တောသားတစ်ယောက် မြို့ ရောက်လာ၏။ ဟိုတယ်၌ အခန်းတစ်ခန်း ငှား၏။ ကျသင့်ငွေ ပေးချေပြီး ဧည့်ကြို ခေါ်ရာနောက်သို့ လိုက်သွားရ၏။
တောသား ။ ။ “ဟုတ်ပါတယ်။ ကျုပ် တောသားပါ။ တောသားဆိုပြီး ပါးပါးလှီးမယ်တော့ မကြံနဲ့။ ကျုပ်နေရမယ့် အခန်းက ဘယ်လိုလဲ။ ပေးလိုက်ရတဲ့ ပိုက်ဆံတွေက နည်းတာမဟုတ်ဘူး။ အခန်းက ကျဉ်းလိုက်တာ။ မွန်းကြပ်ပြီး သေရချည်းရဲ့။ ပြတင်းပေါက်လည်း မရှိဘူး။ လေအေးပေးစက် ပါမယ်ဆို။ ခုတော့ အိပ်ယာတောင် မပါဘူး။”
ဧည့်ကြို ။ ။ “စိတ်မရှိပါနဲ့ ခင်မျာ . . .။ အခု ကျွန်တော်တို့ ဓာတ်လှေခါးထဲမှာပဲ ရှိပါသေးတယ် . . .။”
No comments:
Post a Comment