မြင်ရ ကြားရတာတွေ ရတနာသုံးပါးနဲ့ ဆက်စပ်နေရင် အမြတ်ဆုံး မြင်ခြင်း၊ အမြတ်ဆုံး ကြားခြင်းတွေပဲ။ လုပ်ကျွေးပြုစုတဲ့ နေရာမှလည်း ရတနာသုံးပါးကို လုပ်ကျွေးတာက အမြတ်ဆုံး လုပ်ကျွေးခြင်း။ အောက်မေ့ သတိရတဲ့ နေရာမှာလည်း ရတနာသုံးပါးကို အောက်မေ့သတိရတာ အမြတ်ဆုံး အောက်မေ့မှု။ ရရှိခြင်းတွေထဲမှာတော့ သဒ္ဓါတရား ရရှိပိုင်ဆိုင်ထားခြင်းဟာ အမြတ်ဆုံး။ သင်ယူမှုမှာတော့ သီလ သမာဓိ ပညာတွေ သင်ယူတာက အမြတ်ဆုံး။ မြတ်တာတွေ လုပ်နိုင်မှ တန်ဖိုးရှိတဲ့လူ။
၁။ မြင်သောအခါ၊ မြင့်မြတ်လာ၊ လူမှာ တန်ဖိုးရှိ။
-----
၂။ ကြားသောအခါ၊ မြင့်မြတ်လာ၊ လူမှာ တန်ဖိုးရှိ။
၃။ လုပ်ကျွေးသောခါ၊ မြင့်မြတ်လာ၊ လူမှာ တန်ဖိုးရှိ။
၄။ အောက်မေ့သောခါ၊ မြင့်မြတ်လာ၊ လူမှာ တန်ဖိုးရှိ။
၅။ ရရှိသောခါ၊ မြင့်မြတ်လာ၊ လူမှာ တန်ဖိုးရှိ။
၆။ သင်ယူသောခါ၊ မြင့်မြတ်လာ၊ လူမှာ တန်ဖိုးရှိ။
၇။ တန်ဖိုးရှိမှ၊ လူ့ဘဝ၊ အရတော်မည်သိ။
(အနုတ္တရိယသုတ်)
ဒေါက်တာ ဘဒ္ဒန္တ အာစာရ
22Mar13
-----
Comment:
ရင်းရဲရွာ၊ ဦးဆန်းလွင် + ဒေါ်မြို့ကြည် မိသားစုတို့၏
ရှင်ပြုနားသ အလှူတော်မင်္ဂလာ အကြိုတရားပွဲ (အကျဉ်း)
No comments:
Post a Comment