Monday, April 18, 2011

Quotes (Margaret Thatcher) - ဆိုစကားများ (မာဂရက်သက်ချာ)

(http://en.wikipedia.org/wiki/Margaret_Thatcher)


What Britain needs is an iron lady.
ဗြိတိန်နိုင်ငံ လိုအပ်နေတာဟာ သံမဏိ အမျိုးသမီးပဲ။

This lady is not for turning.
ဒီအမျိုးသမီးက ပြောင်းလဲသွေဖည်မယ့် အမျိုးသမီး မဟုတ်ဘူး။

Any woman who understands the problems of running a home will be nearer to understanding the problems of running a country.
အိမ်ထောင်ထိန်းသိမ်းရတဲ့ အခက်အခဲတွေကို နားလည်တဲ့ အမျိုးသမီးတိုင်းဟာ တိုင်းပြည်အုပ်ချုပ်ရတဲ့ အခက်အခဲတွေကို နာလည်ဖို့ နီးစပ်ပါတယ်။

The battle for women's rights has been largely won.
အမျိုးသမီးအခွင့်အရေး တိုက်ပွဲမှာ အကြီးအကျယ် အောင်မြင်ခဲ့ပါပြီ။

I owe nothing to Women's Lib.
အမျိုးသမီးတွေရဲ့ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ ကျွန်မ အကြွေးကင်းပါတယ်။

If you want something said, ask a man; if you want something done, ask a woman.
အပြောနဲ့ သက်သေပြစေချင်ရင် အမျိုးသားကို ခိုင်းပါ။ အလုပ်နဲ့ သက်သေပြစေချင်ရင် အမျိုးသမီးကို ခိုင်းပါ။

It may be the cock that crows, but it is the hen that lays the eggs.
တွန်တာဟာ ကြက်ဖ ဖြစ်ပါလိမ့်မယ်။ ကြက်ဥ ဥတာကတော့ ကြက်မ ဖြစ်ပါတယ်။

Being powerful is like being a lady. If you have to tell people you are, you aren't.
အာဏာပါဝါ ရှိရတာနဲ့ အမျိုးသမီး ဖြစ်ရတာ အတူတူပါပဲ။ ကိုယ်ဘာလဲဆိုတာ လူတွေသိအောင် လိုက်ပြောပြနေရရင် မဟန်တော့ဘူး။

A world without nuclear weapons would be less stable and more dangerous for all of us.
နျူကလီးယားလက်နက်တွေ မရှိတဲ့ ကမ္ဘာဟာ သိပ်ပြီးတည်ငြိမ်မှာ မဟုတ်တဲ့အပြင် ကျွန်မတို့ အားလုံးအတွက် အန္တရာယ်ပိုကြီးလိမ့်မယ်။

Europe was created by history. America was created by philosophy.
ဥရောပကို သမိုင်းက ဖန်တီးပါတယ်။ အမေရိကကို အတွေးအခေါ်နဲ့ ဖန်တီးပါတယ်။

I am in politics because of the conflict between good and evil, and I believe that in the end good will triumph.
အကောင်းနဲ့အဆိုး ပဋိပက္ခကြောင့် ကျွန်မ နိုင်ငံရေးမှာ ပါဝင်နေပါတယ်။ အဆုံးသတ်မှာ အကောင်းက အောင်ပွဲခံလိမ့်မယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။

It's passionately interesting for me that the things that I learned in a small town, in a very modest home, are just the things that I believe have won the election.
မြို့ငယ်လေး တစ်မြို့မှာ ပညာသင်ခဲ့ရတာ၊ သာမန်အိမ်လေး တစ်အိမ်မှာ နေခဲ့ရတာတွေဟာ ကျွန်မ ရွေးကောက်ပွဲ အနိုင်ရဖို့ အကြောင်းရင်းတွေလို့ ကျွန်မ ယုံကြည်ပါတယ်။ ဒီအချက်ဟာ ကျွန်မအတွက် တကယ့်ကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

I love argument, I love debate. I don't expect anyone just to sit there and agree with me, that's not their job.
ငြင်းရခုန်ရတာကို ကျွန်မ ကြိုက်တယ်။ အခြေအတင်ပြောရတာကို သဘောကျတယ်။ ထိုင်ရုံထိုင်ပြီး ထောက်ခံနေတဲ့သူတွေကို ကျွန်မ မလိုချင်ဘူး။ အဲဒါ သူတို့အလုပ်မှ မဟုတ်တာ။

