့ လိုပါတယ်။ အတွေးတွေက ဘယ်လိုဘယ်ပုံ . . . စိတ်ခံစားမှုတွေ ဖန်တီးတယ်၊ ဆင်းရဲဒုက္ခ ဖန်တီးတယ်ဆိုတာ သိအောင်လေ့လာဖို့ လိုပါတယ်။ ဒါဟာ ကျင့်စဉ်ရဲ့ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ အတွေးတွေကို ရပ်တန့်စရာ မလိုတဲ့အပြင် သူတို့ကို နားလည်ဖို့၊ လေ့လာဖို့၊ ဖော်ထုတ်ဖို့ လိုပါတယ်။
မေးစရာ ရှိပါသေးလား။ တစ်ခြား အခက်အခဲတွေ ရှိပါသေးလား။
ယောဂီ။ ။ ကျွန်တော့် ကိုယ်တွေ့တစ်ခု ပြောချင်ပါတယ်။ တစ်ခါတုန်းက သုတ္တန်တစ်ခု ဖတ်ပြီးတော့ ဆယ်မိနစ်လောက် တရားအားထုတ်ပါတယ်။ ဖြစ်ပုံက . . . မျက်လုံးထဲမှာ အလင်းတွေ တောက်ပါလာပါတယ်။ ရွှေရောင်အလင်းပါ။
မျက်စိ မှိတ်ထားတာပဲဖြစ်ဖြစ် မျက်စိ ဖွင့်ထားတာပဲဖြစ်ဖြစ် လင်းနေတာပါပဲ။ နာရီဝက်လောက် ကြာပါတယ်။ အဲဒါကို ကျွန်တော် နည်းနည်းတော့ ကြောက်သွားပါတယ်။ အဲဒီလိုဖြစ်တာ ပုံမှန် ဟုတ်သလား မဟုတ်ဘူးလား မသိပါဘူး။ ဒီလို ပြဿနာကို ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။
ဆရာကြီး။ ။ ဘာဝနာ အကျင့်မှာ အဲဒီလို မြင်ယောင်တာတွေ အမျိုးမျိုး တွေ့ရတတ်ပါတယ်။ မြင်ယောင်မှုတွေဟာ တစ်ခါတစ်ခါမှာ အလွန် နှစ်သက်စရာ ကောင်းပါတယ်။ တစ်ခါတစ်ခါမှာတော့ တကယ့်ကို မနှစ်သက်စရာတွေပါ။ ဒါကြောင့် ဒီနေ့ ကျွန်တော် ခဏခဏ ပြောတာပေါ့။ နှစ်စရာပဲ ဖြစ်ဖြစ်၊ မနှစ်သက်စရာပဲ ဖြစ်ဖြစ် အလင်းတွေ မြင်ရတယ်၊ အလင်းတွေ ကြုံတွေ့နေရတယ်လို့သာ သိမှတ်ပါ။ ပုံမှန် ဟုတ်သလား၊ ပုံမှန် မဟုတ်ဘူးလား မစဉ်းစားပါနဲ့။ အဲဒီလို တုံ့ပြန်တယ်ဆိုရင် ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ထဲ ဝင်ပါမိပါတော့တယ်။ စောင့်ကြည့်ရုံ ကြည့်ရမှာပါ။ မပါဝင် မစွက်ဖက်ဘဲ သိရုံလေး သိနေဖို့ လိုပါတယ်။ ကျွန်တော် ပြောခဲ့ပါတယ်။ ဘာဖြစ်ဖြစ် အဆင်ပြေတယ်လို့ သဘောထားရမှာပါ။ အလင်းတွေပဲ ဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်ဖြစ် အချိန်အတော်ကြာရင် ရပ်စဲသွားပါလိမ့်မယ်။
ယောဂ
ယောဂချိန် ရောက်ပါပြီ။ ယောဂနဲ့ ဘာဝနာ ဆက်စပ်မှုအကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ တစ်ခုက . . . ယောဂလုပ်တဲ့ အခါမှာ ခန္ဓာကိုယ်ကို သတိထားရပါတယ်။ ခန္ဓာကိုယ် ပြေလျော့နေအောင် လေ့ကျင့်ရပါတယ်။ ခန္ဓာကိုယ်အပေါ် ခင်ခင်မင်ခင် ကြင်ကြင်နာနာဖြစ်အောင် လေ့ကျင့်ရပါတယ်။ ပစ္စုပ္ပန် အခိုက်အတန့်ကို တွေကြုံခံစားနိုင်အောင် ယောဂလေ့ကျင့်ခန်းကို အသုံးပြုပါတယ်။ ဒါတွေဟာ ယောဂနဲ့ ဘာဝနာ ကမ္မဋ္ဌာန်း ဆက်စပ်မှုတစ်ချို့ ဖြစ်ပါတယ်။
