Saturday, April 16, 2011

gtext - ဂျီထက်(ခ်၊စ်၊ထ်)

အ၀ိဒူရေနိဒါန်း 

(အချိန်ဇယား အပြည့်အစုံ ပေးပို့ခြင်း     21 Mar    )

မန်း နပသ ဒုလ္လသင်တန်းအတွက် Online မှ သင်ကြားပို့ချမည့် ဆရာတော်အားလုံး ပြည့်စုံသွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပ့ါသည်။ အောက်ပါအတိုင်းဖြစ်ပါသည်ဘုရား။ Win---Reaseacher Font ဖြစ်ပါသည်ဘုရား။

ရိုသေလေးစားစွာဖြင့်
 ကုမုဒ
လက်ထောက်မော်ကွန်းထိန်း
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသို
လ်
မန္တလေး



သန္တိကေနိဒါန်း

ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖျန်းဖျန်းကျိုးမျှ တန်ခိုးတော် အနန္တနှင့် ပြည့်စုံသူ၊

ကိုယ့်ဂုဏ်ကိုယ် ဖော်ကျူးရာ၌ ခြောက်ခွက်တစ်ခွက်တင် ကျိုရလောက်အောင် မျိုးရိုးလိုက်သည့် ၀ါသနာနှင့်တကွ အထူးတလည် ကျွမ်းကျင်လိမ္မာသူ (ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ စသည်ရှု)၊

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ၀င်ခွင့်စာမေးပွဲဖြေဆိုသူ စာသင်သားတို့ကို ဘလက်(ခ်)လစ်(စ်၊ထ်) ထည့်သွင်း၍ တိုက်တွင်းမှ နှင်ထုတ်သည့်ဓလေ့ ထွန်းကားရှင်သန်ရာဖြစ်သော၊ ဘုရားဝတ်ပြုခြင်း ဒဏ်ထမ်းခြင်း စာအံကျောင်းတက်ခြင်း အစရှိသော နိစ္စဓူဝ အမှုကိစ္စတို့ ပြုလုပ်ရာ၌ နယ်နိုစက္ကန့်ခန့်မျှ နောက်ကျခြင်း အစရှိသော ပြစ်မှုများ ကျူးလွန်သူ စာသင်သားတို့၏ မျက်ခွက်မျက်နှာ (သို့မဟုတ်) မှတ်လောက်သားလောက် အရှက်ရလောက်ရာ ကိုယ်အင်္ဂါတစ်နေရာရာကို လက်သီးစာစသည်ကျွေး၍ ဒဏ်ပေးခြင်း စသည်ဖြင့် ကျောင်းတိုက်တွင်းအကြမ်းဖက်မှုကြီးများကို ကျူးလွန်တော်မူလေ့ရှိသော ရုပ်ရည်ကြမ်းတမ်းသည့် အဘိဝံသဘွဲ့ခံ နာယကဆရာတော်ကြီးတစ်ပါး လျောင်း ထိုင် ရပ် သွား လေးပါးဣရိယာ သာယာစံပျော် သီတင်းတော်မူရာဖြစ်သော၊ ပုဒ်ပြီး ရုပ်ပြီး အတက် အထွက် အစရှိသော ပရိယတ္တိအရာ၌ ကျွမ်းကျင်လိမ္မာသူ ပရိယတ္တိဝိသာရဒ သာသနာ့အာဇာနည် ထေရ် မထေရ် (“ထီ မထီ” ဟုဖတ်ပါ။)အရှင်မြတ်များ အဆက်မပြတ် မွေးဖွားပေးနေရာဖြစ်သော မစိုးရိမ်တိုက်သစ်မည်သော ရွှေကျောင်းတိုက်တော်ကြီး (ဟိုယခင်က ကိုယ်တွေ့ကြုံခဲ့ရသည့် အခြေအနေဟူ၍သာ မှတ်ကြကုန်။ လက်ရှိအခြေအနေကို ငါတို့ မစုံစမ်းနိုင်အား)ကို လွမ်းတသသ ရှိနေသူ (မစိုးရိမ်အလွမ်းများ စသည်ရှု)၊

