Thursday, March 15, 2012

Move (4) - အရွေ့ (၄)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ကျောင်းသားငယ်များအတွက် အဓိက ရည်ရွယ်သည့် အပတ်စဉ် စနေ-တနင်္ဂနွေနေ့တိုင်း နှစ်ပေါက် သင်ကြားမည့် “ရာဟုလာ” ဓမ္မသင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်ရန် စိတ်ကူးရှိတော်မူသည့် ဆရာတော် ဒေါက်တာအရှင်အာစာရ (PhD, BDh)အား ရဟန်းဒကာ ဦးမောင်မောင် ရဟန်းဒါယိကာမ ဒေါ်ခင်ဇာ မိသားစုတို့က စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် စိုင်ပြင်ကြီးကျေးရွာ စိတ္တသုခရပ်ကွက် အတွင်းရှိ မိသားစုပိုင် မြေနေရာ (၆)ဧကကို ဓမ္မသင်တန်းကျောင်းအတွက် မနေ့က (14Mar12) လှူဒါန်းခဲ့ကြောင်း၊

သို့သော် အမျိုးဘာသာသာ သာသနာအတွက် အမြော်အမြင် ကြီးမားတော်မူကြပြီး သူတော်ကောင်းတရားများကို ဒကာဒကာမများအား အာဘောင်အာရင်းသန်သန် ခပ်များများကြီး ဟောကြားတော်မူလေ့ ရှိတော်မူကြသော ဒေသခံ သံဃာတော် အရှင်ကောင်း အရှင်မြတ်များက ကျောင်းသစ်တည်ထောင်ခွင့် ပေးတော်မမူနိုင်သေးသောကြောင့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်မည့် အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ရကြောင်း၊

တည်ဆဲဥပဒေအရ ဒေသခံ သံဃာတော်များ၏ ထောက်ခံအားပေးမှု မရှိလျှင် ကျောင်းသစ်ကန်သစ် မတည်ထောင်နိုင်ကြောင်း၊

သို့ဖြစ်၍ အမျိုး ဘာသာ သာသနာ တိုးတက်ကြီးပွားရွေးအတွက် စိတ်ဓာတ်များနှင့် ဥပဒေများကို ပြင်ဆင်ရန် သုံးသပ်သင့်ကြပြီ ဖြစ်သည်ဟု ဆရာတော် ဒေါက်တာအရှင်အာစာရ (PhD, BDh)က အမိန့်ရှိကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရှိရသည်။

Comment:
(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

No comments:

Post a Comment