Sunday, October 2, 2011

Clapping Sound - လက်ခုပ်သံ

ခြင်ကလေးတစ်ကောင် စတင်၍ အပျံသင်သောနေ့ ဖြစ်၏။
ပျံသန်းမှု ခရီးစဉ်မှ အောင်မြင်စွာ ပြန်လာသော သားငယ် ခြင်ကလေးကို ဖခင် ခြင်ကြီးက ဆီးကြို၍ မေး၏။
“သား . . . ဘယ်လိုခံစားရလဲ။
ကြောက်သလား။
ပျံရတာ ခက်သလား။”

ခြင်ကလေးက ဂုဏ်ယူဝင့်ကြွားစွာ ဖြေ၏။
“ဒါလေးများ . . .။
လွယ်ပါတယ် ဖေဖေရယ်။
မိုက်တယ်ဗျာ။
ရေရေလည်လည် လန်းတာပဲ။
တော်တော့်ကို ပျော်စရာကောင်းတယ်။
သားအတွက်တော့ မှတ်တမ်းတင်ထားရမယ့် နေ့တစ်နေ့ပဲ။
လူတွေကလည်း သားနောက်ကလိုက်ပြီး အားပေးကြသေးတယ် . . .။
လက်ခုပ်တွေ တဖျောင်းဖျောင်း တီးပြီးတော့ကို အားပေးကြတာဗျ။”
----------
Ref:
RD September 2011, rdasia.com

No comments:

Post a Comment