အရှင်ဝိစိတ္တသာရ (မော်ဒန်)၊ တစ်တန်သညာ ဓမ္မဂင်္ဂါမည်သော သကောင့်သား၊ နာဖျားမမာ ဂိလာန၊ ဘိက္ခနသီလော၊ ယာစနသီလော၏ ဘုရားဟောပါဠိတော်အား လျောက်ပတ်စွာ “ဓမ္မဂင်္ဂါအွန်လိုင်းချက်တင်းဓမ္မသဘင်”ကို ၀ိပါက်ကြမ္မာ မကင်းသာသည့်အလျှောက် ဖတ်ရှုမိ၍ သူ၏ (အဆိုပါ textual - ထက်၊ခ်၊ဇ်၊ ချူရယ်၊လ်၊) ဓမ္မသဘင်ကို ကြည်ညိုလေးမြတ် ဖတ်သလို လုပ်ပြီးသည့်နောက် အလားတူဟု ယူဆအပ် ယူဆသင့် ယူဆထိုက် ယူဆနိုင်သော ကပေါက်တိကပေါက်ချာ အ၀ှာတစ်ခုကို အလိုလို သတိရမိသဖြင့် ထိုအ၀ှာကို ဆိုပေအံ့။


gtext - ဂျီထက်(ခ်၊စ်၊ထ်)

[13 Apr (3 days ago)]

 

အထက်ဖော်ပြပါ အချိန်ဇယားအတိုင်း။
“ဗုဒ္ဓအဘိဓမ္မာ”။

15:30 me: ဟလို
မော်ကွန်းထိန်းဆရာတော်!!!
15:34 Kumuda: အကြောင်းပြန်ပါ
  စာသင်ခန်းထဲရောက်နေပြီ
 me: ဘာပြန်ရမှာလဲ
 Kumuda: မိတ်ဆက်ပြီးပြီ
 me: တင်ပါ
 Kumuda: စာစသင်လို့ရပါပြီ
 me: ရပါပြီ
15:35 Kumuda: သင်ကြားရေးစပါဘုရား
  အလို ရိုက်ပြီးသင်ပါ
  တပည့်တော် ကြားဝင်ပေးမှာပါ
 me: တင်ပါ
15:36 စကားမပြောဘဲ စကားပြန်နဲ့ သင်ရမှာပေါ့
 Kumuda: မှန်ပါ
 me: ဟုတ်လားဘုရား?
 Kumuda: စာရိုက်ပြီးသင်ပါ





15:38 me: ဘယ်လိုကြီးပါလိမ့်





me: တပည့်တော် စာရိုက်တာကို အရှင်ဘုရားက ပါးစပ်နဲ့ ပြောပြတာပေါ့
15:39 Kumuda: မှန်ပါ
 me: တပည့်တော်က ဂျီတော့ဆိုလို့ စကားပြောရမှာ ထင်နေတာ
15:40 စာရိုက်နေရရင် ပြီးပါတော့မလား
  :)
 Kumuda: စာရိုက်ပြီးပါ
  ပြီးသလောက်ပေါ့့ဘုရား



  နားကြပ်မပါဘုရြား
(gtalkကို callလိုက်သည်။)


me: ပြောစရာတွေ စာနဲ့ရိုက်နေရရင် ပြီပါတော့မလား


me: အသံတိတ် အကုန်ရိုက်ပြ စာနဲ့ ရှင်းပြရရင် သေကုန်တော့မှာဘဲ . . . :)
  နောက်နေတာလား
  ဘယ်လိုတွေ စီစဉ်ထားတာလဲ








16:23 Kumuda: ထိုးမောင်းခေါက်နေပြီဘုရား
(ကျောင်းဆင်းခေါင်းလောင်းထိုးပါပြီ။)

me: တင်ပါ။
(တစ်မိနစ်ခန့် အချိန်ခိုး၍ နိဂုံးချုပ်လိုက်သည်။)
16:26 အဘိဓမ္မာတရားတွေ ဘယ်လိုပဲ ရှိနေရှိနေ
  ကောင်းကောင်းနေဖို့
  ကုသိုလ်ရအောင်နေဖို့။
  ဒါပါပဲဘုရား။
 Kumuda: မှန်ပါဘုရား
 me: စကားနဲ့ ပြောမရတဲ့အတွက်
16:27 မမျှော်လင့်ဘဲ ခုလို
  စာနဲ့ ရိုက်နေရတော့
  ထိရောက်မှု မရှိခဲ့တာကို စိတ်မကောင်းပါဘုရား။
  အားလုံးကိုလည်း အားနာပါတယ် ဘုရား။
(စကားပြန်ဆရာတော်က ဒုလ္လဘဆရာတော်များကို ပြန်ပြောပြသည်ဟု ယူ . . .)

  နောက်သင်မယ့်ဆရာတော်တွေကို
16:28 "စာနဲ့ရိုက်ပြရမယ်"
  ဆိုတဲ့အကြောင်း ကြိုပြောထားပါဘုရား။
 Kumuda: အားလုံးက ကျေးဇူးတင်ပါတယ်တဲ့ဘုရား
  ရပ်ပါတော့မယ်ဘုရား
 me: တင်ပါ။
16:29 နောက်သင်မယ့်ဆရာတော်တွေကို
"စာနဲ့ရိုက်ပြရမယ်"ဆိုတာ၊ အခြေအနေ ဒီလိုရှိတယ်ဆိုတာ အကြောင်းကြားဖြစ်အောင် ကြားထားလိုက်ပါဘုရား။
16:30 အခြေအနေနဲ့ လိုက်ဖက်အောင် ကြိုတင် ပြင်ဆင်ထားရင် ပိုပြီး အဆင်ပြေပါလိမ့်မယ် ဘုရား။
  တပည့်တော်က စကားပြောရမယ် ထင်နေတာ။
  တစ်ခြားဆရာတော်တွေလည်း ဒီလိုပဲ ထင်မှာပါဘုရား။

အတွင်းသတင်း အတင်းအဖျင်း

အထက်ဖော်ပြပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ “မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာသမိုင်း”ကို သင်ကြားပို့ချ ဟောကြားတော်မူမည့် မလေး ကပုန်းဆရာတော် ဒေါက်တာအရှင်ဣန္ဒကကို အောက်ပါအတိုင်း အားပေးစကား ပြောကြားရင်း အတွင်းသတင်း အတင်းအဖျင်း ငါ တုတ်၏။

15:19 me: Gtalk ဆိုလို့ ဟုတ်မှတ်တယ်။
တကယ်ကျတော့ Gtextနဲ့ တရားဟောရတာတဲ့။ :(
ပျက်ချော်ချော် တော်တော်နိုင်ပါတယ်။ ကြံမှ ကြံတတ်ပလေ။ :(
စာနဲ့ရိုက်ပြတာကို လက်ထောက်မော်ကွန်းထိန်းဆရာတော်က ဖတ်ပြပြီး စကားပြန် လုပ်တာတဲ့။ ပထမဆုံးနေ့မို့လား
ခုတော့ တိုးတက်လာပြီးလား မသိပါဘူး။
15:20 Indaka: ဘယ်လိုနေမယ်သိသေးဘူး
15:21 me: အိုကေ အိုကေ။
 Indaka: သိပ်တော့ မနိပ်လှပါဘူး။ ရုပ်းလေးပြရရင် တော်သေးတယ်
  :P
15:22 me: အသံဆိုရင်ကို တော်လှပြီ . . .
 Indaka: ခုဟာက ဘာမှန်းကို သိဘူး။ သိတော့ဘူး
15:23 me: Gtalk ခေါ်တော့ earphone မပါတာဆိုလားပဲ။
စပီကာ တစ်လုံးလောက်တော့ မုဆိုးမတောင် တတ်နိုင်တဲ့ဟာကို။
လိုင်းမကောင်းရင်တော့ ထားပါ။
 
Comment

Idea-ပိ ဥပနိဿယပစ္စယေန ပစ္စယော။
Information Technology-ပိ ဥပနိဿယပစ္စယေန ပစ္စယော။
Social, Political, Economic Situation etc.-ျာဒီပိ ဥပနိဿယပစ္စယေန ပစ္စယော။

ပတ္ထနာ

အစိုးရသစ်၏ စီမံခန့်ခွဲမှုအသစ် . . . ဗလစ်ဗလစ် စသည်ကို ထောက်တည်မှီခို၍ သူလိုငါလို ယောင်ဝါးဝါးမဟုတ်သည့် မျိုးဆက်သစ် ရဟန်းတော်များ ခေတ်အားလျော်စွာ သာသနာပြုတော်မူနိုင်ကြပါစေကုန်သတည်း။

:)
ရှင်အာစာရ

ဖြည့်စွက်ချက် (21 Apr 2011) -

No comments:

Post a Comment