Thursday, February 9, 2012

ခွေးပျောက်ကြော်ငြာ

လူတစ်ယောက် ခွေးပျောက်သွား၍ စိတ်ညစ်နေသည်။
သူ့သားငယ်က သူ့ကို အားပေး၍ တတ်စွမ်းသလောက် ကူညီ၏။
“ဖေဖေရယ် . . . မပူပါနဲ့။
ဖေဖေ့ခွေး ပြန်ရမှာပါ။
ကျွန်တော် အခုပဲ သတင်းစာတိုက် သွားပြီး ကြော်ငြာထည့်လိုက်မယ်။”

နှစ်ရက်၊ သုံးရက် ကြာသည်အထိ . . .
“ဘယ်လိုလဲ။
ဘာမှလဲ အကြောင်းမထူးပါလား။
ဘယ်သူမှလဲ မဆက်သွယ်ကြဘူး။
သားက သတင်းစာထဲ ဘယ်လို ကြော်ငြာခဲ့တာလဲ။
ဖုန်းနံပါတ်တို့၊ လိပ်စာတို့ မထည့်လိုက်ဘူးလား။”
“ဟင့်အင်း . . .။
'ဘော်ဖြူရေ . . . အို့အို့ အို့'လို့ပဲ ထည့်လိုက်တယ်။”

----------
p144, rdasia.com, Feb2012

No comments:

Post a Comment