နှင်းထုဖုံးသော ဟိမဝန္တာ တောင်ထွတ်တို့ကို နမ်းရှိုက်ပြီး ထင်းရှူးတော စန္ဒကူးတောတို့ကို ပွေ့ဖက်မွှေ့ရမ်း လာခဲ့သော နှင်းမုန်တိုင်းသည် ကပိလဝတ်သို့ ခပ်ကြမ်းကြမ်း ဝင်ရောက်လာ၏။ နှင်းမုန်တိုင်းသည် ကြောက်မက်ဖွယ် အသံများ ကြုံးဝါးလျက် ရှိနေ၏။ တစ်ခဏ အတွင်းမှာပင် ကပိလဝတ် နန်းတော်ဝင်း တစ်ခုလုံး နှင်းထု ဖုံးသွား၏။ သုဒ္ဓေါဒနမင်းကြီး စံတော်မူနေသည့် နန်းတော်ထဲထိ အအေးဓာတ် လွှမ်းမိုး ဝင်ရောက်လာသည်။ ချမ်းခိုက်ခိုက် တုန်နေသော အပူသည် မင်းကြီးသည် မြို့ပြင်မှာ ရှိနေမည့် သားတော်ဘုရားအတွက် စိုးရိမ်နေ၏။
သမားတော် သဉ္စယထံမှ ပြန်လာသူ ဆန္နနှင့် ကာဠုဒါယီတို့ မုန်တိုင်းမိနေကြ၏။ ဆန္နသည် မြင်းဆွဲယာဉ်ကို မောင်းနှင်နေသည်။ ယာဉ်၏ ဘီးများ နှင်းထုအတွင်းသို့ ကျွံနစ်နေသော်လည်း သူတို့နှစ်ယောက် ခရီးဆက်လျက် ရှိနေကြ၏။ ၎င်းတို့ မြို့ဝင်တံခါးကို ဖြတ်ကျော်ချိန်၌ မှောင်ရီပျိုးနေပြီ ဖြစ်၏။ ဘုရားရှင် တန့်ရပ်တော်မူခဲ့သည့် နေရာသို့ ခက်ခက်ခဲခဲ ပြန်လာခဲ့ကြရလေသည်။ သို့သော် ထိုနေရာတစ်ဝိုက်၌ ဘုရားရှင်ကို မတွေ့ရတော့ပေ။ ဘုရားရှင်၏ တပည့်သား သံဃာတော် တစ်ပါးတစ်လေမျှကိုပင် မတွေ့ရပေ။
“ဆန္န . . . တို့ ဘာ လုပ်ကြမလဲ။ ဘုရားရှင်ရဲ့ အရိပ်အရောင် ဘယ်မှာမှ မတွေ့ရဘူး။ နေရာအနှံ့လည်း နှင်းတွေ ဖုံးနေပြီ”ဟု ကာဠုဒါယီက ဆို၏။
ယာဉ်ကို ပစ်ထားခဲ့ပြီး ဘုရားရှင်နှင့် သံဃာတော်များကို လိုက်လံရှာဖွေပါက ယာဉ်၌ ကထားသည့် မြင်းများ အအေးဒဏ်ကြောင့် သေကြေ ပျက်စီးကြလိမ့်မည်ဟု ဆန္န တွေးနေစဉ် ကာဠုဒါယီက ဆို၏။
“ဆန္န . . . ပြန်နှင့်။ ယာဉ်ကို ယူသွား။ မုန်တိုင်း ကျနေပေမယ့် ငါကတော့ ဘုရားရှင်နဲ့ တပည့်သား သံဃာတော်တွေကို လိုက်ရှာအုံးမယ်။ ဘုရားရှင် တစ်ခုခု ဖြစ်ခဲ့ရင်တော့ ကြမ္မာဆိုးပဲ။ မြို့တော်ပြင်ဘက် လုံခြုံတဲ့ နေရာမှာ ဘုရားရှင် ရှိနေတယ်လို့သာ မင်းကြီးကို လျှောက်တင်လိုက်ပါ။ မင်းကြီးလည်း စိတ်ပူနေလောက်ပြီ။”
ကာဠုဒါယီသည် ဆန္န၏ စကားတုံ့ကို စောင့်ဆိုင်းမနေတော့ဘဲ နှင်းထုကြားရှိ ဆိုးရွားသည့် အအေးဒဏ် နှိပ်စက်ခံနေရသော လူနေအိမ်ခြေများဆီသို့ ပြေးထွက်သွား၏။ အမှောင်ထုသည် ပို၍ပို၍ သိပ်သည်းလာနေသည်။ အအေးဒဏ်ကြောင့် ကာဠုဒါယီ လေးလံတောင့်တင်း လာ၏။ ဤဒေသ၌ ဇာတ်နိမ့်တို့ နေထိုင်ကြသည်ကို သူ သိ၏။ သို့သော် ဤ ဒေသရှိ ဘယ်အိမ်ကိုမှ မရောက်ဖူးခဲ့ပေ။
အလင်းရောင် မြင်ရာအရပ်တိုင်းသို့ ကာဠုဒါယီ သွားရောက်စုံစမ်းတိုင်း ရဟန်းတော် လေးငါးပါးစီကိုသာ တွေ့ရ၏။ ဘုရားရှင်ကိုကား မတွေ့ရသေးပေ။
လူနေအိမ်ခြေ အစွန်းရှိ ဇာတ်မြင့်တစ်ဦး ပိုင်ဆိုင်သည့် နှစ်ထပ်အိမ် တစ်လုံးကို တွေ့လိုက်ရချိန်၌ ကာဠုဒါယီမှာ သေလုနီးပါး အေးစက်တောင့်တင်း နေလေပြီ။ အိမ် ဒုတိယထပ်၌ မီးလင်းနေသည်ကို တွေ့လိုက်ရ၏။ ဤ နေရာ၌ ဘုရားရှင် သက်တောင့်သက်သာ ရှိနေမည်ဟု ကာဠုဒါယီ ထင်မိ၏။ သို့ဖြစ်၍ ခြံစည်းရိုးကို ကျော်ဝင်ပြီး ပိတ်ထားသော တံခါးကို တဝုန်းဝုန်း ထုလိုက်သည်။ ဘယ်သူမှ တံခါး လာဖွင့်မပေးပေ။ အသံကုန် ဟစ်အော်လိုက်ချင်သော်လည်း အေးစက်တောင့်ခဲနေသော သူ့ပါးစပ်ကို မဖွင့်ဟနိုင်တော့ပေ။
ထိုစဉ် အသံတစ်ခု ကြားလိုက်ရ၏။
“ကာဠုဒါယီ . . . ဘယ်သူ့ကို ရှာနေတာလဲ။”
အရှိန် လျော့ကျလာနေပြီဖြစ်သော မုန်တိုင်းကြားမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ သူ့ကို နာမည်တပ်၍ ခေါ်ရဲသူ မရှိ။ သို့ဖြစ်၍ အသံရှင်မှာ ဘုရားရှင်သာ ဖြစ်ရမည်ဟု ကာဠုဒါယီ နားလည်လိုက်၏။ သူ ပျော်သွားသည်။ အိမ်မှ ထွက်ခဲ့၍ ခြံဝင်းထဲ၌ ရပ်နေရင်း အိမ်အပေါ်ထပ်ကို လှမ်းမျှော်ကြည့်နေပြန်သည်။ အိမ်ပြတင်းများ စေ့စေ့ပိတ်ထား၏။
“ကာဠုဒါယီ . . . ဒီကို လာပါ။”
မြင်းဇောင်းများဆီမှ အသံထွက်ပေါ်လာခြင်း ဖြစ်သည်။ အသံလာရာဘက်သို့ ကာဠုဒါယီ ပြေး၏။ နောက်ထပ် အသံ ထွက်ပေါ်လာပြန်သည်။
“ကာဠုဒါယီ . . . ငါ ခေါ်နေတယ်။ ဟုတ်ပြီ။ အသံကြားတဲ့ဘက် လာခဲ့ပါ။ ဒီမှာ ကောက်ရိုးတွေ ရှိတယ်။ နွေးတယ်။”