ယောဂလုပ်ဖို့ အသင့်ပြင်ဆင်ပါ။ ယောဂ လုပ်နေချိန်မှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ တွေ့ရဖို့ မျှော်လင့်ပါတယ်။ စောစောက ပြောခဲ့တဲ့အတိုင်း ကြုံရတာတွေကို ကမ္မဋ္ဌာန်အာရုံ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယောဂလုပ်နေချိန်မှာ ခန္ဓာကိုယ် အေးအေးသက်သက် ရှိနေပါလိမ့်မယ်။ ကမ္မဋ္ဌာန်းထိုင်တဲ့ အခါမှာ ဒီလို အေးဆေးတဲ့ ကိုယ်စိတ်နဲ့ ထိုင်နေပြီး ဖြစ်ပေါ်နေတာတွေကို ရှုမှတ်ကြပါမယ်။ အများကြီး ကျေးဇူးတင်ပါတယ်။
ယောဂ မလုပ်တဲ့သူတွေ ပါတယ်ဆိုရင် . . . စကား မပြောကြပါနဲ့။ တစ်နေရာရာ သွားပြီး စင်္ကြံကမ္မဋ္ဌာန်း အားထုတ်နေနိုင်ပါတယ်။ ဒါမှမဟုတ် . . . တစ်နေရာရာသွားပြီး ခုံပေါ်မှာ အေးအေးဆေးဆေး ထိုင်နေရင်း အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်း စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို လေ့လာစောင့်ကြည့်ပါ။ ယောဂမှာ မပါဝင်ဘူးဆိုရင် ဒီလို တစ်ယောက်တည်း အားထုတ်ခွင့်ကို အသုံးချပါ။ ကဲ . . . အခု ယောဂဆရာ လာပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။
[ယောဂ]
စင်္ကြံကမ္မဋ္ဌာန်း အလုပ်ပေး
စင်္ကြံကမ္မဋ္ဌာန်း အားထုတ်ကြရအောင်။ စင်္ကြံကမ္မဋ္ဌာန်း အားထုတ်တာက . . . သတိနဲ့ လမ်းလျှောက်ဖို့ ဖြစ်ပါတယ်။ ဖြည်းဖြည်းလျှောက်ပါ။ လမ်းလျှောက်တဲ့ အပေါ်မှာသာ အာရုံစိုက်ထားပါ။ လမ်းလျှောက်နေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အတွေ့အထိ မျိုးစုံကို ခံစားရပါလိမ့်မယ်။ အတွေးတွေ ပေါ်လာပါလိမ့်မယ်။ အတွေးတွေကို လွှတ်ပေးလိုက်ပြီး လျှောက်လှမ်းဆဲ ပစ္စုပ္ပန် အခြေအနေဆီ ပြန်လာပါ။
စင်္ကြံကမ္မဋ္ဌာန်း အားထုတ်ဖို့ စီစဉ်ရပါမယ်။ နှစ်အုပ်စု ခွဲလိုက်ကြရင် ကောင်းမယ်။ တစ်အုပ်စုက ဒီနေရာမှာ လျှောက်ပါ။ တစ်အုပ်စုက စင်ပေါ်မှာ လျှောက်ပါ။ တစ်ယောက်နောက်က တစ်ယောက်လိုက်လျှောက်ပြီး စက်ဝိုင်းနှစ်ခုဖြစ်အောင် လျှောက်ကြပါ။ ခင်ဗျားတို့ စင်္ကြံကမ္မဋ္ဌာန်း အားထုတ်နေခိုက်မှာ လိုအပ်တဲ့ ညွှန်ကြားချက်တွေ ကျွန်တော် ပေးပါမယ်။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment