Sunday, December 25, 2011

ပြုံးချင်အုံးဟ

ခရစ္စမတ်နေ့ ဖြစ်သည်။ တနင်္ဂနွေနေ့လည်း ဖြစ်သည်။ ခရစ္စယန် ၀တ်ကျောင်းအတွင်း၌ ခရစ္စယန် ဘာသာဝင်များ စည်ကားလျက် ရှိ၏။ အများစုက ၀တ်ပြုဆုတောင်းရန် လာကြခြင်း ဖြစ်၏။ တစ်ချို့က ကျူးလွန်မိခဲ့သော အပြစ်များ ကြေပျောက်သွားစေဖို့ အာပတ်ဖြေရန် လာရောက်ကြခြင်း ဖြစ်၏။ ဘုန်းတော်ကြီး တစ်ပါးက အာပတ်ဖြေသူများကို ကောင်းချီးပေးနေသည်။

အာပတ်ဖြေသူ လူရွယ်တစ်ယောက်သည် ဘုန်းတော်ကြီးထံ ချဉ်းကပ်၍ အပြစ်ကို ၀န်ခံ၏။ ကောင်းချီးပေးသနားရန် တောင်းပန် လျှောက်ထား၏။

          “တပည့်တော်ဟာ လက်မထပ်နိုင်ဘဲနဲ့ အမျိုးသမီးလေး ခုနစ်ယောက်ကို
          မြှူဆွယ်ပြီး ဆက်ဆံပေါင်းသင်းခဲ့ပါတယ်။
          ကြောရရုံ ကြံခဲ့တာပါ။ အဲဒီ အပြစ်တွေအတွက် နောင်တရနေပါတယ်။
          ကောင်းချီးပေးသနားတော်မူပါ ဘုရား . . .။”

          “ကောင်မလေးတွေကလည်း တယ်တုံးသကိုး။ ရှိပါစေတော့။ စိတ်မကောင်း မဖြစ်ပါနဲ့။
          သံပုရာသီး ခုနစ်လုံး ၀ယ်လိုက်ပါ။ ဖန်ခွက်တစ်ခုထဲ သံပုရာရည် ညှစ်ထည့်ပါ။
          သံပုရာသီး ခုနစ်လုံးက ထွက်တဲ့အရည် အားလုံးကို
          တစ်ကြိုက်တည်းနဲ့ မော့သောက်ချလိုက်ပါ။”

          “အဲဒါဆိုရင် တပည့်တော် ကျူးလွန်ထားတဲ့ အပြစ်တွေ ပျောက်သွားမှာလား။”

          “အပြစ်တွေ မပျောက်ဘူး။
          မင့်မျက်နှာပေါ်က မြှူဆွယ်တဲ့ အပြုံးတွေ ပျောက်သွားလိမ့်မယ်။”


:)
ရှင်အာစာရ

-----

Ref: p155, Reader’s Digest, rdasia.com, Nov 2011

Comment:
"အချို့အချို့တို့ လိုလိုမယ်မယ် သံပုရာသီး ဆောင်ထားသင့်တယ် ထင်ပါတယ်။ :)"

1 comment:

  1. အပြုံးမလှရင် မပေါင်းရဘဲဖြစ်နေမှာစိုးလို.............:)

    ReplyDelete