ကာဠုဒါယီသည် အမှောင်ထဲ၌ ရှိနေ၏။ မြင်းဇောင်းပျဉ်ချပ်များပေါ် တွားတက်ရင်း အသံလာရာသို့ လိုက်လေရာ ဘုရားရှင်၏ အနီးသို့ သူ ရောက်သွား၏။ ဖြန့်ခင်းထားသည့် ကောက်ရိုးများပေါ် ထိုင်တော်မူနေသည့် ဘုရားရှင်က မိန့်တော်မူပြန်၏။
“ကာဠုဒါယီ . . . အေးခဲ တောင့်တင်းနေရင် မျက်နှာကို လက်ဖဝါးနဲ့ ဖိပွတ်လိုက်ပါ။ သွေးလည်ပတ်ရှိန် မြင့်လာအောင် ခန္ဓာကိုယ် လှုပ်ရှားလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။”
ကာဠုဒါယီသည် ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ပြီးသောအခါ စကားပြောနိုင်လာ၏။
“အရှင်ဘုရား . . . ဒါ မြင်းဇောင်းပါ ဘုရား။ မြင်းတွေအတွက်ပါ . . .။”
“ငါသိတယ်။ နွေးထွေးမှုဆိုတာ ဘာလဲ။”
“ဆိုးလိုက်တာ ဘုရား . . .။ နံစော်နေတာပဲ . . .။ မသန့်ရှင်းဘူး အရှင်ဘုရား . . .။”
“ကာဠုဒါယီ . . . မုန်တိုင်းထန်ပြီး နှင်းတွေဖုံးနေတဲ့ ပတ်ဝန်းကျင်ထက် ဒီ မြင်းဇောင်းက ပိုဆိုးတယ်လို့ ဆိုလိုတာလား။”
“အဲဒီလို ဆိုလိုတာ မဟုတ်ပါဘုရား . . .။ ဟိုနားက အိမ်က ပိုကောင်းပါတယ်၊ ပိုနွေးပါတယ် ဘုရား။ အရှင်ဘုရား အဲဒီအိမ်ကို ကြွသင့်တာ . . .။”
“ကာဠုဒါယီ . . .။ အဲဒီအိမ်က ပြတင်းတွေ တံခါးတွေ စေ့စေ့ ပိတ်ထားရင် ဘာလုပ်သင့်လဲ။”
“တံခါးခေါက်ပြီး . . . အဖွင့်ခိုင်းပေါ့ ဘုရား . . .။”
“ကာဠုဒါယီ တံခါးကို ထုရိုက်နေတာ ငါ ကြားလိုက်တယ်။ တံခါး ပွင့်သလား။”
ကာဠုဒါယီ နှုတ်ဆိတ်နေ၏။
“ကာဠုဒါယီ . . . ဇိမ်ခံပစ္စည်းတွေ အပြည့်ရှိတဲ့ တိုက်ခန်းဆောင်ရယ် ဟောဒီလို မြင်းဇောင်းရယ်လို့ ထွေထွေထူးထူး ခွဲခြားပြီး ငါ မစဉ်းစားဘူး။ အဖိုးတန် ခြုံစောင်တွေ မရှိပေမယ့် ဒီနေရာမှာ ကောက်ရိုးတွေ ရှိတယ်။ အဲဒီ အဖိုးတန် ခြုံစောင်တွေ ထည့်တွေးမနေဘဲ ကောက်ရိုးကိုပဲ စိတ်ကူးလိုက်စမ်းပါ။ ကြုံရတဲ့ အခြေအနေ တစ်ခုကို တစ်ခြား အခြေအနေ တစ်ခုနဲ့ မနှိုင်းပါနဲ့။ ဖြစ်နိုင်တာကို ကျေကျေနပ်နပ် လက်ခံလိုက်စမ်းပါ။”