I usually make up my mind about a man in ten seconds, and I very rarely change it.
ကျွန်မက ထုံးစံအားဖြင့် လူတစ်ယောက်ကို ဆယ်စက္ကန့်အတွင်း စိတ်ထဲမှာ အကဲဖြတ်လိုက်တယ်။ နောက်ပြီး အဲဒီဆုံးဖြတ်ချက်ကို ပြင်ခဲတယ်။

If my critics saw me walking over the Thames they would say it was because I couldn't swim.
ပြစ်တင်ဝေဖန်သူတွေက ကျွန်မ သိမ်းမြစ်ပေါ် ဖြတ်လျှောက်နေတာကို မြင်တယ်ဆိုရင် ကျွန်မ ရေမကူးတတ်လို့ အဲဒီလို လျှောက်ရတာလို့ ပြောကြလိမ့်မယ်။

Pennies do not come from heaven. They have to be earned here on earth.
မူးစပဲစငွေဟာ ကောင်းကင်ဘုံက ကျလာတာ မဟုတ်ပါဘူး။ ဒီမြေကြီးပေါ်မှာ လုပ်ခရတာပါ။

There can be no liberty unless there is economic liberty.
စီးပွားရေး လွပ်လပ်ခွင့် မရှိရင် ဘာလွတ်လပ်ခွင့်မှ မရှိနိုင်ပါဘူး။

You and I come by road or rail, but economists travel on infrastructure.
ရှင်တို့ ကျွန်မတို့က ရိုးရိုးလမ်းနဲ့ ဒါမှမဟုတ် ရထားလမ်းနဲ့ လာကြပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ အခြေခံ အဆောက်အဦတွေပေါ်မှာ ခရီးနှင်ကြပါတယ်။

You don't tell deliberate lies, but sometimes you have to be evasive.
တမင်သက်သက်ကြီးတော့ မလိမ်ညာပါနဲ့။ ဒါပေမယ့် တစ်ခါတစ်ခါတော့ နားဝေတိမ်တောင် လုပ်ဖို့လိုပါတယ်။

You may have to fight a battle more than once to win it.
တိုက်ပွဲတစ်ပွဲ အောင်မြင်ဖို့ တစ်ကြိမ်ထက်မက တိုက်ရနိုင်ပါတယ်။

People think that at the top there isn't much room. They tend to think of it as an Everest. My message is that there is tons of room at the top.
ထိပ်တန်းမှာ နေရာများများ မရှိဘူးလို့ လူတွေက ထင်ကြတယ်။ ဧ၀ရက်တောင်ထိပ်လိုမျိုးဖြစ်မယ် ထင်နေကြတာ။ ကျွန်မပြောမယ် ထိပ်တန်းမှာ နေရာတွေ အများကြီး ရှိပါတယ်။

I do not know anyone who has got to the top without hard work. That is the recipe. It will not always get you to the top, but should get you pretty near.
အလုပ်မကြိုးစားဘဲ ထိပ်တန်းရောက်ခဲ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒါဟာ ဥပဒေသပဲ။ ဒီဥပဒေသက ရှင်တို့ကို ထိပ်ဆုံးရောက်အောင်တော့ လုပ်ပေးမှာ မဟုတ်ဘူး။ အထွတ်အထိပ်နဲ့ တော်တော်လေး နီးစပ်အောင်တော့ လုပ်ပေးနိုင်မှာပါ။

Plan your work for today and every day, then work your plan.
ဒီနေ့အတွက် နဲ့ နေ့တိုင်းအတွက် အလုပ်လုပ်ဖို့ အစီအစဉ်ဆွဲပါ။ စီစဉ်ထားတာကို လုပ်ပါ။

:)
ရှင်အာစာရ

Ref (18 April 2011):
http://www.brainyquote.com/quotes/authors/m/margaret_thatcher.html

Picture from (18 April 2011):
http://upload.wikimedia.org/wikipedia/commons/2/20/Margaret_Thatcher.png

No comments:

Post a Comment