Monday, November 14, 2011

Partner - ကြင်ဖော်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကပါ။ စင်္ကာပူမှာ မင်္ဂလာပွဲတစ်ခု ကျင်းပခဲ့တယ်။ မင်္ဂလာပွဲ ပြီးတဲ့အချိန်မှာ သတိုးသမီးရဲ့ အဖေက သားမက်ဖြစ်သူကို ခေါ်ပြီး ဆုံးမသြ၀ါဒ ပေးတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ကို ရေရှည်ခိုင်မြဲအောင်လုပ်ဖို့ နည်းပေးလမ်းပြ လုပ်တာပါ။

“မောင်ရင် . . . လာပါအုံး။ မင်း ငါ့သမီးကို တော်တော်ချစ်ပုံရပါတယ်။”

“ဟုတ်ကဲ့။ ချစ်ပါတယ် ခင်ဗျာ။”

“ငါ့သမီးဟာ ဒီကမ္ဘာပေါ်မှာ အလှဆုံးလို့ မင်း ထင်ချင်ထင်မယ်။”

“ဟုတ်ကဲ့။ သူဟာ အဘက်ဘက်က ပြည့်စုံသူပါ။ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။”

“အေး . . . ဒါကြောင့်ပဲ မင်း ငါ့သမီးကို လက်ထပ်ခဲ့တာပေါ့။
ဒါပေမယ့် နှစ်နှစ် သုံးနှစ်လောက်ဆိုရင် မင်း ငါ့သမီးရဲ့ အပြစ်အနာအဆာတွေကို မြင်လာပါလိမ့်မယ်။
မင်း သူ့အပြစ်တွေ မြင်ရတဲ့တစ်နေ့မှာ အခု ငါပြောတာတွေကို သတိရလိုက်ပါ။
သူမှာ အဲ့ဒီ အပြစ်အနာအဆာတွေ မရှိဘူးဆိုရင် ခုချိန်မှာ သူဟာ မင့်ထက်သာတဲ့ကောင် တစ်ယောက်နဲ့ လက်ထပ်ပြီးသား ဖြစ်လောက်ပြီ။ ဒါကို မှတ်ထားပါ။”

စုံတွဲတွေ အနေနဲ့ ကိုယ့်အိမ်ထောင်ဘက်ရဲ့ အပြစ်အနာအဆာတွေ တွေ့ရရင် ကျေကျေနပ်နပ် လက်ခံလိုက်ကြဖို့ပါ။
သူ့မှာ ဒီ အပြစ်အနာအဆာတွေ မရှိခဲ့ရင် သူက ကိုယ်ထက်သာတဲ့သူနဲ့ လက်ထပ်ခဲ့မှာကိုး။


:)
ရှင်အာစာရ

------------
Ref: pp 32-33, Gratitude,  "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies

1 comment:

  1. ဟုတ်တယ် ဟုတ်တယ် ကိုရင့်ကိုအဲလိုပြောရမယ်း)

    ReplyDelete