ဘုရားရှင်က ကာဠုဒါယီကို အေးခဲညစ်ပတ်သည့် မြင်းဇောင်းထဲရှိ ကောက်ရိုးများနှင့် မိတ်ဆက်ပေးနေစဉ် ကာဠုဒါယီက သူ၏ နွေးထွေးသပ်ရပ်သည့် အမတ်စည်းစိမ်းကို စိတ်ဖြင့်တမ်းတနေသည်။
“ဒီနေရာမှာ အနံ့ဆိုးတွေ ပြင်းလွန်းပါတယ် ဘုရား . . .။”
“ဒီအနံ့က ပုပ်ပွနေတဲ့ လူသေကောင်နံ့လောက် မဆိုးသေးပါဘူး ကာဠုဒါယီ . . .။ ကျေနပ်လိုက်စမ်းပါ။”
“ဒီနေရာမှာ မြင်းသေးတွေ မြင်းချေးတွေ ပြည့်နေတာ . . . ဘုရာ့။”
“ဒါလည်း လူတွေရဲ့ ကြင်ကြီး ကျင်ငယ်တွေလောက် မဆိုးသေးဘူးလို့ တွေးပြီး ကျေနပ်နိုင်တာပေါ့။”
“မှန်တော့ မှန်တာပေါ့ ဘုရား . . .”ဟု စိတ်ထဲက လျှောက်ထားရင်း အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ကာဠုဒါယီက ဝန်ခံလျှောက်ထား၏။
“တပည့်တော် ဝန်ခံပါပြီ ဘုရား။ ကျေနပ်ပါပြီ ဘုရား။ ဒါပေမယ့် အရှင် . . . အရှင်ဘုရားရဲ့ ဆွေတော်မျိုးတော်တွေကတော့ မကျေမနပ် ဖြစ်နေကြပြီ ဘုရား။”
“ကာဠုဒါယီ . . . ဘယ်သူတွေလဲ။”
“အရှင်ဘုရားရဲ့ ဦရီးတော်တွေပေါ့ . . .။ မင်းကြီးရဲ့ ညီတော်တွေပေါ့ ဘုရား . . .။”
“သူတို့က ဘာဖြစ်လို့ ငါ့ကို အပြစ်ရှာကြတာတဲ့လဲ။”
“အရှင်ဘုရားက လမ်းမှာ ရပ်တန့်တော်မူလိုက်ပြီး စုတ်စုတ်ပြတ်ပြတ် မိန်းမတစ်ယောက်ကို သူတို့ဆီ ပို့လွှတ်လိုက်လို့ပါတဲ့ ဘုရား။ အဲဒီလို လုပ်တာဟာ သူတို့ကို စော်ကားတာလို့ မြင်ကြပါတယ် ဘုရား။ သုဘာဆိုတဲ့ အမျိုးသမီးကြီးကလည်း ခပ်စွာစွာ ဆိုတော့ဘုရား . . .”
ကာဠုဒါယီသည် စကားမဆက်နိုင်သေးဘဲ မျက်နှာနှင့် နားရွက်တို့ကို လက်ဝါးအစုံဖြင့် ဖိပွတ်နေ၏။ ဘုရားသခင်သည် ကရုဏာဖြင့် ပြုံးတော်မူ၍
“ဘယ်လိုဖြစ်ရတာလဲ . . .။ ဒါ သူတို့ကို စော်ကားရာ ရောက်သတဲ့လား . . .။ တစ်ချိန်က သူတို့ အလွန်အမင်း တန်ဖိုးထားခဲ့ကြတဲ့ သူတို့ရဲ့ အဖိုးတန် ရတနာကို သူတို့ဆီ ပြန်ပို့လိုက်တာပဲ။ ကာဠုဒါယီ . . .။ မှားသလား။”

:)
ရှင်အာာစာရ
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE .
No comments:
Post a Comment